Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
အဘယ်သူမျှ တိတ်ဆိတ်စွာနေခွင့်မရှိဟု ယူကရိန်း သိုးထိန်းခေါင်းဆောင်ဆို
အဘယ်သူမျှ တိတ်ဆိတ်စွာနေခွင့်မရှိဟု ယူကရိန်း သိုးထိန်းခေါင်းဆောင်ဆို
‘ယူကရိန်း၌ သွေးထက်သံယိုဖြစ်နေသည့် ရက်စက်ယုတ်မာသောအခြေအနေနှင့်ပတ်သက်၍ တိတ်ဆိတ်စွာနေရန်အဘယ်သူမျှတားမြစ်ပိုင်ခွင့်မရှိ။ နေသည် မဟူ ရာညကိုခက်ခဲစွာကျော်ဖြတ်ပြီးနောက် ရောင်နီထွန်းလာပြီ။ နေမင်းသည် ယူကရိန်း၏မြို့တော်ကြီးအပေါ်အောင်မြင်စွာထွက်ပေါ်လာပြီ။ ခက်ခဲသောညကိုကျော်ဖြတ်ခဲ့ရ သော်လည်း ဘုရားသခင်ကောင်းကြီးပေးပြီ’ ဟုယူကရိန်းမှ ဂရိကက်သလစ်ဘာသာရေးခေါင်းဆောင် Major Archbishop Sviatoslav Shevchuk က ယမန်နေ့၊ စနေ နေ့ကပြောကြားလိုက်သည်။ သူသည် ယူကရိန်းနိုင်ငံ၏မြို့တော်ဖြစ်သော Kyiv ၌သီတင်းသုံးနေသည်။
သူပါသောသတင်းစကားထဲ၌ ယူကရိန်းနိုင်ငံအတွက် စိုးရိမ်စိတ်ပူကာဆုတောင်းပေးကြသောသူ၊ ရုရှားတို့၏လူမဆန်သောတိုက်ခိုက်မှုများနှင့်ပတ်သက်၍ ထုတ် ဖော်ပြောဆိုကြသူများအားကျေးဇူးတင်ကြောင်းပြောကြားခဲ့သည်။ ယူကရိန်းနိုင်ငံသည် တစ်ချိန်ကလည်း စစ်၏အနိဌာရုံနှင့်ကြုံခဲ့ဖူးပြီး၊ ထိုစဉ်က ဘာသာရေးခေါင်း ဆောင်ဖြစ်သော Patriarch Josyf က ‘အလောင်းများတောင်ပုံပြီး၊ သွေးချောင်းစီး’ မည်ဟုပြောခဲ့သောအဆိုသည် လက်ရှိအချိန်၌ ယူကရိန်းနိုင်ငံ၏ လမ်းမ၊ လမ်းကြား၊ လမ်းသွယ်၊ တစ်ရိပ်ရိပ်စီးဆင်းနေသော Dnipro မြစ်ကြောင်းတစ်လျှောက် ဘဲလားရုစ့်နယ်ခြားမှသည် ယူကရိန်းနိုင်ငံ၏မြို့တော်အထိ၊ ထိုမှသည် ပင်လယ်နက်ထိတိုင် ဖြစ်ပျက်လျှက်ရှိနေသည်။ ဤမတရားမှုကို ‘မပြောရ’ မည်သူကမျှပြောပိုင်ခွင့်မရှိ။ အဘယ်ကြောင့်ဆိုသော် မတရားမှုကို ထုတ်ဖော်ပြောဆိုခြင်းသည် လူ့အသက်ကိုကယ် တင်သည်။ တိတ်ဆိတ်ခြင်းကား လူ့အသက်ကိုသတ်သည်ဟုဆိုသည်။
ယနေ့ကျွန်ုပ်အနေနဲ့ကျွန်တော်ပြောတာကိုနားထောင်တဲ့ယူကရိန်းမြို့တော်ကပြည်သူတွေ တစ်ဦးစီကိုမေတ္တာရပ်ခံလိုတာက ငြိမ်းချမ်းရေးအတွက် တိုက်ပွဲ၀င်ပါ။ သင်တို့ရဲ့အကူအညီလိုအပ်သူတွေကို ကာကွယ်ပါ။ ကျူးကျော်သူတွေရပ်တန့်နောက်ပြန်ဆုတ်သွားဖို့ ကျွန်တော်တို့တတ်နိုင်တာတွေ့အကုန်လုံးလုပ်ကြရအောင်။ သင်တို့ တိုင်းပြည်ခေါင်းဆောင်၊ ပါလီမန်အမတ်တွေဘဲဖြစ်ဖြစ်၊ နိုင်ငံရေးသမား၊ စစ်သား၊ ဘာသာရေးခေါင်းဆောင် ဘယ်သူတွေဘဲဖြစ်ဖြစ် အားလုံးကိုယ်တတ်နိုင်တာကိုလုပ်ကြ ပါ။ ယူကရိန်းကိုအားပေးထောက်တဲ့အကြောင်း ထုတ်ဖော်ပြောကြပါ။ ယူကရိန်းကိုအားပေးထောက်ခံနေကြသောသူတွေအားလုံးကိုလည်း ယူကရိန်းနိုင်ငံသား၊ မြို့တော် ကြီးကို အသက်ပေးကာကွယ်နေတဲ့သူတွေရဲ့ကိုယ်စား လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ပါတယ်။ ယူကရိန်းသည် အသက်ရှင်နေတုန်းပါ။ ယူကရိန်းသည် ရုန်းကန်နေတုန်းပါ။ ဒါ ပေမယ့်ကနေ့ ကမ္ဘာကြီးကိုတောင်းဆိုလိုတာက ကျွန်တော်တို့နဲ့ရပ်တည်ပေးကြပါ။ တိတ်တိတ်ဆိတ်ဆိတ်မနေပေးကြပါနဲ့ဟုဆိုပြီး ရဟန်းမင်းကြီးဖရန်စစ်ထံမှလည်း အားပေး နှစ်သိမ့်စာလက်ခံရရှိခဲ့ကြောင်းပြောပါသည်။
ယမန်နေ့၊ စနေနေ့သည် ကျူးကျော်စစ်စတင်သော တတိယနေ့ဖြစ်သည်။ စစ်သားများနှင့်ပြည်သူတို့၏သေးဆုံးသည်ဦးရေ သည် တိုးလျှက်ရှိသည်။ အချို့သည် ပိုလန်နယ်စပ်ဘက်သို့လည်းကောင်း၊ မြို့တော်ကြီးအတွင်းရှိပြည်သူများမှာမှု မြေအောက်ရထားလမ်းများ၌ ခိုလုံနေကြရသည်။
အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်
https://bit.ly/3BYt7vb
Add new comment