အမေဇုံမှ ရဟန်းဖြစ်သင်ကျောင်းသား ၊ အဖိုးနှင့်အတူ ငါးဖမ်းထွက်သည့် ဘဝမှ လူကိုဖမ်းမည့် တံငါသည်ဘဝသို့ စတင်

အမေဇုံမှ ရဟန်းဖြစ်သင်ကျောင်းသား ၊ အဖိုးနှင့်အတူ ငါးဖမ်းထွက်သည့် ဘဝမှ လူကိုဖမ်းမည့် တံငါသည်ဘဝသို့ စတင်

အမေဇုံမှ ရဟန်းဖြစ်သင်ကျောင်းသား ၊ အဖိုးနှင့်အတူ ငါးဖမ်းထွက်သည့် ဘဝမှ လူကိုဖမ်းမည့် တံငါသည်ဘဝသို့ စတင်

 

ကက်သလစ်ရဟန်းတော် အလွန်နည်းပါးသည့် အမေဇုံဒေသတွင် အသင်းတော်ကို ကူညီရန်အတွက် ရဟန်းဖြစ်သင်ကျောင်းသားများကို အထောက်အပံ့ပြုပေးရန် အလွန်ပင်လိုအပ်လှပါတယ်ဟု Rolisson Afonso က ထောက်ပြထားပါတယ်။

အမေဇုံတောနက် မြစ်ကမ်းနံဘေးရှိ Manaus မြို့လေးမှ စိန့်ဂျိုးဇက် ရဟန်းဖြစ်သင်ကျောင်းလေး Rolisson Afonso ဟာ Santa Isabel မှ ကီလို ၆၀၀ကျော် ဝေးကွာသည့် ထိုမြစ်ဘေးမြို့လေးမှာပင် စတင်ခဲ့ပါတယ်။

သူရဲ့အမေဇုံအမှတ်တရတွေကတော့ ခုထိတိုင် မှတ်မိနေဆဲပါ၊ သူပြောပြတာက "ကျနော့်ကို Manaus မြို့လေးမှာမွေးခဲ့ပြီး ကျနော်ကို ပြုစုစောင့်ရှောက်ဖို့ ကျနော့်အမေက အသက်ငယ်ရွယ်လွန်းနေခဲ့ပါတယ်၊ ငွေကြေးအခက်ခဲတွေလည်း ရှိခဲ့တာပေါ့၊ ဒါ့ကြောင့် ကျနော့်ကို အဖိုးအဖွားတွေနဲ့ အတူသွားနေဖို့ Santa Isabel မြို့ကို ပို့ခံရပါတယ်၊ ကျနော့် အဖိုးအဖွားတွေက ဘာသာတရားကိုင်းရှိုင်းတဲ့ ကက်သလစ်တွေပါ၊ သူတို့တွေက စာမရေးမဖတ်တတ်ပေမယ့် ကျနော်တို့တွေ နေ့စဉ်ဆုတောင်းကြတယ်၊ သမ္မာကျမ်းစာကို ထောက်ရှု့ကြတယ်၊ စိပ်ပုတီးစိပ်ပြီး, တနင်္ဂနွေနေ့တိုင်း ဘုရားကျောင်းတက်ခဲ့ကြပါတယ်” လို့ သူကပြန်ပြောပြပါ တယ်။

သူ စွဲစွဲမြဲမြဲ မှတ်မိနေတာကတော့ အဖိုးနဲ့အတူ ငါးဖမ်းထွက်ခဲ့ခြင်းတွေပါ ။ ထိုမြစ်က ဒေသခံတွေ အတွက် အရာရာပါလို့ ဆိုရင်လည်း မမှားပါဖူး ၊ အပန်းဖြေရာစခန်း တခုလည်းဖြစ်တာပါ၊ မိသားစု အတွက် စားသောက်စရာရှာဖွေဖို့ အနီးအနားကျွန်းတွေကို ငါးဖမ်းထွက်ရာမှာ မော်တော်အင်ဂျင်တွေကို မတတ်နိုင်လို့ လက်နဲ့လှေလှော်ပြီး သွားခဲ့ကြရတာပါ။

"ကျနော် ရဟန်းတပါးဖြစ်ချင်တယ်လို့ အဖွားကိုပြောမိတဲ့ အချိန်က ကျနော် အသက် ၁၂ နှစ်အရွယ်ပဲ ရှိပါသေးတယ်၊ ကျနော်က ဘုန်းတော်ကြီးသင်္ကန်းတွေကို အလွန်သဘောကျသူပါ၊ ဘာသာရေး အခမ်းအနား တွေက ကျနော့်ကို ဖမ်းစားနိုင်ခဲ့ပါတယ်လို့ " Rolisson က ဝန်ခံပြောဆိုပါတယ်။

နောက်ပိုင်းမှာကျနော်က မိခင်နှင့်သားချင်းတို့နဲ့အတူ ပြန်နေခဲ့ပါတယ် သူတို့တွေက ဧဝံဂေလိ အသင်းသားတွေ ဖြစ်ကြပြီး ၊ကျနော့်ကို ကက်သလစ် ယုံကြည်ချက်နဲ့ ပါတ်သက်လို့ မေးကြ တဲ့အခါ ပြန်လည်ဖြေကြားနိုင်ဖို့ ကျနော်ရှာဖွေရတော့တာပေါ့၊ ကျနော့်အိမ်အနီးမှာရှိတဲ့ကက်သလစ် အဖွဲ့စည်းလေးနဲ့ အဆက်အသွယ်ရပြီး လူငယ်လှုပ်ရှားမှုတွေမှာ ပါဝင်ဖြစ်လာပါတော့တယ်။

ပညာသင်ကြားပြီး အလုပ်တခုရလာတဲ့အခါမှာလည်း အဖွားကို ပြောခဲ့ဖူးတဲ့ သူ့ အိပ်မက်ကိုတော့ ပြန် သတိရနေတာပါ၊ အလွန်ဝေးလံတဲ့ အမေဇုံဒေသမှာ အလုပ်လုပ်ရင်း ရခဲ့တဲ့ အတွေ့အကြုံ တွေကြောင့် သူသိလာရတာက ဤအသိုင်းအဝိုင်းတွေဟာ ဘုန်းတော်ကြီးတွေ များစွာ လိုအပ်နေတယ် ဆိုတာ ကိုပါပဲ။ တနှစ် သိုမဟုတ် တလ တခါလောက်သာ ရဟန်းတွေ လာရောက်နိုင်ပါတယ်၊ မစ္ဆားဟော ပြီးတာနဲ့ ပြန်ကြရပါတယ်၊ ဒါကြောင့်သူတို့ကို သမ္မာကျမ်းစာတော် မြတ်နဲ့ စက္ကရင်မင်တူးတွေပေးဖို့နဲ့ လိုအပ်တဲ့အကူညီတွေ ပေးနိုင်ဖို့ သူရဟန်းတပါးဖြစ်ချင်လာခဲ့ပါတယ်။

အခက်ခဲဆုံးကတော့ နေသားတကျဖြစ်နေပြီး အလားအလာကောင်းတဲ့ အလုပ်ကို စွန့်ပစ်ပြီး မသေချာမရေရာတဲ့ ရဟန်းဖြစ်ကျောင်းသား ဘဝကို ရွေးဖို့ ဆုံးဖြတ်ရခြင်းပါပဲ၊ အလုပ် အကိုင်ရှားပါးပြီး ဆင်းရဲတဲ့ ဘရာဇီးနိုင်ငံမှာ အသင်းတော်ကလည်း ဆင်းရဲပါတယ်၊ ရဟန်းဖြစ် ကျောင်းသားတွေကို အလှူရှင်တွေက ထောက်ပံ့ရတာပါ၊ ACN (Aid to the Church In Need) ကဲ့သို့သော အဖွဲ့စည်းတွေက အဓိက အထောက်ပံ့ပေးကြပါတယ်။

" ခရစ်တော်က ဂါလီလီ အိုင်တလျောက် သွားလာရင်း သူရဲ့ တပည့်ကြီးတွေကို နောက်သို့လောက်ရန် ဖိတ်ခေါ်တဲ့အခါ သာမန်လူသားတွေကို လူကို မျှားမည့် တံငါသည်ဖြစ်စေခဲ့သလို ကျနော်တို့ကို သတင်းကောင်းမျှဝေဖို့ ဆက်လက်ဖိတ်ခေါ်နေပါတယ် " လို့ Rolisson က ပြောပြပါတယ်။

ငါးဖမ်းသမားတွေဟာ လုပ်ငန်းလုပ်ဆောင်ဖို့ ငါးဖမ်းပစ္စည်းတွေနဲ့ နည်းပညာ လိုအပ်သလို အမေဇုံဒေသ အတွက် သာသနာပြုများသည်လည်း အခြေခံကောင်းများပြုစုပေးရန် လိုအပ်ရုံသာမက သူတို့ရဲ့ သိုးစုတွေဆီရောက်ဖို့ ခေတ်မီ မော်တော်ဘုတ်တွေလည်း လိုအပ်နေပါတယ်၊ ဤအရာတွေအတွက် ACN လိုမျိူးအဖွဲ့တွေက ကူညီနေကြပြီး ၊ သူတို့ကိုလည်း အထူးပင်ကျေးဇူးတင်ပါကြောင်း " Rolisson Afonso က ဝေမျှပြောကြားခဲ့ပါတယ် ။

 

အာဗီအေဘာသာပြန်-မာကုစ်ညီညီထွန်း

https://bit.ly/3N5dMxd

 

Add new comment

14 + 0 =