အပြည်ပြည်ဆိုင်ရာ စိန့်ဗင်းဆင်းလူငယ်များနေ့အား မော်လမြိုင်သာသနာ၌ မစ္ဆားနှင့်အတူ တစ်ရက်တာ ဝတ်စောင့်

အပြည်ပြည်ဆိုင်ရာ စိန့်ဗင်းဆင်းလူငယ်များနေ့အား မော်လမြိုင်သာသနာ၌ မစ္ဆားနှင့်အတူ တစ်ရက်တာ ဝတ်စောင့်

အပြည်ပြည်ဆိုင်ရာ စိန့်ဗင်းဆင်းလူငယ်များနေ့အား မော်လမြိုင်သာသနာ၌ မစ္ဆားနှင့်အတူ တစ်ရက်တာ ဝတ်စောင့်

(4.7.2022)RVA Myanmar

4.7.2022 တွက်ကျရောက်သည့်အပြည်ပြည်ဆိုင်ရာ စိန့်ဗင်းဆင်းလူငယ်များနေ့ အထိမ်းအမှတ်ဖြင့်(3.7.2022)ရက်နေ့နံနက်ပိုင်းက စိန့်ပက်ထရစ်ကက်သလစ်ဘုရားကျောင်း၌ မော်လမြိုင်စိန့်ဗင်းဆင်းလူငယ်များသည်လူငယ်မစ္ဆားနှင့်အတူ တစ်ရက်တာဝတ်စောင့်ပွဲကို ကျင်းပခဲ့ပါသည်။

နံနက်ပိုင်းတွင် ဗင်းဆင်းရှင်းလူငယ်မစ္ဆားတရားကို ဘုန်းတော်ကြီး၃ပါး၊ဦးပဇင်းကြီး ၁ပါးတို့နှင့်အတူပြုလုပ်ခဲ့ပြီး၊မစ္ဆားတရားအပြီးတွင် လာရောက်သူများအား ဗင်းဆင်းရှင်းလူငယ်များမှကော်ဖီနှင့်မုန့်ဖြင့်ဧည့်ခံကျွေးမွေးခြင်း၊ ထို့နောက် ကျောင်းနေအရွယ်ကလေးအယောက် (၄၀)အား ကျောင်းသုံးစာရေးကိရိယာများပေးအပ်ကူညီခဲ့ခြင်း၊ ကိုယ်တော်မြတ်ဖူးမျှော်ခြင်း၊ အမိမြန်မာနိုင်ငံတော်ငြိမ်းချမ်းရေးရရှိစေရန် ဗင်းဆင်းရှင်းလူငယ်များစုပေါင်း၍စိပ်ပုတီးစိပ်ခြင်း၊ Fr Augustine Shweမှ "We are One"ခေါင်းစဉ်ဖြင့်လူငယ်များတစ်လုံးတစ်ဝတည်းရှိပြီးသာသနာ‌ရေးလုပ်ငန်းများ၌စိတ်တူကိုယ်တူလုပ်ဆောင်ကြရန်ပို့ချခဲ့ခြင်း၊ လူငယ်နှင့် ကျန်းမာရေးကဏ္ဍဖြင့် ကျန်မားရေးဝန်ထမ်းတစ်ဦးမှ အသိပညာပေးခဲ့ခြင်း၊တို့ကိုပြုလုပ်ခဲ့ပါသည်။ ထို့နောက်ဘုန်းတော်ကြီးများ၊ဗင်းဆင်းရှင်းလူငယ်များ၊လုပ်အားပေး လာရောက်သောမိခင်များ အားလုံးအတူတူ နေ့လည်စာကိုသုံးဆောင်ခဲ့ ကြပြီး သမ္မာကျမ်းစာဝေမျှခြင်းကို လူငယ်ဝိညာဉ်ရေးလမ်းညွှန်ဘုန်းတော်ကြီး Fr. Peter မျိုးလွင်နှင့် Sr. Rosey Lwinတို့ ဦးဆောင်မှုဖြင့်

လူငယ်များအားလုံးပါဝင်ခဲ့ပါသည်။ Decon Joseph အေးမင်းထွန်းမှ ဗင်းဆင်းရှင်းလူငယ်များသည် နှိမ့်ချခြင်းဖြင့် ဘုရားသခင်၏ဂရုဏာလုပ်ငန်းများ၌ပိုမိုဆပ်ကပ်လုပ်ဆောင်နိုင်စေရန်နှင့် Mother Teresaကို ဥပမာယူကာ မိမိတို့ရှေ့ဆက်လုပ်ဆောင်မည့်အရာများကိုအကောင်းမွန်ဆုံးလုပ်ဆောင်နိုင်ရန်ဝေမျှ‌ပို့ချခဲ့ပါသည်။ ထို့နောက် မော်လမြိုင်စိန့်ဗင်းဆင်းလူငယ်ဥက္ကဠAnna အေးမြင့်ဇင်ဦးမှ လာရောက်ပါဝင်သူအားလုံးနှင့် အဝေးမှဆုတောင်းခြင်းဖြင့်ပါဝင်သူအားလုံးတို့အား ကျေးဇူးတင်စကားပြောကာ ဘုန်းတော်ကြီးများ၏ကောင်းချီးမင်္ဂလာခံယူပြီး မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ ဗင်းဆင်းရှင်းလူငယ်များ၏တစ်ရက်တာဝတ်စောင့်ပွဲအစီစဥ်အောင်မြင်စွာကျင်းပနိုင်ခဲ့ပါသည်။

ဗင်းဆင်းရှင်းလူငယ်များနေ့အခမ်းအနားကိုပြုလုပ်ရသည့်ရည်ရွယ်ချက်မှာ

“ဗင်းဆင်းရှင်းလူငယ်တွေအားလုံးတစ်လုံးတစ်ဝတည်း ဖြစ်ပြီး သာသနာအလုပ်ကို လက်တွဲပီးလက်လုပ်ကိုင်သွားရင်း ကိုယ်ကျိုးအတွက် မကြည့်ပဲ အခြားသူများအေပါ် အနစ်နာခံတက်တဲ့စိတ်လေးရှိဖို့ပါ” ဟု မော်လမြိုင် SSVP လူငယ်ဥက္ကဌ Anna က RVA ကိုပြောပြပါသည်။

ဆက်လက်ပြီး Anna က ဗင်းဆင်းရှင်းလူငယ်တစ်ဦးအဖြစ်ပါဝင်ခွင့်ရသည့်အတွက်လဲ ပျော်ရွှင်ရ ကြောင်းကို

“ ဒီအဖွဲ့စည်းထဲမှာ ပါဝင်ပီး လှုပ်ရှားခွင့်ရလို့ ကိုယ့်ကိုယ်ကို အရမ်းကို ဂုဏ်ယူမိပါတယ်။

ဒီအဖွဲ့လေး ဖြစ်ပေါ်လာအောင် ကူညီပေးခဲ့တဲ့သူတစ်ယောက်ချင်းစီတိုင်းကိုလည်းအရမ်းကိုကျေးဇူးတင်မိပြီးတော့ခုလို လူငယ်တွေအားလုံး အတူတူပါဝင် ပြီး လှုပ်ရှားခွင့်ရလို့အရမ်းလည်းပျော်မိပါတယ်။

ဒီအဖွဲ့လေး အမြဲ active ဖြစ်ပြီး၊ သာသနာလုပ်ငန်းရော ဂရုဏာလုပ်ငန်းတွေမှာပါ အားတက်သရောပါဝင်သွားမှာပါ။ “ လို့ Anna က SSVP Youth အဖွဲ့အနေဖြင့်ဆက်လက်ကြိုးစားလုပ်ဆောင်သွားမည့်အကြောင်းများကို RVA ကိုပြောပြခဲ့ပါသည်။

မော်လမြိုင် ဗင်းဆင်းရှင်းလူငယ်များအနေဖြင့် လစဉ်လုပ်ဆောင်ချက်များလည်းရှိတယ်လို့သိရပါသည်။

Anna က “ပုံမှန်ကတော့ တစ်လတစ်ခါ အစည်းဝေးလုပ်ပီး ဘုရားရှိခိုးဖြစ်ပါတယ်။

ဘယ် Parish က အကူညီတောင်းတောင်း ညီမတို့ လူအားရောခွန်အားရော အကုန်ကူညီပေးခဲ့ပါတယ်။

နာရေးအိမ်တွေအတွက်လည်း ညီမတို့အဖွဲ့ကနေ တက်နိုင်သလောက် လှုဒါန်းမှုလေးတွေလုပ်ခဲ့တယ်။

ဒီနှစ်ကတော့ Education ခေါင်းစဉ် ဖြစ်တဲ့တွက် Youth day အထိမ်းအမှတ်အ ဖြစ်ညီမတို့ ကျောင်းတက်နေတဲ့ကလေးတွေအားလုံးကို စာရေးကရိယာများပေးအပ်ခဲ့ပါတယ်။” လို့ Anna က RVA ကိုပြောပြခဲ့ပါသည်။

ဆက်လက်ပြီး Anna က” Mawlamyine SSVP Youth က သာသနာရေးလုပ်ငန်းရော ပရဟိတလုပ်ငန်း တွေမှာပါ အမြဲကူညီပေးဖို့ အဆင်သင့်ပါပဲရှင့် ။နောက်ရံပုံငွေအတွက်ညီမတို့ လစဉ် အစည်းဝေးပြီးတိုင်း ကိုယ့်ရဲ့ မုန့်ဖိုးလေးတွေထဲက နိုင်သလောက်ကို ဘဏ္ဍာရေးမှူးဆီမှာ စုကြပါတယ်။

လစဉ်ငွေစုဖြစ်တော့ အလှူလုပ်တိုင်း လိုအပ်တဲ့နေရာမှာသွားရောက် လှုဒါန်းနိုင်ကြတာဖြစ်ပါတယ်။” ဟု ဆိုကာ၎င်းတို့လူငယ်များအဖွဲ့အနေဖြင့်မော်လမြိုင်သာသနာအတွက် အကောင်းဆုံး ကြိုးစားဆက်ကပ်လုပ်ဆောင်ပေးသွားမည့်အကြောင်းကိုပြောပြခဲ့ပါသည်။

အပြည်ပြည်ဆိုင်ရာ ဗင်းဆင်းရှင်းလူငယ်များနေ့အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံလုံးဆိုင်ရာ စိန့်ဗင်းဆင်းပြည်တော်ကောင်စီဥက္ကဌ Alphonse U Kyaw Min ကလည်း လူငယ်များအတွက် နှုတ်ဆက်စကားကိုပြေားထားပါသည်။

“မြန်မာနိုင်ငံတဝှမ်းလုံးနှင့်ကမ္ဘာတဝှမ်းလုံးရှိစိန်ဗင်းဆင်းဒီပေါလ်အသင်းဝင်လူငယ်များ၊ဆယ်ကျော်သက်များနှင့်ကလေးများအားလုံး ပျော်ရွင်ဖွယ် သန့်ရှင်းစင်ကြယ်သော စိန်ဗင်းဆင်းဒီပေါလ်အသင်းအပြည်ပြည်ဆိုင်ရာလူငယ်များနေ့ ဖြစ်ပါစေ။သင်တို့အားလုံးစိန်ဗင်းဆင်းဒီပေါလ်နှင့်အသင်းတည်ထောင်သူ သူတော်စင်ဖရက်ဒရစ်အိုဇာနာမ်တို့၏စိတ်ဓါတ်ဖြင့်မယ်တော်သခင်မ၏ကြားဝင်ဆုပန်ခြင်းနှင့်အတူ အချင်းချင်းလက်တွဲကြလျက်ဆင်းရဲနွမ်းပါးသူများ၊ အကူအညီလိုအပ်နေသူများအားအစေခံလုပ်ဆောင်နိုင်ကြပါစေ။

အနန္တ တန်ခိုးတော်ရှင်ဘုရားသခင်သည်သင်တို့အားလုံးအပေါ်ကောင်းကြီးမင်္ဂလာသွန်းလောင်းပေးတော်မူ၍ကာကွယ်စောင့်ရှောက်ပါစေသော်။အာမင်။” ဟု ဆိုကာ မြန်မာနိုင်ငံရှိ ဗင်းဆင်းရှင်းလူငယ်များကို နှုတ်ဆက်ဆုတောင်းစကားပြောကြားထားခြင်းဖြစ်သည်။

မော်လမြိုင်သာသနာတွင် ဗင်းဆင်းရှင်းလူငယ်အဖွဲ့စတင်ဖွဲ့စည်းခဲ့သည်မှာ 7လရှိ ပြီဖြစ်ပြီး အဖွဲ့ဝင်(25) ဦးဖြင့်ဗင်းဆင်းရှင်းလူငယ်အဖွဲ့၏လုပ်ငန်းများကိုလုပ်ဆောင်နေကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင်ဗင်းဆင်းရှင်းလူငယ်အဖွဲ့အားဒိုင်အို(12) ခုတွင်ဖွဲ့စည်းထားပြီးဖြစ်သည်။ မြန်မာနိုင်ငံရှိဗင်းဆင်းရှင်းလူငယ်များသည်လည်း စိန့်ဗင်းဆင်းဒီပေါလ်နှင့်သူတော်စင် ဖရက်ဒရစ်အိုဇာနာမ်၏ လုပ်ဆောင်မှုများအတိုင်း ချို့တဲ့နွမ်းပါးသူများအားကူညီနိုင်ရန်ကြိုးစားလုပ်ဆောင်နေကြသူများဖြစ်သည်။ ဇူလိုင်လ (4) ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ ဗင်းဆင်းရှင်းလူငယ်များနေ့ဖြစ်ပြီး နှစ်စဥ်ကမ္ဘာနှင့်တစ်ဝှမ်းတွင် ခေါင်းစဥ်အမျိုးမျိုးဖြင့် ကျင်းပပြုလုပ်လေ့ရှိသည်။ ယခုနှစ်တွင်ကျရောက်သော ဗင်းဆင်းရှင်းလူငယ်များနေ့အတွက် ခေါင်းစဥ်မှာ “ Vincentian Youth : committed to Quality Education” ဟူ၍ဖြစ်သည်။

News by:Pinky

#rvamyanmar #rvapastoralcare #LocalchurchNews #SSVPInternationalYouthDay2022Mawlamyaing

Add new comment

2 + 0 =