အဖွားတစ်ယောက်၏ သနားကြင်နာခြင်းသည် သူမ၏ မြေးမြစ်များကို ဆင်းရဲနွမ်းပါးသော မိသားစု (၅၀၀၀)အား ခရစ္စမတ်၏၀မ်းမြောက်ခြင်းကို ဝေမျှစေရန် စွမ်းဆောင်နိုင်ခဲ့

အဖွားတစ်ယောက်၏ သနားကြင်နာခြင်းသည် သူမ၏ မြေးမြစ်များကို ဆင်းရဲနွမ်းပါးသော မိသားစု (၅၀၀၀)အား ခရစ္စမတ်၏၀မ်းမြောက်ခြင်းကို ဝေမျှစေရန် စွမ်းဆောင်နိုင်ခဲ့

လွန်ခဲ့သောနှစ်ပေါင်း(၃၀)က Norah Wilkinson သည် သူမ၏ ဆောင်ပုဒ်ဖြစ်သော “သူတစ်ပါး၏ကြင်နာခံရခြင်းသည် နှစ်လိုဖွယ်ဖြစ် သည်” ဟူသော စကားဖြင့် ခရစ္စမတ်နေ့တွင် မည်သည့်အရာမျှ မရှိသော ကလေးသူငယ်များအတွက် တစ်နှစ်ကို (၁၀) ယူရို အသုံးပြုကာ လက်ဆောင်များ ပေးဝေခဲ့သည်။ သူမ ကွယ် လွန်ခဲ့သည်မှာ (၅)နှစ်ကျော်ခဲ့ပြီးဖြစ်သော်လည်း သူမ၏ မိ သားစု၀င်များသည် သူမ၏ ဓလေ့ကို ဆက်လက်ထိန်း သိမ်း လုပ်ဆောင်ခဲ့ကြသည်။

သူမ၏ သားသမီး(၇)ယောက်နှင့် မြေးမြစ်များသည် ယခုနှစ်တွင် ယူရို(၂၅၀၀၀၀)ကို အ သုံးပြုပြီး ခရစ္စမတ်နေ့အတွက် ဆင်းရဲနွမ်းပါးသောမိသား စု (၅၀၀၀)ကျော်အား အလှူဒါနပြုခဲ့သည်။ ယခုကဲ့သို့ အလှူ ဒါနပြုခြင်းတွင် ကျွန်ုပ်တို့အား လုံးသည် အတူတူပင်ဖြစ်သည်ဟူသော စကား၏အရသာကို ခံစားရကြောင်း၊ အရင်နှစ်များထက် ဒုက္ခပိုများသော ယခုနှစ်တွင် စားစရာပင်မရှိသော မိသားစုများအတွက် သူစိမ်းများ၏ ကူညီခြင်းသည် သူတို့၏မျက်နှာပေါ်တွင် အပြုံးများကို ပြန်လည်ဖြစ်ပေါ်စေနိုင်ခဲ့ကြောင်း Nora ၏ မြေးဖြစ်သူ Tor Imrie-Bell မှ ပြောဆိုခဲ့သည်။

ယခုအဖြစ်အပျက်အားဖြင့် အ ဖွားတစ်ယောက်၏ ပြုမူဆောင်ရွက်ခဲ့ခြင်းသည် သူမ ၏ သားသမီးမြေးမြစ်များအတွက် မည်မျှပင် လေးစားအားကျ အတုယူဖွယ်ဖြစ်စေကြောင်းကို တွေ့မြင်ရသကဲ့သို့ သူတစ်ပါးအား သနားကြင်နာမှုပြရန်ဟူသော ရိုးရှင်းသည့် ဆန္ဒလေးသည် လူပေါင်းများစွာအား ကူညီစေရန်အတွက် မည်မျှပင်တွန်းအားဖြစ်စေနိုင်ကြောင်းကို တွေ့ရသည်။

ဘာသာပြန်-ဘရာသာရ်ပက်ထရစ်အေးရှိုင်းအောင်

Photo courtesy of: Norah's North Pole | Facebook | Fair Use

https://bit.ly/352vbTO

Add new comment

1 + 0 =