အပြုံးပိုင်ရှင်ဟု တင်စားခံရသော ပုပ်ဂျွန်ပေါလ် (၁) အား ပုပ်ဖရန်စစ်မှ ၂၀၂၂ စက်တင်ဘာတွင် သူတော်မြတ်အဖြစ်တင်မြှောက်တော့မည်

အပြုံးပိုင်ရှင်ဟု တင်စားခံရသော ပုပ်ဂျွန်ပေါလ် (၁) အား ပုပ်ဖရန်စစ်မှ ၂၀၂၂ စက်တင်ဘာတွင် သူတော်မြတ်အဖြစ်တင်မြှောက်တော့မည်

အပြုံးပိုင်ရှင်ဟု တင်စားခံရသော ပုပ်ဂျွန်ပေါလ် (၁) အား ပုပ်ဖရန်စစ်မှ ၂၀၂၂ စက်တင်ဘာတွင် သူတော်မြတ်အဖြစ်တင်မြှောက်တော့မည်

 

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်ဟာ   ၎င်းရဲ့နောင်တော်ယခင်က ပုပ်ရဟန်းမင်းကြီး  ဂျွန်ပေါလ် (John Paul I) ၏ ကြားဝင်ဆု​တောင်း​ပေးခြင်းတို့​ကြောင့်ရရှိသော အံ့ဖွယ်အမှုများကို အသိအမှတ်ပြုခဲ့ပြီး၊ ယခု အခါမှာတော့ သူတော်မြတ်အဖြစ်တင်မြှောက်တော့မှာဖြစ်ပါတယ်။

အပြုံးပိုင်ရှင် ပုပ်ရဟန်းမင်းကြီး  လို့  တင်စားကာ မကြာခဏခေါ်ဝေါ်လေ့ရှိတဲ့ ပုပ်ဂျွန်ပေါလ် (၁) ဟာ  John Paul I ပုပ်ရဟန်းမင်းကြီးအဖြစ် ၃၃ ရက်ကြာ အမှုတော်ထမ်းဆောင်အပြီးမှာပဲ  စက်တင်ဘာလ ၂၈ ရက် ၁၉၇၈ ခုနှစ် မှာ မမျှော်လင့်ဘဲ ရုတ်တရက် ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ အဆိုပါ ပုပ်၏ ဘုရားအတွက်ဆပ်ကပ်ရာ ဦးစားပေးအချက်ကတော့  ဒုတိယဗာတီကန်ကောင်စီကြီးပဲဖြစ်ပါတယ်။

သို့သော် ပုပ်ရဟန်းမင်းကြီး အရွေးမခံရမီကထဲက  Albino Luciani ဟာ သူ၏နှိမ့်ချမှု၊ ဝိညာဉ်ရေးဆိုင်ရာ ကျင့်ကြံအားထုတ်ခြင်း၊ ဆင်းရဲနွမ်းပါးမှုအပေါ် အလေးထားမှုနှင့် ယုံကြည်ခြင်းကို နားလည် သဘောပေါက် သည့်နည်းဖြင့် သွန်သင်ဆုံးမခြင်းမှာ လူသိများသူဖြစ်ခဲ့ကြောင်း

ပုပ်ရဟန်းမင်းကြီး Francis ဟာ  John Paul I ကို ​အောက်တိုဘာ ၁၃ ရက်​နေ့မှာ အတည်ပြု​ထောက်ခံခဲ့ခြင်း၏ အကြောင်းရင်းနှင့် သန့်ရှင်းသောဘ၀သို့ရောက်ရန် အခြား​​သောသူ​တော်စင် လူခြောက်ဦး၏ အကြောင်း ရင်းများနှင့်အတူ ရဟန္တာတင်မြှောက်ခြင်းအဆင့်ဆင့်ကို ဆက်လက်လုပ်ဆောင်ခွင့်ကို ပေးခဲ့တာဖြစ်ပါတယ်။

John Paul I ကို ၂၀၁၇ ခုနှစ်မှာ Pope Francis မှ ကြည်ညိုဖွယ်​ကောင်း​သောသူ (Venerable) အဖြစ် ကြေငြာခဲ့တာပါ။  အီတလီသတင်းစာ Il Messaggero ရဲ့ ယခုသီတင်းပတ်တွင် ဖော်ပြချက်အရ John Paul I ကို အီစတာမတိုင်မီတွင် သူတော်မြတ် အဖြစ် အဖြစ်တင်​မြောက်မည်ဖြစ်ကြောင်း

သူတော်မြတ်အသစ်၏ဘဝနှင့်ဆက်စပ်မှုအရှိဆုံး ဇာတိနိုင်ငံတွင် သူတော်မြတ် တင်မြောက်ခြင်း အခမ်း အနားများ ကျင်းပလေ့ရှိသော်လည်း John Paul I ကတော့ ပုပ်ရဟန်းမင်းကြီး အဖြစ် အမှုတော် ထမ်း ဆောင်ခဲ့တာကြောင့် Vatican မှာပဲ အခမ်းအနားကို တင်​မြောက်နိုင်ဖွယ်ရှိတယ်လို့ဆိုပါတယ်။

Pope John Paul I ၏ဆုတောင်းချက်ကြောင့် အံ့ဖွယ်အမှုမှာ အာဂျင်တီးနားနိုင်ငံ၊ Buenos Aires ဂိုဏ်းချုပ် သာသနာ မှ မိန်းကလေးတစ်ဦးအား ဦးနှောက်ကိုထိခိုက်စေသော ပြင်းထန်သောရောဂါ၊  ဦးနှောက် ရောင်ရောဂါ တစ်မျိုးမှ ၂၀၁၁  ခုနှစ်အတွင်းထူးခြားအံ့သြဖွယ် ကုသပေးခြင်း​ကြောင့်​ပျောက်ကင်းခဲ့သည်ဟုဆိုသည်။

ယမန်နှစ်တွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် Pope John Paul I ၏ အတွေးအခေါ်နှင့် သွန်သင်ချက်များကို မြှင့်တင်ရန် အတွက် ဗာတီကန်ဖောင်ဒေးရှင်းကို ဖွဲ့စည်းခဲ့သည်။

၂၀၂၀  ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့ထုတ် L'Osservatore Romano ၏ ဆောင်းပါးတစ်ပုဒ်မှာ နိုင်ငံခြားရေးဝန်ကြီး ကာဒီနယ် ပီယဲ့ထရို ပါရိုလင်းက “ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ် ( ၁)ဟာ အချိန်တိုလေး အတွင်း သာသနာ့ဉီးသျှောင်တာဝန်ကို ထမ်းဆောင်ခဲ့ပေမဲ့  သာသနာ့သမိုင်းမှာ ကိုးကားစရာ အရေးကြီးတဲ့ အချက်တစ်ခုအဖြစ် ဆက်လက်တည်ရှိနေခဲ့တယ်လို့  Pope John Paul II မှ မှတ်ချက်ပြုခဲ့ကြောင်းဆိုပါတယ်။

၂၀၀၈ ခုနှစ် မှာ  Pope John Paul I ကွယ်လွန်ခြင်း နှစ် ၃၀  ပြည့် နှစ်ပတ်လည်တွင် Pope Benedict XVI  ဟာ လည်း ဖိလိပ္ပိမြို့သားများထံ စိန့်ပေါလ်၏စာမှာ  တမန်တော်ကြီး ရေးသားခဲ့တဲ့ – “တစ်ကိုယ်ကောင်းဆန်ခြင်း၊ နဲ့ မာန်မာနကြောင့် မည်သည့်အရာကိုမျှ မလုပ်ပါနှင့်။ ဒီလိုပြုမဲ့အစား၊ တခြားသူတွေကို ကိုယ့်ထက် ပိုအရေး ကြီးတယ်လို့ နှိမ့်ချစွာမှတ်ပါ။”ဆိုတဲ့ အချက်ကို ထောက်ပြခဲ့ပါတယ်။

 

RVA Myanmar

https://bit.ly/3FCujW4

Add new comment

1 + 0 =