အမေရိကန်ကက်သလစ်ဆရာ တော်ကြီးများကက် သလစ်စာ သင်ကျောင်းများ၏အရေးပေါ်လိုအပ် ချက်ကိုဖြန်​ဖြေပေး

အမေရိကန်ကက်သလစ်ဆရာ တော်ကြီးများကက် သလစ်စာ သင်ကျောင်းများ၏အရေးပေါ်လိုအပ် ချက်ကိုဖြန်​ဖြေပေး

အမေရိကန်ကက်သလစ်ဆရာ တော်ကြီးများအဖွဲ့ချုပ်သည် နောက်တစ်ကြိမ်ရေးဆွဲမည့်ကိုဗစ် (၁၉) အကူအ ညီပေးရေးအစီအစဉ်၌ အမေရိကန်နိုင်ငံတွင်ဖွင့်လှစ်ထားသော ကက်သ လစ် ကျောင်းများ၏ အရေးပေါ်လိုအပ်ချက်ကို လည်းထည့်သွင်းစဉ်းစားပေးရန်လွှတ်တော်သို့တိုက်ရိုက်လျှောက်ထားလိုက်သည်။

လွှတ်တော်သို့ပေးပို့သောစာကိုပြီး ခဲ့သောကြာသပတေးနေ့ကထုတ်ပြန်ခဲ့သည်။ ထိုစာ၌အမေရိကန်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ ဥက္ကဌဖြစ်သောလော့စ် အိန်ဂျဲလ်ဂိုဏ်း ချုပ်ဆရာတော် José H. Gomez ၊ ဘောစတွန်သာသနာ ၏ကာဒီနယ် Seán P. O’Malley ၊ Galveston-Houston သာသ နာ၏ကာဒီနယ် Daniel N. DiNardo၊ နူးယော့ခ်ဂိုဏ်း ချုပ်သာသနာ၏ကာဒီနယ် Timothy M. Dolan၊ ချီကာဂိုသာသနာ ၏ကာဒီနယ် Blasé J. Cupich၊ Newark သာသနာ၏ကာဒီနယ် Joseph W. Tobin၊ Oakland သာသနာ ၏ဆရာတော် Michael C. Barber တို့နှင့်အမေရိကန်ကက်သလစ်ပညာရေးကော်မ တီ ၏ဥက္ကဌတို့ကအသီးသီးလက်မှတ် ရေးထိုးပေးပို့ခဲ့ကြသည်။

စီးပွားရေးအကြပ်အတည်းသည် အမေရိကန်ရှိမိသားစုများစွာကိုရိုက်ခတ်သွားစေ သည်။ ထို့ကြောင့် ၄င်းသားသ မီးများအတွက်ကျောင်းစရိတ်ပေးရန်မတတ်နိုင်အောင်ဖြစ်စေခဲ့သည်။ နောက်ဆက်တွဲအနေ ဖြင့် ကက်သလစ်ကျောင်း ပေါင်း (၁၄၀) ခန့်လုံးပိတ်သိမ်းရတော့မည့်အနေ အထားသို့ရောက်နေပြီး၊ နွေ ကျောင်းပိတ်ရက်၌အချိန်ပိုဖွင့်လှစ်သည့်အစီအစဉ်ကိုလည်းမဖွင့်နိုင်တော့သည့်ကျောင်းများစွာလည်းရှိနေသည်။

မြို့နေလူတန်းစားကိုအခြေခံ ၍ဖွင့်လှစ်ထားသော ကျောင်းများသို့၀င်ငွေနိမ့်သောမိသား စု၏သားသမီးများအနေဖြင့်အဘယ်သို့မျှမဖြစ်နိုင်။ အထူး သဖြင့်လူမဲကလေးများ တက်ရောက်သောကျောင်းများ သည်အဘယ်သို့မျှမဖြစ်နိုင်ပေ။ ထို့အတူကျောင်းကော် မတီ၊ ကျောင်း၀န်ထမ်းများ၊ ကျောင်းနှင့်တွဲဖက်၍ရင်းနှီးမြှုပ်နှံထားသောလုပ်ငန်းရှင်များအတွက်လည်းအကြပ်အတည်းအခက်အခဲကြုံစေ သည်။ အထူးသဖြင့်ဒေသန္တရအခွန်ပေးဆောင်မူကိုများစွာထိခိုက်ဆိုးရွားသွားစေနိုင် သည်။ အဘယ် ကြောင့်ဆိုသော်ကျောင်း သူကျောင်း သားတိုင်သည်ကက်သလစ်ကျောင်း ၊ သို့မဟုတ်ကက်သ လစ်မဟုတ်သောကျောင်းများသို့ဒေါ်လာထောင်ချီ၍ အခွန် ပေး ဆောင်ရသည်။ အမေရိကန်တစ်နိုင်ငံလုံးအတိုင်း အတာဖြင့်ကြည့်လျှင် ကက်သ လစ်စာသင်ကျောင်းသည်အစိုး ရအားဒေါ်လာ (၂၀) ဘီလီယံခန့်နှစ်စဉ်ရှာဖွေပေးလျှက်ရှိ ကြောင်းအစီ ရင်ခံစာတွင်ထည့်သွင်းဖော်ပြထားသည်။ ရာစုနှစ်စုမျှ ကက်သလစ်ကျောင်းများသည် ပညာရေးဖြင့်ပြည်သူတို့၏အကျိုးကိုသယ်ပိုးရွက်ဆောင်ခဲ့ကြောင်း၊ ဤသို့သယ်ပိုးရာတွင်ဘာသာ၊ လူမျိုး၊ လူမူရေးနောက်ခံမထာက်ခဲ့ပေ။ ကက်သလစ်ကျောင်းမှပေးသောပညာရေးသည် အခြေခံလူတန်းစားမှအလတ်တန်းစားများအတွက်သေခြာသောပညာရေးလမ်းကြောင်းဖြစ်သည်ဟုမှတ်ချက်ပြုကြသည်။

တစ်နိုင်ငံလုံးအတိုင်းအတာနှင့်ကျောင်းများစွာပိတ်ရမည့်အခြေအနေ၌ အစိုးရကျောင်းများအားထောက် ၁၀ ရာခိုင်နှုန်း ထောက်ပံ့သကဲ့သို့အစိုးရမှဖွင့်လှစ်ထားခြင်းမဟုတ်သောကျောင်းများကိုလည်းထောင်ပံ့ပေးရန်တောင်းခံခဲ့သည်။ ဤသို့ ထောက်ပံ့ပေးခြင်းသည်ကျောင်းပိတ်ရန်ဆန္ဒမရှိသောကက်သလစ်ကျောင်းများနှင့်အစိုးရမဟုတ်သောကျောင်းများအနေ ဖြင့်ကျောင်းပြန်လည်ဖွင့်လှစ်နိုင်ခြေကိုပေးသည်။ အဘယ်ကြောင့်ဆိုသော်မိသားစုများသည် မိသားစုများသည်မိမိတို့၏ ကလေးကိုထိုကျောင်းများသို့ပို့နိုင်သောကြောင့်ဖြစ်သည်။ အစိုးရမဟုတ်သောကျောင်းများကိုလည်း အစိုးရမှဖွင့်လှစ် ထားသောကျောင်းများနည်းတူထောက်ပံ့ပေးမည်ဆိုပါ ကက်သလစ်ကျောင်းပညာရေးကိုအထူးလိုလားသောမိဘများအ နေဖြင့်၄င်းတို့၏သားသမီးများကိုပညာရေးကောင်းမွေများထားပေးခဲ့နိုင်မည်ဖြစ်သည်။ ၄င်းအပြင်ကက်သလစ်ကျောင်း များပိတ်လိုက်ခြင်းကြောင့် ဖွင့်လှစ်နေသောကျောင်းများ၌ကျောင်းသားကျောင်းသူဦးရေတိုးလာခြင်းကြောင့် ဒေသန္တာရ အစိုးရအတွက်လည်းအကြပ်အတည်းဖြစ်နိုင်၊ ကျောင်းသားနှင့်ဆရာ၊ ဆရာမအချိုးမမျှသောအခြေအနေကိုလည်းကြုံ တွေ့လာစေနိုင်ကြောင်း၊ အမေရိကန်ကက်သလစ်ပညာရေးပူးပေါင်းအဖွဲ့၏ စစ်တမ်းအရလက်ရှိ၌ ကက်သလစ်ကျောင်း များတွင်စာရင်းပေး သွင်းထားသောကျောင်းသူကျောင်းသားဦးရေမှာ ကျောင်းပေါင်း (၆၁၈၃) အနက် (၁၇၃၇၂၉၇) ရှိပြီး၊ တစ်နိုင်ငံလုံး၏ရာခိုင်နှုန်းအရတွက်ချက်မည်ဆိုပါလျှင် (၂၁.၈) ရာ ခိုင်နှုန်းရှိသည်ဟုဆရာတော်များ အဖွဲ့ချုပ်ကတင်ပြ ထားသည်။

ဘာသာပြန် - ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/2XQ51Qq

Add new comment

1 + 9 =