အဘိုး/အဘွားတစ်ဦးကိုမွေးစားခြင်းသည် မျိုးဆက်များကြား ပျော်စရာများနှင့် ရင်းနှီးကျွမ်းဝင်မှုကို ဖြစ်ပေါ်စေသည်

အဘိုး/အဘွားတစ်ဦးကိုမွေးစားခြင်းသည် မျိုးဆက်များကြား ပျော်စရာများနှင့် ရင်းနှီးကျွမ်းဝင်မှုကို ဖြစ်ပေါ်စေသည်

အဘိုး/အဘွားတစ်ဦးကိုမွေးစားခြင်းသည် မျိုးဆက်များကြား ပျော်စရာများနှင့် ရင်းနှီးကျွမ်းဝင်မှုကို ဖြစ်ပေါ်စေသည်

လူ့အဖွဲ့အစည်းမှာ သက်ကြီးရွယ်အိုတွေကို တန်ဖိုးထားတဲ့နေရာမှာ ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်ဟာ ချန်ပီယံတစ်ဦးဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က "ဘိုးဘွားတွေဟာ မျိုးဆက်တစ်ခုနဲ့ တစ်ခုကြားမှာ သူတို့ဘဝအတွေ့အကြုံနှင့် ယုံကြည်ခြင်းကို လူငယ်များအား လက်ဆင့်ကမ်းပေးတဲ့ ပုဂ္ဂိုလ်များဖြစ်တယ်လို့ မြွက်ကြားခဲ့ပြီးတော့ သူက မျိုးဆက်ကြား အချင်းချင်း အပြန်အလှန် ဆွေးနွေးမှုရှိကြဖို့ လှုံ့ဆော်ပေးပါတယ်။

"ကျေးဇူးပြုပြီး အဘိုးအဘွားတွေနဲ့ လူငယ်တို့ရေ.. အတူတူလာပါ၊ စကားပြောပါ၊ ဆွေးနွေးပါ။ ဒါက လူတိုင်းကို ပျော်ရွှင်စေမှာပါ။"ဆိုပြီး ပုပ်ရဟန်းမင်းကြီးက မြွက်ကြားခဲ့တယ်။

ပလပ်ဖောင်းတစ်ခုဖြစ်တဲ့ Adopta un Abuelo ဒါမှမဟုတ် အဘိုးအဘွား တစ်ဦးကို မွေးစားခြင်းသည် ပုပ်ရဟန်းမင်းကြီး၏ အဆိုကို လက်တွေ့ ဖြစ်စေတယ်။ ဤအဖွဲ့အစည်းဟာ မွေးစားမည့် ပရဟိတရှင်နဲ့ ၎င်းတို့၏ မွေးစားဘိုးဘွားများအကြား လိုက်လျောညီထွေ ဖြစ်အောင် ဘဝအသက်တာကို မျှဝေပေးခြင်းဖြင့်စပိန်နိုင်ငံမှာရှိတဲ့ လူငယ်များ နဲ့ သက်ကြီးရွယ်အိုများကို ချိတ်ဆက်ရန် ကြိုးပမ်းလျက်ရှိတယ်။

အဘိုးအဘွားကိုမွေးစားတဲ့AITANA MÉNDEZ ဆိုသူက "ကျွန်ုပ်တို့ကို သင်ပေးစရာတွေ အများကြီးရှိတဲ့သူတွေနဲ့ အချိန်တွေကို မျှဝေခြင်းဟာ ကောင်းမွန်တဲ့ အရာတွေကိုပဲ ယူဆောင်လာပေးပြီး လမ်းကြောင်းတစ်ခုတည်းကို ရောက်သွားရုံသာမက အသက်ကြီးသူတွေလည်း ပျော်ရွှင်နိုင်ပြီး ဒီကနေ အများကြီး ရနိုင်ပါတယ်။ ဤအရာများက သက်ကြီးရွယ်အိုများကို အသက်ဆက်စေတဲ့အရာဖြစ်တယ်" လို့ဆိုပါတယ်။

မွေးစားတဲ့ စေတနာရှင်များ နှင့် အဘိုးအဘွားများသည် အပြင်ထွက်ပြီး တစ်စုံတရာစားခြင်း၊ အစားအစာများ အတူတကွချက်ပြုတ်ခြင်းကဲ့သို့သော ပျော်ရွှင်စရာလှုပ်ရှားမှုများတွင် ပါဝင်ကြသည်။ အဘိုးအဘွားတစ်ဦးကို မွေးစားခြင်း အစီအစဥ် မှ လွှမ်းမိုးအားကောင်းသော အဘိုးအဘွားများ အတွက် ဝဘ်စီးရီးတစ်ခုကိုလည်း ထုတ်လုပ်ပေးထားပါတယ်။ ၎င်းတို့တွင် မည်သည့်နေရာမှမဆို စေတနာရှင် များ နှင့် ချိတ်ဆက်ပေးသည့် အက်ပ် (App) တစ်ခုလည်း ရှိပါသည်။

AITANA MÉNDEZ ဆိုသူက ကျွန်မတို့အစီအစဉ်မှာ သုံးနှစ် ဒါမှမဟုတ် ဒီထက်ပိုပြီး ပါဝင်ခဲ့ကြတဲ့ အဘိုးအဘွားတွေနဲ့ စေတနာရှင်တွေ ရှိပြီး သူတို့ကိုယ်သူတို့ လက်တွေ့ကျကျ မိသားစုလို့ ယူဆထားတဲ့ အထူးကောင်းမွန်တဲ့ ဆက်ဆံရေးကို ဖန်တီးတတ်ကြပါတယ်လို့ဆိုပါတယ်။

ဒီအဖွဲ့အစည်းဟာ ဘိုးဘွားများကို မွေးစားရုံသာမက တသက်လုံး ဘဝမိတ်ဆွေ နဲ့ လူငယ်များကိုပါ ကူညီပေးခြင်းဖြင့် မျိုးဆက်သစ်များကို ပေါင်းစည်းပေးနေသည့် အဖွဲ့အစည်းဖြစ်ပါတယ်။

အာဗီအေဘာသာပြန်-သျှားလွန်းမယ်

Photo courtesy of CHD Living

https://bit.ly/3LIroOr

Add new comment

17 + 1 =