Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
အမေရိကန်ဆရာတော်ကြီးများ ရွေးချယ်ခံထားရသောအမေရိကန်သမ္မတကိုကြိုဆိုလိုက်ပြီး၊ ညီညွှတ်ကြရန်အချိန်တန်ပြီဟု ပြောကြား
အမေရိကန်ဆရာတော်ကြီးများ ရွေးချယ်ခံထားရသောအမေရိကန်သမ္မတကိုကြိုဆိုလိုက်ပြီး၊ ညီညွှတ်ကြရန်အချိန်တန်ပြီဟု ပြောကြား
ဂိုဏ်းချုပ်ဆရာတော် Gomez သည် ယခုရွေး ကောက်ပွဲ၌အနိုင်ရထားသော ဒီမိုကရက်တစ်သမ္မတအားဂုဏ်ယူ၀မ်းမြောက် ကြောင်းနုတ်ဆက်စကားပြောကြားပြီး၊ အမေရိကန်သမ္မတသမိုင်း၌သမ္မတဂျွန်အက်ဖ်ကနေဒီပြီးလျင် ဒုတိယသမ္မတဖြစ်သည်။
လွတ်လပ်ခြင်းကောင်းကြီး တော်အတွက် ဘုရား သခင်ကိုကျေးဇူးတင်ကြောင်းဖြင့် ယခုရွေးကောက်ပွဲ၌အမေရိကန်ပြည်သူများပြော ကြားခဲ သည်။ လက်ရှိအခြေအနေသည် ကျွန်ုပ်တို့ခေါင်းဆောင်များအတွက် အမျိုးသားညီညွှတ်ရေးအတွက်အတူတကွလုပ်ဆောင် သင့်ကြောင်းနှင့် ၄င်းတို့အချင်းချင်းတွေ့ဆုံဆွေးနွေးခြင်းကိုပြုသင့်ကြောင်း၊ အားလုံးအတွက်အကျိုးရှိမည့်အလျော့အတင်းကိုပြုလုပ် သင့်ကြောင်း၊ ကက် သလစ်ဘာသာ၀င်များလည်းဖြစ်ပြီး၊ အမေရိကန်နိုင်ငံသားများအနေဖြင့် ကျွန်ုပ်တို့၏ဦး စားပေးနှင့်နှင့်တာ၀န်မှာအ လွန်ရှင်းပါသည်။ ကျွန်ုပ်တို့ သည်ယေဇူးသခင်၏ နောက် သို့လိုက်ရန်ဖြစ်ကြောင်း၊ သူ၏ချစ်ခြင်းကိုကျွန်ုပ်တို့၏ အသက်တာ၌သက် သေခံရန်ဖြစ်ကြောင်း၊ ထို့နောက်သူ၏နိုင်ငံတော်ကိုကမ္ဘာပေါ် ၌တည်ဆောက်ရန်ဖြစ်ကြောင်း၊ ကျွန်ုပ်ယုံကြည်သည်မှာ လက်ရှိအမေ ရိကန်သမိုင်း၌ကက်သလစ်များ သည်ငြိမ်းချမ်းရေးတည် ဆောက်ခြင်း၊ ညီအစ်ကိုရင်း ချာစိတ်တည်ဆောက်ခြင်း၊ အချင်းချင်းလေး စားခြင်း၊ နိုင်ငံကိုချစ်သောစိတ်များကိုပြန်လည်ဆန်းစစ်ပြီး၊ ဆန်းသစ်ခြင်းသည်အမေရိကန်ကက်သလစ် တို့၏တာ၀န်တစ်ရပ်ဖြစ် သည်။
ဒီမိုကရေစီစနစ်သည် နိုင်ငံ သားတိုင်းပါရမီပြည့်သူ၊ စည်း ကမ်းရှိသူအဖြစ်ကျင့်ကြံ၍ ရှင်သန်ရမည်ဖြစ်သည်။ လွှတ်လပ်သော ထုတ်ဖော်ပြောဆိုချက်ကိုလည်းလေးစားရမည်။ ဥပဒေ၊ မူ၀ါဒများနှင့်ပတ် သက်၍သဘောထား၊ အယူအဆများမတူညီသော်လည်း အချင်းချင်းကိုချစ်ခြင်း၌ယဉ် ကျေးစွာပြောဆိုဆက်ဆံရမည်။ ဤသို့ပြုခြင်းဖြင့်ဂျိုးဇက်အာရ်ဘိုင်ဒင်သည် အမေရိကန်နိုင်ငံ၏ (၄၆) ဦးမြောက်သမ္မတဖြစ်လာရန်မဲရခဲ့ခြင်းဖြစ်သည်။ သူအားအမေရိကန်သမ္မတများအ နက်ဂျွန်အက်ဖ်ကနေဒီပြီးလျှင်အမေရိကန်နိုင်ငံ ၏ဒုတိယကက်သလစ်သမ္ဖတအဖြစ်ဂုဏ်ပြုပါသည်။ အသိအမှတ်ပြုပါသည်။ ထို့အ တူကယ်လီဖိုးနီးယားမှလွှတ် တော်အမတ် Kamala D. Harris ကိုလည်းဂုဏ်ပြုပါ သည်။ အဘယ်ကြောင့်ဆိုသော်ပထမဦးဆုံးသောအမျိုး သမီးဒုသမ္မတဖြစ်လာသော ကြောင့်ဖြစ် ပါသည်။
အမိမယ်တော်၏မှိုင်းမမူကို အမေရိကန်ပြည်ထောင်စုကြီးခံစားရစေရန်တောင်းခံပေးပါသည်။ မယ်တော်သည်ကျွန်ုပ်တို့ နိုင်ငံသားများကိုကိုအတူပူးပေါင်း၍အမေရိကန်အားတည်ထောင်ခဲ့သောသာသနာပြုတို့၏စိတ်ကူး စိတ်သန်းများကိုလက်တွေ့ဖော် ဆောင်နိုင်ရန်ကူညီပေးစေတော်မူပါ။ အမေရိကန်ပြည်ထောင်စုသည် ဘုရား သခင်၏အရိပ်အာ၀ါသအောက်၌တစ်မျိုးသားတည်း ဖြစ်သည်။ ဘုရားသခင်သည်လူသားထု၏သန့်ရှင်းစင် ကြယ်ခြင်းနှင့်လွှတ်လပ်သောအယူအဆများကိုကာကွယ်ပေးသူ၊ ဘာသာရေး ကိုစောင့်ရှောက်ပေးသူဖြစ်သည်။
ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်
https://bit.ly/3kcaWaM
Add new comment