အနားယူသွားပြီဖြစ်တဲ့ ဟောင်ကောင်ဆရာတော်ကြီး စက်တင်ဘာတွင် စစ်ဆေးခံရန်ရှိဟူဆို

အနားယူသွားပြီဖြစ်တဲ့ ဟောင်ကောင်ဆရာတော်ကြီး စက်တင်ဘာတွင် စစ်ဆေးခံရန်ရှိဟူဆို

ဟောင်ကောင်မှ ကာဒီနယ်ဂျိုးဇက်ဟာ ဟောင်ကောင် သာသနာရဲ့ ဂုဏ်ထူးဆောင် ဆရာတော်ဖြစ်ပြီး သူ့ကို လူသားချင်း စာနာထောက်ထားမှု ကယ်ဆယ်ရေး ရန်ပုံငွေမှာ ဂေါပကအဖွဲ့ဝင်အဖြစ် ရန်ပုံငွေအရင်းကိစ္စအတွက် စက်တင်ဘာ (၁၉ ) ရက်မှ (၂၃) ရက်အထိ စစ်ဆေးဖို့ရန် စီစဉ်ထားကြောင်း သတင်း ရရှိပါတယ်။

နိုင်ငံတော် လုံခြုံရေး ဥပဒေကို ချိုးဖောက်ပြီး လူသားချင်းစာနာထောက်ထားမှု ကယ်ဆယ်ရေး ရန်ပုံငွေကို စနစ်တကျ စာရင်းသွင်းဖို့ ပျက်ကွက်ခဲ့တယ်ဆိုပြီး ကာဒီနယ်နဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူ (၅) ဦးတို့ဟာ စွပ်စွဲခံ ထားရတာ ဖြစ်ပါတယ်။

၂၀၂၀ ခုနှစ်မှာ နိုင်ငံတော်လုံခြုံရေးဥပဒေကို တရုတ်ကွန်ကရက်စ် က ဟောင်ကောင်ကို မတိုင်ပင်ဘဲ အတည်ပြုခဲ့တာဖြစ်ပြီး အဲ့ဒီဥပဒေနဲ့ ကလေး (၁၂) ဦးအပါအဝင် လူပေါင်း (၂၀၀) ကျော် အဖမ်းခံ ခဲ့ရကြောင်းကိုပြောရေးဆိုခွင့်ရှိသူ လူ့အခွင့်အရေး ကော်မတီ ဒုဥက္ကဌ ခရစ္စတိုဖာ က ပြောကြားခဲ့ပါတယ်။

အသက် (၉၀) နှစ်အရွယ် ကာဒီနယ်က လူသားချင်း စာနာထောက်ထားမှု ကယ်ဆယ်ရေး ရန်ပုံငွေမှာ ပါဝင်ပတ်သက်မှုအတွက် အဖမ်းခံရပြီး တစ်လ အကြာမှာ ယခုလို ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် ဒီမိုကရေစီအရေး ဆန္ဒပြပွဲ ပါဝင်သူများကို တရားဝင် ကူညီထောက်ပံ့ရေး အတွက် ရန်ပုံငွေအဖွဲ့ တည်ထောင် ခဲ့တာ ဖြစ်ကြောင်း

ကာဒီနယ် ဂျိုးဇက်ဟာ တရုတ် ကွန်မြူနစ် ပါတီကို ပြတ်ပြတ်သားသား ဝေဖန်သူအဖြစ် လူသိများသလို ရန်ပုံငွေကို ထောင်နဲ့ ချီတဲ့ ဒီမိုကရေစီ ထောက်ခံသူများကို ကူညီပေးခဲ့သူဆိုပြီး လည်း လူသိများ နေတာဖြစ်ပါတယ်။

အာဗီအေဘာသာပြန်- သျှားလွန်းမယ်

Photo courtesy of CNA

https://bit.ly/3dxmQhN

Add new comment

1 + 0 =