အမိမြန်မာနိုင်ငံတော်ကြီး အမြန်ဆုံးငြိမ်းချမ်းရေးအတွက် လားရှိုးကက်သလစ်သာသနာ ဆုတောင်းပေး

မြန်မာနိုင်ငံငြိမ်းချမ်းသာယာရေးအတွက် လားရှိုးကက်သလစ် သာသနာပိုင် ဆရာတော်ဘုရားနှင့်အတူ ရဟန်း ၊ ကိုရင် ၊ သီလရှင်များ နှင့် ဘာသာတူများစုပေါင်းဆုတောင်းကြခြင်း။

(၁၂.၃.၂၀၂၁)

မြန်မာနိုင်ငံတော်ကြီး အမြန်ဆုံးငြိမ်းချမ်းရေးအတွက် လားရှိုးကက်သလစ်သာသနာပိုင် ဆရာတော်ကြီးနှင့်အတူ ဘုန်းတော်ကြီးများ၊ ကိုရင်များ၊ သီလရှင်များနှင့် ဘာသာဝင်များမှ စုပေါင်း၍ ဆုတောင်းခြင်းကို ပြုလုပ်လျှက်ရှိတယ်လို့ သိရှိရပါသည်။

‘’ စိပ်ပုတီးစိပ်ခြင်းကို ဖေဖော်ဝါရီလ (၁၂) ရက်နေ့မှ စတင်ခဲ့ခြင်းဖြစ်ပြီး ကိုယ်တော်မြတ်ကိုးကွယ်ခြင်းအစီအစဉ်ကို ဖေဖော်ဝါရီလ(၁၈) ရက်နေ့မှစတင်ကာ ပြုလုပ်ခဲ့ကြခြင်းဖြစ်တယ် ‘’ ဟု လားရှိုးကက်သလစ် သာသနာ လူထုဆက်သွယ်ရေးရုံး (Lashio – OSC) တာဝန်ခံ ဘုန်းတော်ကြီး Fr. Brang Ja ၏ ပြောပြချက်အရသိရပါသည်။

‘’စုပေါင်းဆုတောင်းခြင်၏ အဓိက ရည်ရွယ်ချက်သည် မြန်မာနိုင်ငံ ငြိမ်းချမ်းသာယာရေးအတွက်ဖြစ်တယ် ‘’ လို့လည်း Fr. Brang Ja ကပြောပြခဲ့ပါသည်။ တစ်နာရီ ကိုယ်တော်မြတ်ကိုးကွယ်ခြင်းကို အပတ်စဉ်ကြာသပတေးနေ့ ၊ စိပ်ပုတီးစိပ်ခြင်းကို အပတ်စဉ် စနေနေ့တို့တွင် လုပ်ဆောင်နေလျှက်ရှိပြီး အဆိုပါ စုပေါင်း စိပ်ပုတီးစိပ်ခြင်းနှင့် ကိုယ်တော်ြမတ်ကိုးကွယ်ခြင်းတို့ကို မြန်မာနိုင်ငံငြိမ်းချမ်းသည်အထိ ဆက်လက်လုပ်ဆောင်သွားမည်ဟု’’ သိရပါသည်။

အမိမြန်မာနိုင်ငံတော်ကြီး အမြန်ဆုံးငြိမ်းချမ်းပါစေ

News by : Pinky

Source& Photo Crd : Lashio OSC

အမိမြန်မာနိုင်ငံတော်ကြီး အမြန်ဆုံးငြိမ်းချမ်းရေးအတွက် လားရှိုးကက်သလစ်သာသနာဆုတောင်းပေး

အမိမြန်မာနိုင်ငံတော်ကြီး အမြန်ဆုံးငြိမ်းချမ်းရေးအတွက် လားရှိုးကက်သလစ်သာသနာပိုင် ဆရာတော်ကြီးနှင့်အတူ ဘုန်းတော်ကြီးများ၊ ကိုရင်များ၊ သီလရှင်များနှင့် ဘာသာဝင်များမှ ကြာသပတေးနေ့တိုင်း တစ်နာရီကိုယ်တော်မြတ် ဖူးမျှော်ခြင်းနှင့် စနေနေ့တိုင်း စိပ်ပုတီးစိပ်ခြင်းကို အဆက်မပြတ်ပြုလုပ်နေ။

Add new comment

4 + 8 =