အမေရိကန်နိုင်ငံ၊ ဖရောရီဒါပြည်နယ်မှလူတစ်ဦးဘုရားရှိခိုးသူများရှိနေစဉ်မီးတင်ရှို့ခဲ့

အမေရိကန်နိုင်ငံ၊ ဖရောရီဒါပြည်နယ်မှလူတစ်ဦးဘုရားရှိခိုးသူများရှိနေစဉ်မီးတင်ရှို့ခဲ့

အမေရိကန်နိုင်ငံ၊ ဖရောရီဒါပြည်နယ်မှလူတစ်ဦးဘုရားရှိခိုးသူများရှိနေစဉ်မီးတင်ရှို့ခဲ့

ပြီးခဲ့သောစနေနေ့ (ဇူလိုင်လ ၁၁) ရက်နေ့က အမေရိကန်နိုင်ငံ၊ ဖရောရီဒါပြည်နယ်မှလူတစ်ဦးသည်ငြိမ်းချမ်း ခြင်း၏မယ်တော်ကက်သ လစ်ဘုရားကျောင်းကို နံနက် (၇:၃၀) ခန့်တွင်မီးတင်ရှို့မူဖြစ်ပွားခဲ့သည်။ ထိုစဉ်၌နံနက် မစ္ဆားပူဇော်ရန် ဘုရားရှိခိုးလာကြသူများသည်ဘုရားကျောင်းထဲ၌ရှိနေခဲ့သည်။ မီးရှို့ရန်ကြံစည်သောသူသည်ဘုရား ကျောင်း၏အရှေ့တံခါးကိုခွဲ၍၀င်ရောက်လာကာကြံစည်ခဲ့သည်။ ထိုလူကိုတာ၀န်ရှိသူများက ကားဖြင့်လိုက်လံဖမ်းဆီးရာဖမ်းဆီးရမိခဲ့သည်။ ပြစ်မူကျူးလွန်သူ၏အမည်နှင့်စွဲချက်တင်ထားသောပြစ်မှုများကိုထုတ်ဖော်ခြင်းမရှိသေးပေ။

ဒေသ သတင်း၌မူအရက်စွဲနေသူအဖြစ်ထုတ်ဖော်ထားသည်။ အဘယ်သူမျှထိခိုက်ဒဏ်ရာမရရှိခဲ့သောကြောင့်ဘုရားသခင်ကို ကျေးဇူးတင်ပါကြောင်း၊ ဤပြစ်မှုကျူးလွန်သူအတွက်လည်းဆုတောင်းပေးပါကြောင်း၊ ဘုရားသခင်၏ငြိမ်ချမ်းခြင်းကို ကျွန်ုပ်တို့ပိုမိုသိလာပါစေကြောင်းကျောင်းထိုင်ဘုန်းတော်ကြီး O’Doherty ကပြောကြားခဲ့သည်။ ထိုသို့ဖြစ်ပွားပြီးနောက် ထိခိုက်ဒဏ်ရာရသူအဘယ်သူမျှမရှိ၊ မဖြစ်ခဲ့၍နံနက်မစ္ဆားပူဇော်ခြင်းကိုပုံမှန်အတိုင်းပူဇော်ခဲ့ကြသည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of : National Catholic Register

https://bit.ly/3j48GD9

Add new comment

5 + 6 =