အနားယူသွားသော သက်တော် ၉၉ နှစ် တရုတ်ကက်သလစ်ဆရာတော်ကြီး ပျံလွန်

အနားယူသွားသော သက်တော် ၉၉ နှစ် တရုတ်ကက်သလစ်ဆရာတော်ကြီး ပျံလွန်

အနားယူသွားသော သက်တော် ၉၉ နှစ် တရုတ်ကက်သလစ်ဆရာတော်ကြီး ပျံလွန်

 

တရုတ်နိုင်ငံ ၊ ဟန်ဒါန် သာသနာမှ Bishop Emeritus Stephen Yang Xiangtai ဟာအရေးပေါ် ကျန်းမာရေးအခြေအနေကြောင့် ၇ ရက်ကြာ ဆေးရုံတက်ခဲ့ရပြီး  အောက်တိုဘာလ ၁၃ ရက် ၊ သက်တော် ၉၉ နှစ် မှာပျံလွန်သွားပါတယ်။

Handan သာသနာရဲ့ ထုတ်ပြန်ကြေငြာချက်အရဆိုရင် ဆရာတော်ကြီး ယမ် ဟာ ဘုရားသခင်အားအလွန်သစ္စာရှိသူ၊ လူတိုင်းအား သနားကြင်နာတတ်သူ၊ ရိုးရှင်းစွာနေတတ်သူဖြစ်ပြီး မိမိသိုးစုအတွက် ၇၂ နှစ်တာမျှ ဆက်ကပ်အမှုတော်ဆောင်ခဲ့သူဖြစ်တယ်လို့ဆိုပါတယ်။  

၁၉၆၆ ခုနှစ် ဂျူလိုင်လ၊ တရုတ်ယဉ်ကျေးမှုတော်လှန်ရေးအပြီးမှာ အဖမ်းခံခဲ့ရပြီး Wu'an စစ်ကြောရေးစခန်းကို အပို့ခံခဲ့ရကြောင်း နှင့် ထောင် ၁၅ နှစ် ကျခံခဲ့ဘူးကြောင်း

၁၉၄၉ ခုနှစ် ဩဂုတ်လ မှာ ရဟန်းသိက္ခာ ခံယူခဲ့ပြီး ၊ ၁၉၉၆ ခုနှစ်မှာ ဆရာတော်ဖြစ်လာပါတယ်။ တရုတ်ကက်သလစ် သာသနာရဲ့ လှုပ်ရှားမှုအသွက်ဆုံး Handan သာသနာကို ဆရာတော်ကြီးဟာ ၁၉၉၉ ခုနှစ်မှာ စတင်တာဝန်ယူခဲ့တာဖြစ်ပြီး ၂၀၁၈ ခုနှစ်မှာ ဘာသာသူ ၁၈၀,၀၀၀ ရှိကြောင်း

ဘာကိုမှမြည်တွန်ငြီးတွားခြင်းမရှိပဲ ဆရာတော်ကြီးဟာ အမြဲပဲ ရိုးရှင်းစွာနဲ့ သာသနာလုပ်ငန်းတွေကို ကြိုးပမ်းလုပ်ဆောင်သူဖြစ်ကာ ၇၂ နှစ်တိုင်တိုင် သိုးစုကို ကောင်းမွန်စွာ ဉီးဆောင် ထိန်းကြောင်းနိုင်ခဲ့သူဖြစ်တယ်လို့ဆိုပါတယ်။

 

စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

Photo courtesy of LiCAS.news

https://bit.ly/3pgMH1x

Add new comment

3 + 0 =