အပြည်ပြည်ဆိုင်ရာ မြန်မာနှစ်ခြင်းခရစ်ယာန် မိတ်သဟာယမှ ခရစ္စမတ်ကုန်ကျစရိတ်ကို စစ်ဘေးရှောင်များထံလှူဒါန်းရန် တိုက်တွန်း

မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်များမိတ်သဟာယ အဖွဲ့ International Myanmar Baptist Fellowship (IMBF) မှ နှစ်ခြင်းခရစ်ယာန် အသင်းတော်များနှင့်အသင်းဝင်များအားလုံးတို့အား လာမယ့် ခရစ္စမတ်မှာ ကုန်ကျမည့် မိသားစု အသုံးစရိတ်များကို စာနာသဒ္ဒါပွား၍ စစ်ဘေးရှောင်များနှင့် ဒုက္ခသည်များအတွက် ထည့်ဝင်လှူဒါန်းကြဘို့ တိုက်တွန်းနှိုးစော်လိုက်ပါတယ်။

ဤတိုက်တွန်းနှိုးစော်စာကို (IMBF) မှ နိုဝင်ဘာလ ၂၂ ရက်နေ့က ထုတ်ပြန်ထားတာဖြစ်ပြီး ထုတ်ပြန်နှိုးစော်စာထဲမှာ၊ လက်ရှိမြန်မာပြည်တွင်ဖြစ်ပွားနေသော အခြေအနေများကို စာနာစိတ်အမှန်ရှိသူဟာ စိတ်လွတ်လက်လွတ်ပျော်ရွှင်ခြင်းမျိုးရှိမှာမဟုတ်ကြောင်း၊ မြောက်များစွာသော ညီအစ်ကိုမောင်နှမများဟာ မိမိတို့အိုးအိမ်များကို စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင် အစားအနေ ဆင်းရဲခြင်းများဖြစ်နေခြင်းကြောင့်  အသင်းတော်များနှင့်အသင်းတော်ဝင်များမှ မိမိတို့ မိသားစု နှင့်အသင်းတော်အတွင်း ပျော်ပွဲရွှင်ပွဲများအတွက် အကုန်အကျခံမည့်အစား ဒုက္ခသည်များတို့အတွက်လိုအပ်သည်များကို ပံ့ပိုးကူညီပေးခြင်းမှာ ထည့်ဝင်ကူညီကြဘို့ မေတ္တာရပ်ခံကာ တိုက်တွန်းနှိုးစော်ထားတာဖြစ်ပါတယ်။

စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

Add new comment

14 + 0 =