အဖဘုရားရှင်ဟာ သူ့ရဲ့မည်သည့် သားသမီးကို မှ စွန့်ပစ်တော်မူမည် မဟုတ်ပါ ဟု ကက်သလစ်LGBT (လိင်တူစုံမက်သူများ) သို့ ပုပ်ဖရန်စစ်မြွက်ကြား

အဖဘုရားရှင်ဟာ သူ့ရဲ့မည်သည့် သားသမီးကို မှ စွန့်ပစ်တော်မူမည် မဟုတ်ပါ ဟု ကက်သလစ်LGBT (လိင်တူစုံမက်သူများ) သို့ ပုပ်ဖရန်စစ်မြွက်ကြား

အဖဘုရားရှင်ဟာ သူ့ရဲ့မည်သည့် သားသမီးကို မှ စွန့်ပစ်တော်မူမည် မဟုတ်ပါ ဟု ကက်သလစ်LGBT (လိင်တူစုံမက်သူများ) သို့ ပုပ်ဖရန်စစ်မြွက်ကြား

 

LGBT အသိုင်းအဝိုင်းကို တာဝန်ယူစောင့်ရှောက်ရသည့် သိုးထိန်းတော် ဂျေဇဝစ် (Jesuit) ရဟန်း Fr.James Martin က ပါပါးဖရန်စစ်ကို ဖြေကြားပေးရန် လျှောက်ထားခဲ့တဲ့ မေးခွန်း ၃ ခုကို ပါပါးက ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဘုရားရှင်ဟာ လျှို့ဝှက်နက်နဲပြီး ကြင်နာသနားတတ်ခါ ငြင်သာပျော့ပြောင်းကြောင်းဖြင့် ပါပါးက မေးခွန်း ၃ခု အပေါ် ဖြေကြားခဲ့ပါတယ်။

ကက်သလစ် LGBT အသိုင်းအဝိုင်း နှင့် သူတို့ရဲ့မိသားစုဝင်တွေ မေးလေ့ရှိတဲ့ မေးခွန်းအချို့ကို ဖြေကြားပေးပါရန် Fr.Martin က ပါပါးထံသို့ စပိန်ဘာသာစကားနှင့် စာရေးသားပေးပို့ပြီး မေလ ၅ ရက်နေ့က မေးမြန်းခဲ့တာပါ။

Fr.Martin ​၏ " Outreach" အမည်ရှိ website မှာ လူတွေ့အင်တာဗျူး ပုံစံအစီစဉ်တခု တင်ဆက် ပြီးနောက် ၂ရက်အကြာတွင် သူဟာ တုန့်ပြန်မှုစာတစောင်ကို လက်ရေးမူနဲ့လက်ခံရရှိခဲ့ကြောင်း၊

ပါပါးရေးသားထားတာက "သင့်ရဲ့ မေးခွန်းများကို လေးစားစွာဖြင့် ရိုးရှင်းစွာ ကျွန်ုပ် ပြန်လည် တုန့်ပြန် ဖြေကြားလိုစိတ်ပေါ်လာပါတယ်"

Outreach: ဘုရားရှင်ကိုသိရှိရန် မည်သည့်အရာသည် အရေးကြီးဆုံးဖြစ်ကြောင်း LGBT များကို သင်ပြောပြလိုပါသလဲ ?

ပါပါး Franscis: အဖဘုရားရှင်ဟာ အဘဖြစ်တော်မူပြီး မည်သည့်သားသမီးကိုမှ မစွန်ပစ်ပါ ၊ ကြင်နာ သနားတော်မူ၍ လျှို့ဝှက်နက်နဲခါ သိမ်မွေ့နူးညံ့တော်မူပါတယ်၊ ဤကဲ့သို့ သောနည်းလမ်းအားဖြင့် ဘုရားရှင်ကို တွေ့ရှိနိုင်ပါတယ်။

Outreach: အသင်းတော်နဲ့ပါတ်သက်လို့ LGBT များကို မည်သည့်အရာကို သိရှိစေလိုပါသလဲ?

ပါပါးဖရန်စစ်: တမန်တော်ကြီးများရဲ့ ယုံကြည်ခြင်းအချုပ် စာအုပ်ကို သူတို့တွေ ဖတ်ကြည့် စေချင် ပါ တယ်၊ ရှင်သန်နေသည့် ကက်သလစ်အသင်းတော်ရဲ့ ပုံရိပ်ကို အဲ့ဒီထဲမှာ သူ တို့တွေ တွေ့ရပါလိမ့်မယ်။

Outreach: အသင်းတော်ရဲ့ ပစ်ပါယ်ခြင်းကို တွေ့ကြုံခံစားရဖူးတဲ့ လိင်တူစုံမက်သူ (LGBT) တယောက် ကို သင်ဘာပြောလိုပါသလဲ ?

ပါပါးဖရန်စစ်: ကျွန်ုပ်အနေနဲ့ကတော့ သူတို့တွေကို အပစ်ပါယ်ခံအဖြစ် ယူဆမည့်အစား အသင်း တော် အတွင်းမှ လူသားများပင်ဖြစ်သည်ဟု အသိမှတ်ပြုပါတယ်၊ အသင်းတော်ကြီးဟာ မိခင်သဖွယ်ဖြစ်ပြီး သူမရဲ့ သားသမီးအားလုံးကို အတူတကွ ဖိတ်ခေါ်ပါတယ်၊ စားပွဲတော်သို့ ဖိတ်ခေါ်ခြင်းခံကြရသူများ ပုံဥပမာကို နမူနာယူစေချင်တာပါ။ ဆင်းရဲသူ၊  ချမ်းသာသူ၊ အပြစ်သား နဲ့ တရားမျှတသူ အားလုံး ပါဝင်ပါတယ်

( ရှင်မသဲ၂၂:၁-၁၅ နှင့် ရှင်လုကာ ၁၄:၁၅-၂၄) ၊ သီးသန့်ရွေးချယ် ဖွဲ့စည်းတည်ဆောက် ထားတဲ့ အသင်း တော်ဟာ သန့်ရှင်းမွန်မြတ်တဲ့ အမိအသင်းတော် မဟုတ်နိုင်

 

၂၀၂၁ဇူလိုင်လတွင် ပုပ်ရဟန်းမင်းကြီး​၏ မြွက်ကြားချက်

(outreach 2021) ​၏ ဝက်ဘီနာ(webinar)တခု ၌ ပါပါးဖရန်စစ်မှ ဖာသာရ် မာတင်ထံသို့ ပေးပို့တဲ့စာမှာ " ဘုရားရှင်ဟာ တဦးတယောက်တိုင်းစီနဲ့ နီးကပ်စွာတည်နေတော်မူပြီး သူ​၏သားသမီးအားလုံးကို ချစ်မြတ်နိုးတော်မူပါတယ်။ အဖဘုရားရှင်ဟာ အဖဖြစ်တော်မူသည်နှင့်အညီ သူ​၏နှလုံးသားကို အားလုံးအတွက် ဖွင့်ဟ ထားပါတယ်၊ "သင့်ရဲ့ သိုးထိန်းလုပ်ငန်းကို ကျွန်ုပ်တွေးတောမိရာမှာ သင်ဟာ ဤဘုရားရှင်ရဲ့ပုံစံတော်ကို အစဉ်အမြဲ ကြိုးစား အတုယူခဲ့ကြောင်း တွေ့ရပါတယ်၊ သင်ဟာ လူတိုင်းအတွက် ရဟန်းတပါးပါ၊ သင့်အတွက်လည်း ကျွန်ုပ်ဆက်လက်ဆုတောင်းပေးပါ့မယ်" ပါပါးရဲ့ အဆုံးသတ်စကားကတော့ " သင့်ရဲ့ ယုံကြည်သူ ဘာသာဝင်တို့အတွက်လည်း ဆုတောင်းပေးပါ့မယ်၊ ထိုသူတို့အားလုံးကို သင်ကာကွယ်စောင့်ရှောက်နိုင်ဘို့ သူတို့တွေဟာ ယေဇူး ခရစ်တော်ရှင်​၏ ချစ်ခြင်း၌ ရှင်သန်တိုးပွားအသက်ရှင်နိုင်ရန် သင့်ရဲ့နဘေးမှာ ဘုရား ရှင်က သင့်ကို ချထားပေးတဲ့ ထိုလူများ အား လုံးအတွက် လည်းဆုတောင်းပေးပါ့မယ်" လို့ ဖြေကြားရေးသားခဲ့တာဖြစ်ပါတယ်။  

 

 

အာဗီအေဘာသာပြန်-မာကုစ်ညီညီထွန်း

https://bit.ly/3yqml1C

 

Add new comment

1 + 19 =