အပြစ် (၄) ပါးကိုရှောင်ရှားနိုင်ရေး သတင်းသမားများအား ပုပ်ဖရန်စစ် လမ်းညွှန်

အပြစ် (၄) ပါးကိုရှောင်ရှားနိုင်ရေး သတင်းသမားများအား ပုပ်ဖရန်စစ် လမ်းညွှန်

အပြစ် (၄) ပါးကိုရှောင်ရှားနိုင်ရေး သတင်းသမားများအား ပုပ်ဖရန်စစ် လမ်းညွှန်

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် သတင်းသမားများ တို့ ၏အပြစ် (၄) ပါးကိုရှောင်ရှားနိုင်ရေးအတွက် လမ်းညွှန်စကားပါးလိုက်ပါသည်။

နည်းပညာတိုးတက်လာမှုသည် လူသားအချင်းချင်းကိုပို၍နီးကပ်စေသည်။ ထို့အတူအခြားမလိုအပ်သော ပြဿ နာကိုလက်ယှက်ခေါ်နေပြန်သည်။ ၄င်းတို့အနက် ဆက်သွယ်ရေးအပြစ် (၄) ပါးလည်းပါသည်ဟုရဟန်းမင်းကြီးဖရန်စစ် ကမိန့်ကြားထားသည်။

၄င်းအပြစ် (၄) ပါးတို့မှာ

၁) မသေချာသော သတင်းများကိုပေးခြင်း၊

၂) သတင်းအမှားများကိုပေးခြင်း၊

၃) သူတစ်ပါး၏ ဂုဏ်ပုဒ်ကိုထိခိုက်နစ်နာအောင် ရေးသားပြောဆိုခြင်း၊

၄) မကောင်းမူကိုအားပေးလှုပ်ဆော်ခြင်းတို့ဖြစ်သည်။

သတင်းသမားတစ်ဦးဖြစ်သော Ary Waldir Ramos က ဤအချက်များကိုသူ၏ ‘Be authentic’ ဟုအမည်ပေးထား သောစာအုပ်ထဲ၌ ပြန်လည်ဆင်ခြင်သုံးသပ်ထားသည်။ သူသည် ဗာတီကန်၏သတင်းသမားတစ်ဦးဖြစ်သည်။ ထို့ကြောင့် လူထုဆက်သွယ်ရေးကိုပြုလုပ်နေကြသောသူတိုင်းဆောင်ထားသင့်သော ကျင့်၀တ် (၂) ပါးကို မီး‌မောင်းထိုးပြထားသည်။ ၄င်းတို့မှာ (၁) အဘယ်သို့နားစွင့်ရမည့်ကျင့်၀တ်နှင့် (၂) ကြားသလောက်မျှဖြင့်မဟုတ်ဘဲ နက်နက်ရှိုင်းရှိုင်းနားစွင့်ထောင်ရန်ဖြစ်သည်။

သူက ‘အခြားသူများနှင့်ချိပ်ဆက်သည့်အခါ ဆက်သွယ်ရေးသည် အလွန်အကျိုးထိရောက်စေသည်ကိုသိသည်။ ဆက်သွယ်ရေးသည် နည်းလမ်းတစ်ခုဖြစ်သည်။ အချင်းချင်း၏မျက်လုံးကိုလေ့လာကြသည်။ ထိုမှအချင်းချင်းနားလည် သွားကြသည်။ အသွင်မတူမှုကိုသဘောပေါက်သွားကြသည်။ ကွဲပြားခြားနားနေသည်ကိုသတိထားမိသွားကြသည်။ သူ၏ စာအုပ်ထဲ၌ ရဟန်းမင်းကြီးဖရန်စစ်၏ လူများနှင့်ဆက်သွယ်မှုပြုသည့်ဟန်ပန်ကိုသုံးသပ်ပြထားသည်။ ရဟန်းမင်းကြီး သည် လူတန်းစားအလွှာအသီသီးမှပုဂ္ဂိုလ်များနှင့်ဆက်သွယ်သည်။ ရဟန်းမင်းကြီးသည် နားထောင်ရာ၌အလွန်ပါရမီထူး ကဲသူဖြစ်သည်။ ‘ကျွန်ုပ်တို့သည် ကြားခံမျှသာဖြစ်သည်။ ပါးချင်သောသတင်းစကားကိုကြားသင့်သောသူများ၊ အမှန်တရားကိုဖွေရှာနေသူများ ကြားစေရန် ၀န်ဆောင်မှုပေးခြင်းသာဖြစ်သည်’ ဟုဆိုပါသည်။

သူ၏စာအုပ်ကို ရောမမြို့၌ စတင် မိတ်ဆက်ဖြန့်ချီလိုက်ပြီဖြစ်သည်။ ထိုမိတ်ဆက်သည့်အခမ်းအနား၌ ကာဒီနယ် Mario Grech မှလည်းမှတ်သားဖွယ်စကား ကို အောက်ပါအတိုင်းပြောကြားခဲ့သည်။ ‘ခေတ်ကြေးမုံပြင်ကိုပြောရမည်ဆိုပါလျှင် ကက်သလစ်သာသနာတော်ကြီး၏ လိင်မှုဆိုင်ရာအရှုပ်တော်ပုံကြီးအကြောင်းကိုပမာပြပါမည်။ အခါအားလျှော်စွာ သတင်းများ၌ဖော်ပြရာတွင် ကုသရန်၊ ကာကွယ်ရန်ထက် ပိုမိုနာကျင်အောင်၊ အရှက်ရအောင်၊ စိတ်ပိုင်း၊ ရုပ်ပိုင်းပိုမိုထိခိုက်အောင်အထုပ်ကို အသေးစိတ်ဖြေနေ သကဲ့သို့ဖြစ်နေသည်။ ယခုကဲ့သို့စေ့စပ်သေချာစွာနားမထောင်ဘဲ ထင်ကြေးဖြင့်ရေးသားဖြန့်‌ဝေ ခြင်းသည် အမှန်တကယ်ကျူးလွန်ခြင်းထက်ပင်ကြီးမားသောမကောင်းမှုကြီးဖြစ်သည်’ ဟုပြောကြားခဲ့ပါသည်။

စာအုပ်၌ စာရေးသူက ‘နား ထောင်ခြင်းသည် သတင်းသမားတို့၏အသက်ပင်ဖြစ်သည်။ သို့မှသာအမှန်တရားကိုဖော်ထုတ်ပေးရာရောက်မည်။’ ‘သတင်းသမားများအနေဖြင့် ပေါ်ပင်မလုပ်ဘဲ အမှန်တကယ်ထိရောက်စွာသတင်းပေးနိုင်ရန်မှာ မိမိ၏အလုပ်အပေါ် အလေးထားဆောင်ရွက်မူ၊ စိတ်နှစ်၍လုပ်ဆောင်ရန်လိုအပ်သည်’ ဟု စပိန်သတင်းသမား Eva Fernández ကပြောကြား ခဲ့သည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of National Catholic Reporter

https://bit.ly/3BfYIGI

 

Add new comment

9 + 8 =