အနားယူသွားသော ဘင်္ဂလားဒေ့ရှ်ဆရာတော်ကြီးမှ ကျေးဇူးတင်စကားဆို

အနားယူသွားသော ဘင်္ဂလားဒေ့ရှ်ဆရာတော်ကြီးမှ ကျေးဇူးတင်စကားဆို

အနားယူသွားသော ဘင်္ဂလားဒေ့ရှ်ဆရာတော်ကြီးမှ ကျေးဇူးတင်စကားဆို

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊မြို့တော် ဒါကာရှိဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ် Patrick D'Rosario သည် အနားယူတော့ မည်ဖြစ်ပြီး ပံပိုးခဲ့သည့်ကျေးဇူးရှင်များကို ကျေးဇူးတင်စကားဆိုခဲ့သည်။

အောက်တိုဘာ၂ ရက် စိန့်မေရီကသီဒြယ်၊ ဒါကာတွင် ကျေးဇူးတင်မစ္ဆားတရားကို တင်ပူဇော်ခဲ့ပြီး နေရာဆက်ခံမည့် ဆရာတော် Archbishop Bejoy Nicephorus ကို ကြိုဆိုခဲ့သည်။

ကာဒီနယ်ကြီးက "ဤတာဝန်မှ အနားယူလိုက်သည့်အခါ စိတ်ပေါ့ပါးသွားသည့်နည်းတူ ဘာသာတူများအားလည်း ကျေးဇူးတင်မိပါကြောင်း၊ ဆက်လက်ဆက်ဆံမည့် ဆရာတော်ကိုလည်း ဆုတောင်းခြင်းဖြင့် ကူညီဝန်းရံပေးကြရန်"မေတ္တာရပ်ခံခဲ့သည်။ အသက်အရွယ်နှင့်ကျန်းမာရေးအခြေအနေကြောင့် အနားယူရန်တောင်းလျှောက်လွှာကို ပုပ်ရဟန်းမင်းကြီးဖရန်စစ်က လက်ခံတော်မူခဲ့ပြီး Sylhet သာသနာမှ ဂိုဏ်းချုပ်ဆရာတော်ကို ဆက်ခံရန်ရွေးချယ်ပေးခဲ့သည်။

ကာဒီနယ်သည် ဒါကာဂိုဏ်းချုပ်သာသနာ၏ ၁၀ပါးမြောက် ဆရာတော်ကြီးလည်း ဖြစ်သည်။ ကျေးဇူးတင်စကားပြောကြားရာတွင် "ပထမဆုံး ရွေးကောက်တော်မူသော ဘုရားသခင် ၊ထို့နောက် ယုံကြည်၍တာဝန်လွဲအပ်ခဲ့ကြသော ရဟန်းမင်းကြီးအဆက်ဆက်ကိုကျေးဇူးတင်ပါကြောင်း၊ထို့နောက် နိုင်ငံအတွင်းရှိ လက်တွဲဖော် နောင်တော်ဆရာတော်၊ ရဟန်းများ၏ကူညီထောက်ပံမှုများအတွက်သော်လည်းကောင်း၊ အစိုးရနှင့်ဘာသာတူတို့အပေါ်တွင်လည်းကောင်းကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ဆရာတော်ဝါတော် အနှစ် ၃၀ အတွင်း မှားယွင်းမှုများ၊ တာဝန်မကျေပွန်မှုများနှင့်အပြစ်အနာဆာများအတွက် ဘုရားသခင်နှင်လူသားအားလုံးကို တောင်းပန်ကြောင်း အသနားခံခဲ့သေးသည်။

အနားယူပြီးနောက်ပိုင်းတွင် သာမန်ရဟန်းဘဝတွင် နေထိုင်သွားမည်ဖြစ်ပြီး စာရေး၊စာဖတ်ခြင်းနှင့်သာ ဘဝကို ကုန်ဆုံးစေမည်ဟုဆိုသည်။အသင်းတော်မှ တာဝန်ပေးအပ်လာလျှင်လည်း သစ္စာရှိရှိ ဆက်လက် ထမ်းရွက်မည်ဖြစ်ပြီး ပုပ်ရဟန်းမင်းကြီးနှင့်အသင်းတော်ကို အကြွင်းမဲ့နာခံမည်ဟု မိန့်ကြားတော်မူခဲ့သည်။

 

ဘာသာပြန်- Agnes Lawh Lun

Photo courtesy of; Cardinal Patrick D’Rozario

https://bit.ly/3lKEldq

Add new comment

10 + 4 =