အမေရိကန်ကက်သလစ်ဆရာတော်ကြီးများက တိုရွမ်တိုမုန်တိုင်း ဒုက္ခသည်များ အတွက် ဆုတောင်းပေးနေကြောင်း ရဟန်းမင်းကြီးမိန့်ကြား

အမေရိကန်ကက်သလစ်ဆရာတော်ကြီးများက တိုရွမ်တိုမုန်တိုင်း ဒုက္ခသည်များ အတွက် ဆုတောင်းပေးနေကြောင်း ရဟန်းမင်းကြီးမိန့်ကြား

အမေရိကန်ကက်သလစ်ဆရာတော်ကြီးများက တိုရွမ်တိုမုန်တိုင်း ဒုက္ခသည်များ အတွက် ဆုတောင်းပေးနေကြောင်း ရဟန်းမင်းကြီးမိန့်ကြား

 

            ပြီးခဲ့သော အာဒ်၀င်တူးကာလ တတိယပတ်တနဂ်နွေနေ့မွန်းတည်းချိန် အန်ဂျေလူးဆုတောင်း၌ ပုပ်ရဟန်းမင်း ကြီးဖရန်စစ်က အမေရိကန်ပြည်ထောင်စုအတွင်း အနည်းဆုံး ပြည်နယ် (၅) ခုကိုတိုက် ခတ်သွားတို ရွန်တိုမုန်တိုင်း ဒုက္ခသည်များအတွက်ဆုတောင်းပေးနေကြောင်း၊ အပျက်အစီး လည်းများခဲ့ကြောင်း၊ ပြည်သူတို့အား စိတ်ဒဏ်ရာများ လည်း ချန်ရစ်ခဲ့ကြောင်းမိန့်ကြားခဲ့သည်။ 

 

ညီညီညွှတ်ညွှတ်ဆုတောင်းကြစို့။

            ဤမုန်တိုင်းကြောင့် ကင်တူဂီပြည်နယ်၌ သေဆုံးသူဦးရေ (၂၀) ကျော်ရှိခဲ့သည်။ ပြည်နယ်အစိုးရ၏ထုတ်ပြန် ချက်အရ သေဆုံးသူဦးရေ (၁၀၀) အထိရှိနိုင်ကြောင်း၊ Mayfield မြို့၊ ဖယောင်းတိုင်စက် ရုံတစ်ခုမှ  အယောက်လေး (၄၀) ကိုကယ်ထုတ်ပေးနိုင်ခဲ့ကြောင်း၊ သို့သော် အယောက် (၇၀) ခန့်မှာ လေဗွေ‌မွေ့ချိန်၌သေဆုံးနိုင်ချေရှိကြောင်း၊ အခြားသောပြည်နယ် (၄) ခု၌လည်း ဤမုန်တိုင်းသည် လူအယောက် (၃၀) ကိုသေဆုံးစေခဲ့ကြောင်း

            မုန်းတိုင်း၏ရိုက်ခတ်မူအလွန်ဆိုးရွားခဲ့သော Owensboro သာသနာ၏ ဆရာတော် William Medley က ကက် သလစ်ဘာသာတူများအား မုန်တိုင်းကြောင့် အသက်ဆုံးရှုံးခဲ့ကြရသောသူတို့အတွက် ဆုတောင်းခြင်း၌စည်းလုံးကြ ရန်’ ပန်ကြားခဲ့သည်။ စနေနေ့ကထုတ်ပြန်သော သူ၏ကြေညာချက်၌ ‘ယခုကဲ့သို့သော သဘာ၀ဘေးဒဏ်ဖြစ်ပွားမှု၌ သာသနာအတွင်းရှိ သာသနာအုပ်စုအသီးသီးအား အလှူငွေများကောက်ခံ၍ မုန်တိုင်းဒုက္ခသည်များအားကူညီပေးကြ ရန်၊ သာသနာပိုင် ကရီတာ့စ် အနေဖြင့်မူ အရေးပေါ်အကူအညီလိုအပ်နေသူများအားအား ချက်ချင်းကူညီရန်အသင့်ရှိ နေကြောင်း၊ပြောကြားခဲ့သည်။

 

ငြိမ်းချမ်းခြင်း၊ နှစ်သိမ့်အားပေးခြင်းနှင့်မျှော်လင့်ခြင်းအတွက်ဆုတောင်းမေတ္တာ

            တစ်နိုင်ငံလုံးအတိုင်းအတာနှင့်မူ အမေရိကန် ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ ဥက္ကဌဖြစ်သူ လော့စ်အိန်ဂျဲလ်စ် ဂိုဏ်းချုပ်သာသနာပိုင်ဆရာတော် José Gomez နှင့်ပြည်တွင်း၌ တရားမျှတခြင်းနှင့်လူမှုဘ၀ဖွံ့ ဖြိုးရေးတာ၀န်ခံ Oklahoma ဂိုဏ်းချုပ်ဆရာတော် Paul Coakley ကလည်းမုန်တိုင်းကြောင့်အသက်ပျောက်ခဲ့ကြရ သူ များ၊ ထိခိုက်ဒဏ်ရာရခဲ့ကြ သူများနှင့်ကွယ် လွန်သွားခဲ့သော၊ အိမ်များဆုံးရှုံးပျက်စီးခဲ့သောသူတို့အတွက် ပူဆွေး၀မ်း နည်းနေကြသော မိသားစု၀င်တို့၏အမျိုးများ၊ အိမ်နီးနားချင်းများအတွက်ဆုတောင်းပေးပါကြောင်း၊ မုန်တိုင်း၏ရိုက် ခတ်မူကိုခံရပြီးအသက်ရှင်ကျန်ရစ်နေသူများအားလုံးလည်း ယုံကြည်ခြင်း၌ ငြိမ်သက်ခြင်း၊ နှစ်သိမ့်ခြင်း၊ မျှော်လင့် ခြင်းများရရှိခံစားကြရပါစေ။ ဘုရားသခင်မဆုံးနိုင်သောမေတ္တာကိုလည်းရရှိခံစားနိုင်ကြစေရန်၊ အရေးပေါ်လိုအပ် ချက်များကိုလည်း အမြန်ဆုံးကူညီဆောင်ရွက်ပေးနိုင်ရန်၊ ကူညီဆောင်ရွက်ပေးနေကြသောသူများလည်း ဘေးကင်း ကြစေရန်၊ အတိဒုက္ခကျရောက်နေသော ကျွန်ုပ်တို့၏ညီအစ်ကိုမောင်နှမများအားလုံးကိုလည်း အမိမယ်တော်ထံအပ် နှံပူဇော်ပေးပါကြောင်း၊ အမိမယ်တော်၏ စဉ်ဆက်မပြတ်သောကွယ်ကာခြင်း၊ ကြား၀င်ဆုတောင်းခြင်း၊ ဝေဒနာခံစား နေရသူများအတွက် ကြား၀င်ဆုတောင်းပေးရန်တောင်းခံပေးလျှက်ရှိကြောင်း’ ကြေညာချက်ထဲတွင်ရေး သားဖော်ပြ ထားပါသည်။

 

RVA ဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3E2peon

Add new comment

4 + 5 =