အဓမ္မခေါ်ဆောင်သွားခြင်း ခံရသော ဂျေဆွစ် အသင်းဂိုဏ်းဝင် ကက်သလစ်ဘုန်းတော်ကြီး သတင်း ၆ နှစ်ကြာသည် အထိ ဘာမှမသိရသေး

ဂျေဆွစ် အသင်းဂိုဏ်းဝင် ကက်သလစ်ဘုန်းတော်ကြီး ပေါလိုလ်​ဒဲလ်အော်လီယို

အဓမ္မခေါ်ဆောင်သွားခြင်း ခံရသော ဂျေဆွစ် အသင်းဂိုဏ်းဝင် ကက်သလစ်ဘုန်းတော်ကြီး သတင်း ၆ နှစ်ကြာသည် အထိ ဘာမှမသိရသေး
ဇူလိုင်လ ၂၉၊ ၂၀၁၉

အဓမ္မခေါ်ဆောင်သွားခြင်း ခံရသော ဂျေဆွစ် အသင်းဂိုဏ်းဝင် ကက်သလစ်ဘုန်းတော်ကြီး ပေါလိုလ်​ဒဲလ်အော်လီယို သတင်း ၆ နှစ်ကြာသည် အထိ ဘာမှမသိရသေးမှု ဘုန်းတော်ကြီး ပေါလိုကဲ့သို့ဆီရီးယားတွင် အစ္စလမ်မစ် အစွန်းရောက်အဖွဲ့ဟု ခေါ်သောအဖွဲ့ အုပ်ချုပ်စဉ်အခါက ပျောက်ဆုံးသွားကြသူများအရေး နှင့်ပတ်သက်ပြီး ကမ္ဘာကို သတိပေးရန် အီတလီ နိုင်ငံမှ ဘုန်းတော်ကြီး ပေါလို ၏ အသိမိတ်ဆွေများပါဝင်သော အဖွဲ့အစည်းတစ်ခု မှ သတင်းစာရှင်းလင်ပွဲတစ်ရပ်ကို ရောမမြို့တွင် ပြုလုပ်ခဲ့ပါသည်။

၂၀၁၃ ခု နှစ် ဇူလိုင်လ ၂၉ ရက် တနင်္လာနေ့ အစ္စလမ်မစ် အစွန်းရောက်အဖွဲ့ဟု ခေါ်သောအဖွဲ့ အုပ်ချုပ်စဉ်ကာလ ဆီးရီးယား နိုင်ငံ အရှေ့ပိုင်း ရာကွာ မြို့တွင် ဘုန်းတော်ကြီး ပေါလို လမ်းလျှောက်နေစဉ် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံရကြောင်း မျက်မြင်သက်သေမှ ပြောကြားခဲ့ပြီး ထိုအချိန်မှစ၍ ယနေ့ထက် တိုင် မည်သည့် သတင်းအစအနမျှ မရရှိတော့ကြောင်း၊ ဘုန်းတော်ကြီး ပေါလိုသည် ခရစ်ယာန်များ နှင့် မွတ်စလင်များ အကြား ချစ်ခြင်းမေတ္တာ ဖြင့် ပေါင်းကူတံတာ တည်ဆောက်ပေးသူဖြစ်ကြောင်း သူ၏ ညီမဖြစ်သူ မှ ဗာတီကန် ရေဒီယို သတင်းဌာနသို့ပြောကြားခဲ့ပါသည်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှလည်း ဘုန်းတော်ကြီး ပေါလိုကဲ့သို့ ပျောက်ဆုံးနေကြသူများ၏ သတင်းအချက်အလက်များ၊ ထိုသူတို့၏ ကံကြမ္မာကို ပွင့်လင်းစွာထုတ်ဖော်ပြဖို့ ဆီးရီးယား အစိုးရထံ တိုက်တွန်းထားပါသည်။

By Kyi Maung
Photo credits to Vatican News

https://bit.ly/2YfqrJc

Add new comment

6 + 6 =