အမေရိကန်နိုင်ငံ၏ အတွင်းရေးမှူး ဗာတီကန်သို့လာရောက်လည်ပတ်မည်။

အမေရိကန်နိုင်ငံ၏ အတွင်းရေးမှူး ဗာတီကန်သို့လာရောက်လည်ပတ်မည်။

အမေရိကန်နိုင်ငံ၏ အတွင်းရေးမှူး ဗာတီကန်သို့လာရောက်လည်ပတ်မည်။

            အမေရိကန်နိုင်ငံ၏ သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးအထူးကိုယ်စားလှယ် John Kerry ကရဟန်းမင်းကြီး အားဖူးတွေ့ခဲ့ပြီးနောက် အမေရိကန်နိုင်ငံ၏အတွင်းရေးမှူး Antony Blinken ကလည်းဗာတီကန်သို့လာရောက်လည် ပတ်မည်ဖြစ်သည်။

ယခု၀န်ကြီးနှင့်ဆိုလျှင် အမေရိကန်သမ္မတဂျိုးဘိုင်ဒင် သမ္မတအဖြစ်ဆက်ခံပြီးချိန်မှစ၍ယနေ့ထိ သူ ၏၀န်ကြီး (၂) ပါးသည် ဗာတီကန်သို့ရှေ့ဆင့်နောက်ဆင့်လာရောက်ခြင်းဖြစ်သည်။

အမေရိကန်နိုင်ငံ၏အတွင်းရေးမှူး သည်ဥရောပ၌ ဇွန်လ (၂၂ မှ ၂၉) ရက်နေ့အထိရှိမည်ဖြစ်သည်။ အမေရိကန်အစိုးရ၏သတင်းထုတ်ပြန်ချက်၌ အမေရိ ကန်နိုင်ငံ၏အတွင်းရေးမှူးသည် ဗာတီကန်မှတာ၀န်ရှိသူများနှင့်တွေ့ဆုံ၍ ဘာသာရေးလွှတ်လပ်မူ၊ လွှတ်လပ်စွာသက် ၀င်ယုံကြည်မူနှင့်ကမ္ဘာကြီးပူနွေးလာမူအရေးများနှင့်ပတ်သက်၍အဘယ်သို့ပူးတွဲလုပ်ဆောင်နိုင်မည်တို့ကိုဆွေးနွေးကြ မည်ဖြစ်ကြောင်းပြောကြားထားသည်။

ဖြစ်နိုင်ချေအရှိဆုံးမှာ ဗာတီကန်၏အတွင်းရေးမှူးဖြစ်သော ကာဒီနယ် Pietro Parolin နှင့်နိုင်ငံတကာဆက်ဆံရေး၀န်ကြီးဌာန၏အတွင်းရေးမှူးဖြစ်သောဂိုဏ်းချုပ်ဆရာတော် Paul Gallagher နှင့်လည်းတွေ့ဆုံဖွယ်ရှိသည်ဟုဆိုပါသည်။ အောက်တိုဘာလက အမေရိကန်နိုင်ငံ၏အတွင်းရေးမှူး Mike Pompeo ကလည်း ဗာတီကန်သို့အလည်အပတ်လာရောက်ခဲ့သည်။ သို့သော်ရဟန်းမင်းကြီးနှင့်တွေ့ဆုံခဲ့ခြင်းမရှိခဲ့ပေ။

ယခုအ လည်ပတ်သည် ပြီးခဲ့သောဇန္န၀ါရီလမှမှ လစ်လပ်နေသောဗာတီကန်အတွက် အမေရိကန်သံအမတ်အသစ် ကိုခန့်အပ်ရန်အကြောင်းလည်းပါ၀င်မည်ဟုခန့်မှန်းကြသည်။     

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3cSZMa5

Add new comment

11 + 4 =