အဖိုးအဖွားများနေ့နှင့်သက်ကြီးများနေ့အတွက်အင်ဒူဂျင်းသျှာခံစားခွင့်ကိုရဟန်းမင်းကြီးပေးထား

အဖိုးအဖွားများနေ့နှင့်သက်ကြီးများနေ့အတွက်အင်ဒူဂျင်းသျှာခံစားခွင့်ကိုရဟန်းမင်းကြီးပေးထား

အဖိုးအဖွားများနေ့နှင့်သက်ကြီးများနေ့အတွက်အင်ဒူဂျင်းသျှာခံစားခွင့်ကိုရဟန်းမင်းကြီးပေးထား

            ရဟန်းမင်းကြီး၏အပြစ်ဒဏ်ခွင့်လွှတ်ချမ်းသာပေးသောရုံးတော်မှပြီးခဲ့သော အဂ်ါနေ့ကထုတ်ပြန်ခဲ့သောကြေ ညာချက်တိုလေး၌ ‘ဘာသာတူများ၏၀ိညာဉ်ရေးအကျိုး၊ ကြည်ညိုမူပိုမိုတိုးပွားလာစေရန်ရည်ရွယ်၍ ‘ပထမဦးဆုံး သော အပြည်ပြည်ဆိုင်ရာအဖိုးအဖွားများနှင့်သက်ကြီးများနေ့’ ကိုလာမည့် ဇူလိုင်လ (၂၅၊ ၂၀၂၁) ခုနစ်တွင်ကျင်းပမည်ဖြစ် သည်။ ထိုနေ့၌အင်ဒူဂျင်းသျှာအပြစ်ဒဏ်ခွင့်လွှတ်ခြင်းကောင်းကြီးကိုခံစားခွင့်ပေးထားသည်။ ကာဒီနယ် Kevin Farrell ၏ တောင်းခံလျှောက်ပန်ခြင်းကြောင့် ယခုကြေညာချက်ကိုထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ ‘အဖိုးအဖွားများနှင့် သက်ကြီးများနေ့’ ကိုပထမအကြိမ်အဖြစ်သတ်မှတ်ကျင်းပသည်ကိုဂုဏ်ပြုလိုက်ခြင်းဖြစ်သည်။ 

            အင်ဒူဂျင်းသျှာကောင်းကြီးကို ခံယူရန် အာပတ်ဖြေခြင်းစက္ကရာမင်တူးကိုကောင်းစွာခံယူရမည်။ ဤကောင်းကြီး ကိုခံယူပြီး ကိုယ်တော်မြတ်ကိုပင့်ယူရမည်။ ရဟန်းမင်းကြီး၏ရည်ရွယ်ချက်အတိုင်းဆုလည်းတောင်းပေးရမည်။ ရဟန်း မင်းကြီးဖရန်စစ်မှ စိန့်ပေတရုဘုရားရှိခိုးကျောင်းအတွင်း၌လည်းကောင်း၊ သူ၏ပြည်ပတမန်တော်ခရီးစဉ်များကြွရောက် စဉ်တင်လှူပူဇော်သောမစ္ဆားတရားများ၌ပါ၀င်၍ ရဟန်းမင်းကြီးအတွက်ဆုတောင်းပေးရန်၊ သက်ကြီးများထံသို့သွား ရောက်လည်ပတ်ပေးခြင်း၊ အကူအညီလိုအပ်နေသော၊ အခက်အခဲကြုံနေရသော၊ မကျန်းမမာဖြစ်နေသော၊ မသန်စွမ်း သော သက်ကြီးများအားကူညီစောင့်ရှောက် ပေးရန်တို့ဖြစ်သည်။        

            အဆိုပါကြေညာချက်ကို အပြစ်ခွင့်လွှတ်ခြင်းချမ်းသာဆိုင်ရာရုံးတော်၏တာ၀န်ခံ ကာဒီနယ် Mauro Piacenza နှင့် Kryztof Nykiel တို့ကလက်မှတ်ရေးထိုးထားသည်။ ယခုအပြစ်ဒဏ်ခွင့်လွှတ်ခြင်းကောင်းကြီးသည် မသွားမလာနိုင်သည့် အခြေအနေရှိ၍ဘုရားကျောင်းများသို့မသွားလာနိုင်ငံသောသူများအားလည်း ပြုစုစောင့်ရှောက်ရမည်ဖြစ်သည်။ ဤစည်း လုံးခြင်းသည် ကမ္ဘာအား ‘မြင့်မြတ်သော လုပ်ဆောင်ချက်ဖြစ်သည်’ ကို ကမ္ဘာကြီးအားဖွင့်ပြလိုက်ခြင်းဖြစ်သည်။ ဘုရား သခင်၏သနားခြင်းကရုဏာကို ရုပ်မြင်သံကြာဖြင့်၊ ရေဒီယို၊ မျက်မှောက်ခေတ်နည်းပညာအကူအညီဖြင့်လည်း ကြေငြာဟောခြင်းဖြစ်သည်။      

 
ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်
 
 
 

Add new comment

1 + 10 =