အဖွား၏ယုံကြည်ခြင်းဖြင့်   ကလေး ၂ ဉီး  လေဆင်နှာမောင်းဒဏ်မှလွတ်၍ အသက်ရှင်လျက် ပြန်တွေ့

အဖွား၏ယုံကြည်ခြင်းဖြင့်   ကလေး ၂ ဉီး  လေဆင်နှာမောင်းဒဏ်မှလွတ်၍ အသက်ရှင်လျက် ပြန်တွေ့

အဖွား၏ယုံကြည်ခြင်းဖြင့်   ကလေး ၂ ဉီး  လေဆင်နှာမောင်းဒဏ်မှလွတ်၍ အသက်ရှင်လျက် ပြန်တွေ့

အမေရိကန်ပြည်ထောင်စု၊ Kentucky တွင် ရိုက်ခတ်ခဲ့သော လေဆင်နှာမောင်း ၏မွှေနှောက်ခြင်းကိုခံရချိန် လသား မြေးလေး ၂ ဉီး၏ အဖွားဖြစ်သူမှ မြေးလေးများအသက်ဘေးမှ လွတ်မြောက်ကာ ပြန်လည်ရှင်သန်နိုင်စေပါမည့် ယုံကြည်ခြင်းဖြင့်  ကလေးငယ်လေးများအား ရေချိုးကန် (Bath Tub) ထဲတွင်ထည့်၍ သမ္မာကျမ်းစာအုပ်ကိုလည်းထည့်လိုက်သည့် အခြေအနေမှာ  မြေးကလေးများအားကယ်တင်လိုက်နိုင်ပါတယ်။

သူမ၏အိမ်ကို လေဆင်နှာမောင်း တိုးဝှေ့လာချိန်မှာ  Clara Lutz ဆိုတဲ့ အမျိုးသမီးဟာ ချက်ခြင်းဆိုသလို အသိဝင်လာပြီး သူမ မြေးလေး ၂ ဉီးကို ရေချိုးကန်လေးထည့်ပြီး၊ ခေါင်းအုံးလေးထဲ့လို့၊ စောင်ဖြင့်ဖုံးအုပ်ကာ ၊ သမ္မာကျမ်းစာအုပ်ကိုလည်း အသေအချာထည့်လိုက်ပါတယ်။ Kaden, ၁၅ လသားလေးနဲ့ Dallas, ၃ လသားကလေး ငယ်လေး ၂ ဉီးဟာ အဖွားရဲ့ သတိကြီးစွာ၊ ယုံကြည်ခြင်းအပြည့်ဖြင့် ပြုလိုက်တဲ့ အပြုအမူကြောင့် အသက်ချမ်းသာရပြီး မုန်တိုင်းအပြီးမှာ ပြန်လည်ရှာတွေ့ခဲ့တာဖြစ်ပါတယ်။

"ကျမလက်တွေတုန်နေတာ၊ ရေချိုးကန်က တမဟုတ်ချင်းကျမနားကနေ လွင့်ထွက်သွားတာပဲ။ ကျမ ဘာလုပ်ရမှန်းမသိတော့ဘူး၊ ဘုရားကိုပဲတ တာပေါ့ “ကိုယ်တော်ရယ် တပည့်တော်မကို သနားပါ၊ ကယ်တော်မူပါ၊  ကလေးလေးတွေကို တပည့်တော်မဆီ ပြန်ခေါ်လာပေးပါလို့ ဆုတောင်းတာလေ၊ ကလေးတွေဘယ်လွင့်သွားမှန်းလည်းကျမ မသိတော့ဘူး၊ ဆုတောင်းရင်းလိုက်ရှာတာပေါ့နော်၊ လေပွေငြိမ်သွားတဲ့အခါ ကယ်ဆယ်ရေးအဖွဲ့တွေက ရေချိုးကန်လေး မှောက်လျက်အနေအထား နဲ့ ကလေးလေတွေကို တွေ့ပြီး ကယ်လာပေးကြတာပါပဲရှင်။ ဒီရေချိုးကန်က ကျမမြေးလေးတွေ ပါသွားပြီး လေပွေ အပြီးညမှာတွေ့ရတဲ့ ရေချိုးကန်ပါပဲ။ ဒီလိုအရာမျိုးကိုမှ ဘုရားရဲ့ဘုန်းဂုဏ်တော်ကို မချီးမွမ်းဘူးဆိုရင် ဘယ်လိုအရာကိုချီးမွမ်းရမယ်တောင်ကျမ မသိတော့ပါဘူး။ ကျမ မြေးလေးတွေကို ဘုရားက ပွေ့ခေါ်သွားတာပါ။ ကျမကျေးဇူးတင်ချီးမွမ်းလို့မဆုံးနိုင်ဘူး။ ပစ္စည်းဆိုတာ အစားထိုးလို့ရတယ် လူကတော့အဲ့လိုမရဘူးလေ။ ဘုရားဘာကို အလိုရှိလည်းဆိုတာ ကျမ ရှာဖွေနေတယ် ဆက်လက်ရှာဖွေရပါလိမ့်အုံးမယ်” လို့ အဖွားဖြစ်သူ ကလယ်ရာက သတင်းဌာနကို ပြောကြားခဲ့တာပါ။

ဒီဇင်ဘာ ၁၀ ၊ ၁၁ ရက်မှာ တိုက်ခဲ့တဲ့ လေဆင်နှာမောင်းဟာ Kentucky, Arkansas, Missouri, Illinois, နဲ့ Tennessee နယ်တွေကို ဝှေ့ သွားခဲ့တာဖြစ်ပြီး ၈၉ ဉီးသေဆုံးခဲ့တာဖြစ်ပါတယ်။ မြေးအဖွားတို့ရဲ့ နေရာ Kentucky မှာကိုပဲ ၇၆ ဉီးသေဆုံးခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

 

ဘာသာပြန်-စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

https://bit.ly/3Em9XyZ

Add new comment

3 + 1 =