အပြစ်ဖြေလျှောက်ခြင်းသည် မိမိကိုယ်ကိုချစ်ခြင်း၌အပ်နှံလိုက်ခြင်းဖြစ်ကြောင်း ရဟန်းမင်းကြီးဖရန်စစ်မိန့်ကြား

အပြစ်ဖြေလျှောက်ခြင်းသည် မိမိကိုယ်ကိုချစ်ခြင်း၌အပ်နှံလိုက်ခြင်းဖြစ်ကြောင်း ရဟန်းမင်းကြီးဖရန်စစ်မိန့်ကြား

အပြစ်ဖြေလျှောက်ခြင်းသည် မိမိကိုယ်ကိုချစ်ခြင်း၌အပ်နှံလိုက်ခြင်းဖြစ်ကြောင်း ပုပ်းဖရန်စစ်မိန့်ကြား

          ပြီးခဲ့သောသောကြာနေ့က ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် မိမိတို့၏အပြစ်ဖြေလျှောက်ခြင်းနှင့်ပတ်သက်၍ ‘အပြစ်ဖြေလျှောက်ခြင်းသည် မိမိကိုယ်ကို ချစ်ခြင်း၌အပ်နှံလိုက်ခြင်းဖြစ်ကြောင်း၊ တစ်နည်းဆိုရသော ဘုရားသခင်၏ချစ်ခြင်းဖြင့်ကျွန်ုပ်တို့၏၀ိညာဉ်ရေးအနာအဆာများကိုကု သခွင့်ပြုခြင်း၊ ကျွန်ုပ်တို့၏စိတ်နှလုံးသားကိုပြုပြင်ထုဆစ်ခံခြင်းဖြစ်သည်။ အာပတ်ဖြေခြင်းကိုဤသို့ခံယူလျှက်ချဉ်းကပ်ခြင်း သည်ဘုရားသခင်၏ ချစ်ခြင်းဖြင့်ပြုပြင်ပုံသွင်းခံရန်ဖြစ်သည်ဟုအဓိပ္ပါယ်သက်ရောက်သည်။ ယေဇူးခရစ္စတူးသခင်၏အသက်တာနှင့် ကားတိုင်ပေါ်အသက်အသေခံခဲ့ သောအဖြစ်အခြေအနေ၌ ချစ်ခြင်းမေတ္တာကိုပြည့်၀စွာဖော်ပြခဲ့သည်’ ဟုမတ်လ (၁၂) ရက်နေ့က ဗာတီကန်၀င်းအတွင်းရှိရဟန်းမင်းကြီးပေါလ် (၆) ၏ ခန်းမအတွင်း၌စုရုံးရောက်ရှိနေသော ရဟန်းတော်များ၊ ရဟန်းလောင်းကိုရင် (၈၀၀) ကျော်အားမိန့်ကြားခဲ့သည်။ အဆိုပါရဟန်းတော်များနှင့်ရ ဟန်းလောင်းကိုရင်များသည် ‘အာပတ်ဖြေခြင်းစက္ကရာမင်းတူ’ ဆိုင်ရာသင်တန်းတစ်ခုကိုတက်ရောက်နေခြင်းဖြစ်သည်။

        ရဟန်မင်းကြီးကဆက် လက်၍ ‘ကောင်းသောအာပတ်ဖြေခြင်းကိုခံယူပြီးတိုင်း ပြောင်းလဲခြင်းအံ့ဖွယ်ရာကိုခံစားရလေ့ရှိသည်။ ထိုအံ့ဖွယ်ရာကား အာပတ်ဖြေလျှောက်ခဲ့ သောသူများ၏နှလုံးသားထဲ၌ကျေးဇူးတော်၏လုပ်ဆောင်ချက်ကိုခံစားလာရခြင်းပင်ဖြစ်ကြောင်း၊ အာပတ်ဖြေခြင်းစက္ကရာမင်းတူကိုခံယူပြီးနောက် ပြောင်းလဲခြင်းအံ့ဖွယ်ရာကောင်းကြီးကိုခံစားလိုက်ရသော အာပတ်ဖြေလျှောက်သူများအနေဖြင့် ဘုရားသခင်၏ချစ်ခြင်းရောင်၀ါတော်ကိုခံယူ လိုက်ခြင်း၊ ထိုချစ်ခြင်း၊ ထိုကျေးဇူးတော်ဖြင့်မိမိ၏အသက်တာကိုပြုပြင်ခံခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း၊ ထို၀ိညာဉ်ရေးအတွေ့အကြုံသည် ကျောက် သားနှလုံးသားမှအသားဖြင့်ပြုလုပ်ထားသောနှလုံးသာအသွင်သို့ပြောင်းလဲခြင်းကိုခံစားရခြင်းဖြစ်ကြောင်း၊ ဤပြောင်းလဲခြင်းဖြစ်စဉ်သည် ကောင်း သောအာပတ်ဖြေခြင်းကိုပြုလုပ်ပြီးတိုင်ခံစာရသောအခြေအနေဖြစ်သည်။

            အာပတ်ဖြေခြင်းစက္ကရာမင်းတူကို ‘ကြေအေးခြင်း’ စက္ကရာမင်းတူဟု လည်းခေါ်လေ့ရှိကြောင်း၊ ဤသို့ခေါ်ဆိုရခြင်းမှာ ဘုရားသခင်သည် အ ပြစ်များကိုခွင့်လွှတ်ချမ်းသာပေးခြင်းဖြစ်ကြောင်း၊ အပြစ်သည်ဘုရားသခင် နှင့်အဆင်မပြေသောအခြေအနေကိုဖြစ်စေသည်။ အာပတ်ဖြေခြင်းစက္က ရာမင်းတူကိုခံယူမည့်သူသည် ကက်သလစ်ရဟန်းတစ်ပါးပါးထံသို့သွား၍ မိမိ၏အပြစ်များကိုမကြွင်းမကျန်ထုတ်ဖော်၀န်ချရသည်။ ဖြေလျှောက်ခဲ့ သောထိုအပြစ်များအတွက် ရဟန်းတော်မှအပြစ်ဖြေလွှတ်သည့်ကောင်းကြီးကိုပေးမည်ဖြစ်သည်။ ထိုအခါအပြစ်ဖြေလျှောက်ခဲ့သောဘာသာတူသည် နောက်ထပ်အပြစ်မပြုတော့ရန်ဆုံးဖြတ်ရမည်ဖြစ်သည်။ ထို့နောက်နာကြင်ခြင်းမေတ္တာနှင့်အပြစ်ဒဏ်ကိုဆပ်ဖြေရသည်။ ရဟန်းတော်မှတဆင့် ဘု ရားသခင်သည်သူ၏ခွင့်လွှတ်ခြင်းနှင့်ငြိမ်သက်ခြင်းကောင်းကြီးကိုသွန်းလောင်းပေးပြီးနောက်နောင်တတရားစွဲသူနှင့်ဘုရားသခင်သည်ပြန်လည် ကြေအေးလိုက်ကြသည်။       

          အာပတ်ဖြေခြင်းစက္ကရာမင်းတူသည် အလွန်နက်နဲသည်။ အချက်သုံးချက်ဖြင့်သတ်မှတ်နိုင်သည်။ (၁) မိမိကိုယ်ကိုချစ်ခြင်း၌အပ်နှံလိုက် ခြင်း၊ (၂) ချစ်ခြင်း၏ပြုပြင်ပုံသွင်းခြင်းကိုလွှတ်လပ်စွာခွင့်ပြုလိုက်ခြင်း၊ (၃) ချစ်ခြင်းနှင့်ချိပ်ဆက်ရှင်သန်ခြင်းတို့ဖြစ်သည်။ မိမိကိုယ်ကိုချစ်ခြင်း၌ အပ်နှံလိုက်ခြင်းဟုဆိုရာ၌ စစ်မှန်သောယုံကြည်ခြင်းဖြင့်စက္ကရာမင်းတူကိုခံယူရန်ကိုဆိုလိုသည်။ အဘယ်ကြောင့်ဆိုသော် ယုံကြည်ခြင်းသည်အသိ သက်သက်မျှသာမဖြစ်စေရ။ သို့မဟုတ် ယုံကြည်ရမည့်အရာများကိုသာအသိပေးရုံသက်သက်မဟုတ်။ ယုံကြည်ခြင်းသည်လက်တွေ့ကျကျဖော်ပြ ရှင်သန်ရမည်။ နားလည်သဘောပေါက်ပြီး၊ အပြန်အလှန်ရှိရမည်။ ထိုအပြန်အလှန်ကား ဘုရားနှင့်လူစပ်ကြား၌ရှိရမည်။ ဘုရားသခင်ခေါ်သည်ကို လူကပြန်လည်ထူးရမည်။ ထို့အတူလူခေါ်သည်ကို ဘုရားလည်းပြန်လည်နားညောင်းပေးခြင်းဖြစ်သည်။ ကျွန်ုပ်တို့အကူအညီလိုအပ်သည့်အခါ ဘုရားသခင်ကိုခေါ်တလေ့ရှိသည်။ ဘုရားသခင်အစဉ်ပြန်လည်ဖြေကြားလေ့ရှိသည်။ ကောင်းသောအာပတ်ဖြေခြင်းကိုပြုရန်မှာ စုံလင်သောနာ ကြင်ခြင်းဖြင့်အာပတ်ဖြေခြင်းစက္ကရာမင်းတူကိုခံယူမည့်သူသည် ဘုရားသခင်၏ချစ်ခြင်း၊ သနားခြင်းကိုယုံကြည်အားကိုးရန် လိုကြောင်းမိန့်ကြား ခဲ့ပါသည်။    

 

ဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

http://bit.ly/3s8IJqq

Add new comment

9 + 3 =