အဘယ်သူများသည်ရဟန်း မင်းကြီးကိုလွှမ်းမိုးနိုင်ဆုံးသူနည်း။

အဘယ်သူများသည်ရဟန်း မင်းကြီးကိုလွှမ်းမိုးနိုင်ဆုံးသူနည်း။

အဘယ်သူများသည်ရဟန်း မင်းကြီးကိုလွှမ်းမိုးနိုင်ဆုံးသူနည်း။

အတွေးအခေါ်ပညာရှင် Massimo Borghesi သည်ရဟန်းမင်းကြီးထံမှဗွီဒီယိုဖိုင်လ်လေးခုလက်ခံရရှိခဲ့သည်။ ထို ဗွီဒီယိုဖိုင်လ်၌ အဘယ်သူများသည်ရဟန်းမင်းကြီးကိုလွှမ်းမိုးနိုင်ဆုံးသူဖြစ်သည်ကိုဖော်ပြထား သည်။ ဤဗွီဒီယိုဖိုင်လ်က ပေးသောအချက် အလက်များကိုထောက်၍ ပညာရှင်သည်အာဂျင်တီးနားနိုင်ငံ သားဖြစ်သောလက်ရှိရဟန်းမင်း ကြီးကိုသုံး သပ်ပြထားသည်။

‘ကျွန်ုပ်၏နောင်တော်ညီတော်ကာဒီနယ်များသည် ကမ္ဘာ့အစွန်းထိသွားခဲ့ကြဟန်ရှိပါသည်။ …..’ (ဤစကားကိုရ ဟန်းမင်းကြီးဖရန်စ်က ရဟန်းမင်းကြီးအဖြစ်အရွေးခံခဲ့ရပြီးနောက် ဟာသနှော၍မိန့်ခဲ့သည်။)

ရဟန်းမင်းကြီး၏ပညာရေးခရီးလမ်း

MASSIMO BORGHESI က ‘ရဟန်းမင်းကြီး (Jorge Mario Bergoglio) ဖရန်စစ်၏ပညာရေးခရီးလမ်း ကြောင်း’ အမည်ရသောစာ အုပ်ကို ရေးသားထုတ်ဝေခဲ့သည်။ မည်သည့်ပညာရေးသည်ရဟန်းမင်းကြီးအားလွှမ်းမိုးခဲ့ သည်ကိုမူရှင်းလင်းစွာတင်ပြထားခြင်းမရှိ။ ဤအချက်ကိုရှင်စလင်းစွာသိနိုင်ရန်မှာ ရဟန်းမင်းကြီးအားတိုက် ရိုက်တွေ့ ဆုံမေးမြန်းမှသာဖြစ်မည်။ ဤအရာသည်အလွန်ရဲတင်းလွန်းသောအရွေ့ဖြစ်သည်။ ရဟန်းမင်း ကြီးတစ်ပါးအတွက်သူ၏ ပျိုး ထောင်ခဲ့ရခြင်းအကြောင်းကိုပြောပြရန်မှာမလွယ်လှပေ။ သို့သော်ရဟန်းမင်းကြီးဖရန်စစ်သည်မိန့်ကြားခဲ့ပါ သည်။ ဤအချက်သည် အတွေးအခေါ်ပညာရှင်အား ရဟန်း မင်းကြီးဖရန်စစ်၏ အတွေအခေါ်ပိုင်းဆိုင်ရာကိုနှစ်ပေါင်းများစွာပြုစု ပျိုး ထောင်လာရသည်ကိုဤစာအုပ် (Jorge Mario Bergoglio (ရဟန်းမင်းကြီးအဖြစ်ရွေးချယ်မခံသည့် အချိန်ထိခေါ်ခဲ့ သောအမည်ဖြစ်သည်။) ထဲတွင်တွေ့ရှိခဲ့ရသည်။

ဤစာအုပ်ထဲ၌ ‘ရဟန်း မင်း ကြီးသည်အလွန်ပွင့်လင်းသောပြည်သူများ အတွက်ရပ်တည်အရေးဆိုသောရဟန်းမင်းကြီးဖြစ်သည်’ ဟုဆိုသောသူများအားပြန်လည်တုန့်ပြန်ထားချက်ကိုတွေ့နိုင် သည်။

ရဟန်းမင်းကြီးသည်စကား ပြောသည့်အခါဖြစ်စေ၊ ဩ၀ါဒများပေးသည့်အခါဖြစ်စေ ရိုးရှင်းသောစကားလုံးများ ကိုသာရွေးချယ်သုံးနှုန်းသည်။ ထိုသို့သုံးနှုန်းသော်လည်းပညာရေးထက်မြတ်သောနောက်ခံရှိသည်။

ရဟန်းမင်းကြီး အကြောင်းရေးထားသောစာအုပ်ထဲ၌ ‘ရဟန်းမင်းကြီးဖရန်စစ်သည် အဘယ်ကြောင့်ရဟန်း မင်းကြီးပေါလ် (၆) ၏ Evangelii Nuntiandi စာချွန်တော်ကိုမကြာခဏကိုးကားမိန့်ကြားသနည်း၊ အ ဘယ်ကြောင့်ဂျက်ဆွီစာရေး ဆရာဖာသာရ် Gaston Fessard ၏အတွေး အခေါ်များသူ၌စွဲထင်နေသည့်အ ကြောင်းကိုလည်းဤစာအုပ်ထဲတွင်ဖော်ပြထားသည်။ ဂျက် ဆွီဘုန်းတော်ကြီးအ သင်းကိုတည်ထောင်ခဲ့သော စိန့်အီညှားရှို၏ဝိညာဉ်ရေးကျင့်စဉ်များသည်အနာဂါတ်ရဟန်းမင်း ကြီးဖြစ်လာမည့်သူအတွက်အလွန်အခရာကျခဲ့သည်။

ရဟန်းမင်းကြီး၏ပညာရေးအချက် အလက်များ

ဝိညာဉ်ရေးကျင့်စဉ်သည် ရဟန်း မင်းကြီးအား ခရစ် ယာန်တို့၏ အသက်တာသည် ထိုင်၍စောင့်နေခြင်းလမ်းစဉ်မဟုတ်ကြောင်းကိုသိရှိနား လည်စေခဲ့သည်။ ဤလမ်း စဉ်နှစ်ခုသည်ပွတ်တိုက်မူရှိနေဆဲဖြစ်သည်။ ဂျက်ဆွီဖာသာရ် Fessard ကနားလည်ရန်ခက် ခဲသောအရာတစ်လုံး၊ စိန့်အီညှားရှို၏၀ိညာဉ်ရေးအသက်တာသည်လူတို့အထဲရှိကျေးဇူးတော်နှင့်လွှတ်လပ်ခြင်း၊ အ ဆုံးမရှိသောကြီးမြတ်ခြင်းနှင့်အဆုံးမရှိသောသေးငယ် သော၊ ဘုရားသခင်၏အစပျိုးခြင်း နှင့်လူတို့၏အစပျိုးခြင်းတည်းဟူသောဆန့်ကျင့်ဖက်နှစ်ခု၏ လွှမ်း မိုးခြင်းကိုခံနေရသည်။

ရဟန်းမင်းကြီး၏ပညာရေးခရီး သည် ‘Laudato si' or Evangelii Gaudium’ စာသောအကြောင်းအရာများကိုနား ရန်ထိန်းကျောင်းလမ်း ညွှန်ခဲ့သည်။ ရဟန်းမင်းကြီးမှန်ကန်ပြတ်သားသောဆုံး ဖြတ်ချက်ကိုချနိုင်အောင်ကူညီပေးခဲ့သည်။ ဤအရေးကြီးသောဆုံးဖြတ်ချက်၌ သံတမန်အရေးဆိုင်ရာ၊ နိုင်ငံရေးဆိုင် ရာဆုံးဖြတ်ချက်များလည်းပါသည်။

သူ၏ဆုံး ဖြတ်ချက်များသည်တစ်ခါတရံ၌ကြိုတင်ခန့်မှန်းရခက်သည်။ ဥပမာအားဖြင့်ပင် လယ်ရေကြောင်းမှအသက်နှင့်ရင်း၍လှေ နှင့်အလေးချိန်မမျှဘဲယှိုင်တိယှိုင်တိုင်ဖြင့်ကူး သန်းရောက်ရှိလာသောဒုက္ခ သည်များအားရောမ၌ခိုလှုံခွင့်ပြုရန်အတွက် Lesbos ကျွန်းသို့ကိုယ်တိုင်ကိုယ်ကျကြွရောက်မြင်တွေ့အပြီး ပြတ် သားစွာဆုံးဖြတ် ချက်ချခဲ့သည်။ နောက်ဆုံး၌၀ိညာဉ် ရေးနှင့်ဆိုင်သောပြတ်သားသည့်ဆုံးဖြတ်ချက်များဖြစ်သည့် (၂၀၁၆) ခုနှစ်၌ ‘သနားကြင်နာခြင်းထူးခြားဂျူဗလီနှစ်’ ကို ကျင်းပရန်ကြေငြာခြင်းတို့ဖြစ်ကြသည်။

ဘာသာပြန် - ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/2PVy6po

Add new comment

2 + 8 =