အမေရိကန်နိုင်ငံ ကက်သလစ်တက္ကသိုလ်မှကျောင်း သားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံရ

အမေရိကန်နိုင်ငံ ကက်သလစ်တက္ကသိုလ်မှကျောင်း သားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံရ

ကက်သလစ်တက္ကသိုလ်မှကျောင်း သားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံရ

လွန်ခဲ့သော တနင်္ဂနွေညက အမေရိကန်နိုင်ငံ၊နယူးဂျာစီပြည်နယ်၊ဝါရှင်တန်ဒီစီတွင် ကက်သလစ်တက္က သိုလ်ရှိကျောင်းသားတစ်ဦးကို သေနတ်သမားက လုပ်ကြံသတ်ဖြတ်ခဲ့သည်။အဆိုပါကျောင်းသားသည် အမေရိကန်ကက်သလစ်တက္ကသိုလ်မှဖြစ်ပြီး သူ၏မိခင်မှာ တရားသူကြီးဖြစ်သည်။

ဒယ်နီအဲလ် အန်ဒဲလ် သည် အသက် ၂၀ရှိပြီဖြစ်ပြီး တစ်ဦးတည်းသော သားဖြစ်ကာ မိဘများ၏ဥပဒေနှင့်တရားစီရင်ရေးနယ်ပယ်ကို စိတ်၀င်စားသူဖြစ် သည်။ဇူလိုင်လ၂၀ရက်နေ့တွင် သူ၏အောက်မေ့ဖွယ် အခမ်းအနားကို ပြုလုပ်ခဲ့ပြီး တက္ကသိုလ်၏ဝိညာဉ်ရေးတာ၀န်ခံ ဘုန်းတော်ကြီးက မစ္ဆားတရားပူဇော် ပေးခဲ့သလို တက္ကသိုလ် မိသား စုမှ လည်း သတိတယ စကားများ လူမှုကွန်ယက်၌ ရေးသားခဲ့ကြသည်။

အခင်းဖြစ်ပွားသည့်ညတွင် နယူးဂျာစီပြည်နယ်၊ဘရန်းဝှစ်ရှိဒယ်နီအဲလ်တို့၏နေအိမ်သို့ အစားအ သောက်၀န်ဆောင်မှုလုပ်ငန်ူမှ ကားတစ်စီးရောက်လာခဲ့သည်။လူသတ်သမားသည် အစား အသောက်၀န်ထမ်းဝတ်စုံဖြင့် တံခါးကိုခေါက်ခဲ့ပြီး တံခါးဖွင့်ပေးသော ဒယ်နီအဲလ်ကို အရင်ဦးစွာပစ်ခတ်ခဲ့သည်။ထို့နောက် ဖခင်ဖြစ်သူကိုပါ တိုက်ခိုက်ပြီး ဖခင်မှာ သေနတ်ဒဏ် ရာပြင်းထန်စွာရှိခဲ့သည်။သို့သော် မှုခင်းလျှော့ချရေးတရားသူကြီးဖြစ်သော မိခင်မှာမူ လွတ်မြောက်ခဲ့သည်။

သေနတ်သမား၏အဓိကပစ်မှတ်သည် မိခင်ဖြစ်သူ တရားသူကြီးဖြစ်နိုင်သည်ဟု ပြည်သူများက ထင် ကြေးပေးနေကြသည်။အဘယ်ကြောင့်ဆိုသော် သူမသည် နယူးဂျာစီပြည်နယ်၏ထင်ရှားသောဥပဒေ၀န်ထမ်းဖြစ်ပြီး မူးယစ်ဆေးဝါးအမှုစသော မှုခင်းပေါင်းများစွာကို ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သောကြောင့် အမေရိကန်သမ္မတ ဟောင်းအိုဘားမားက ၂၀၁၀ တွင် ရာထူးတိုးပေးခြင်း ခံရသူဖြစ်သည်။

သာသာပြန်-Agnes Lawh Lun
Photo Credit:Bumble Dee/Shutterstock/ 

#cna

https://bit.ly/30pN6As

Add new comment

3 + 13 =