အမုန်းတရား၊အဆဲတရားတွေထဲမှာ မှန်ကန်မွန်မြတ်တဲ့ တိုးတက်ရာ ၊ ဟုတ်မှန်ရာကို ရှာနိုင်တဲ့သူများ ဖြစ်ကြပါစေ

၁၉ .၁၀.၂၀၁၉ ရက်နေ့ ကအာရှသမ္မာတရားအသံလွှင့်ဌာန၏ နှစ်(၅၀)ပြည့် ရွှေစင်ဂျူဗလီအခမ်းအနားကျင်းပခြငး်။၌ ကာဒီနယ်ချားလ်စ်ဘိုမှလည်း “ ယနေ့ခေတ်ကြီးမှာ မကောင်းတဲ့သတင်းဟာ သတင်းဖြစ်ပြီး ၊ ကောင်းတဲ့သတင်းဆိုရင် သတင်းအဖြစ် မယူစကြေ့တာ တာ ကိုတွေ့မြင်နေရတယ်။သို့သော်လည်း Veritas မှ မှန်ကန်ပြီး ကောင်းတဲ့သတင်းတွေကို ဖြန့်နေတာကိုတွေ့ရတယ်။မီဒီယာဆိုတာကောင်းချီးမင်္ဂလာလည်းဖြစ်တယ်။ကျိန်ဆိုခြင်းခံရတာလည်းဖြစ်တယ်။အကောင်းသုံးရင်ကောင်းချီးဖြစ်မယ်။မကောင်းသုံးရင် ကျွနု်ပ်တို့အတွက် ကျိန်ဆိုခြင်းဖြစ်မယ်။မြန်မာပြည်မှာ လေးဆယ်ရာခိုင်နှုန်းဟာ အမုန်းစကားတွေကိုပြောနေကြတယ်။အဲ့ဒီအထဲမှာ ချုပ်ကိုင်ခံနေရတယ်။Radio Veritas က အဲ့ဒီထဲကနေ ကောင်းတဲ့သတင်း ၊ မှန်တဲ့သတင်းကို ဖြန့်ဖြူးနိုင်အောင်ကြိုးစားကြရာမှဖြစ်ပြီး အမုန်းတရား၊အဆဲတရားတွေထဲမှာ မှန်ကန်မွန်မြတ်တဲ့ တိုးတက်ရာ ၊ ဟုတ်မှန်ရာကို ရှာနိုင်တဲ့သူများ ဖြစ်ကြပါစေ ” ဟု တိုက်တွန်းနိုးဆော်ခဲ့ပါသည်။

Add new comment

17 + 3 =