အမိမြန်မာနိုင်ငံတော် ငြိမ်းချမ်းသာယာရေးအတွက် စတုတ္ထအကြိမ်မြောက် ငြိမ်းချမ်းစွာဆုတောင်းလမ်းလျှောက်ခြင်း။

အမိမြန်မာနိုင်ငံတော် ငြိမ်းချမ်းသာယာရေးအတွက် စတုတ္ထအကြိမ်မြောက် ငြိမ်းချမ်းစွာဆုတောင်းလမ်းလျှောက်ခြင်

အမိမြန်မာနိုင်ငံတော် ငြိမ်းချမ်းသာယာရေးအတွက် စတုတ္ထအကြိမ်မြောက် ငြိမ်းချမ်းစွာဆုတောင်းလမ်းလျှောက်ခြင်း။ (28.2.2021)

မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာအတွင်းရှိ ကက်သလစ်ခရစ်ယာန်များစုပေါင်း၍ အမိမြန်မာနိုင်ငံတော် ငြိမ်းချမ်းသာယာရေးအတွက် ငြိမ်းချမ်းစွာ ဆုတောင်းလမ်းလျှောက်ခြင်းကို ဖေဖော်ဝါရီလ (28)ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ပါသည်။

ဆုတောင်းလမ်းလျှောက်ရာ၌ စိပ်ပုတီးစိပ်ခြင်း၊ မယ်တော်သီချင်းများသီဆိုခြင်းကိုသာလုပ်ဆောင်ခဲ့ပြီး အခြားကြွေးကြော်သံများဖြင့်အော်ဟစ်ခြင်းမလုပ်ခဲ့ပါ။ စုပေါင်းလမ်းလျှောက်ခြင်းကို ဘာသာတူများမှ ဦးဆောင်ခြင်းဖြစ်ပြီး မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာအတွင်းရှိ ရဟန်း၊ကိုရင် ၊ သီလရှင်များလည်း ပါဝင်ခဲ့ကြပါသည်။

ယခုအကြိမ်သည် စတုတ္ထအကြိမ်မြောက် ငြိမ်းချမ်းစွာ ဆုတောင်းလမ်းလျှောက်ခြင်းဖြစ်ပြီး

ပဉ္စမ အကြိမ်မြောက် စုပေါင်း ဆုတောင်းလမ်းလျှောက်ခြင်းကို မတ်လ (၄) ရက်နေ့ တွင် ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရပါသည်။

Photos News - Pinky

#FreedomAndJustice

#peace

#savemyanamar

#SaveMyammar

#rvapastoralcare

#HearTheVoiceOfMyanmar

#PrayTheRosary #WeWantDemocracy

Add new comment

3 + 9 =