အတတ်နိုင်ဆုံးသတိပြု၍ ခရစ္စမတ်စ်၏ပျော်ရွှင်ခြင်းကို ဖြန့်ဝေပါ - ဘုံဘေဂိုဏ်းချုပ်သာသနာ

အတတ်နိုင်ဆုံးသတိပြု၍ ခရစ္စမတ်စ်၏ပျော်ရွှင်ခြင်းကို ဖြန့်ဝေပါ - ဘုံဘေဂိုဏ်းချုပ်သာသနာ

ခရစ္စမတ်စ်ပွဲတော်ကျင်းပရန် ရက်အနည်းငယ်သာလိုတော့သည်ဖြစ်၍ ဘုံဘေဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ် Oswald Gracias မှ ကျောင်းထိုင်ဘုန်းတော်ကြီးများနှင့် ဘာသာဝင်များအား ကူးစက်ရောဂါဖြစ်ပွားမှုဆိုင်ရာလမ်းညွှန်ချက်များကိုလိုက်နာကြရန် ဒီဇင်ဘာလ (၁၅) ရက်နေ့က သတိပေးလိုက်သည်။

ကာဒီနယ် Gracias သည် ဂိုဏ်းအုပ်ဆရာတော်ကြီးများမှတစ်ဆင့် တိုက်နယ်/ စီရင်စုများအား ခရစ္စမတ်စ်ပွဲတော်ကာလအတွင်း လိုက်နာရမည့် လမ်းညွှန်ချက်များနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ စံနှုန်းများ Standard Operating Procedures (SOPs) ထုတ်ပြန်ရာ၌ ပုဒ်မ ၁၄၄ သည် မြို့များတွင်ဆက်လက်အကျုံးဝင်နေဆဲဖြစ်ပြီး လူဦးရေ (၂၀၀) ထက်ပို၍ စုရုံးခွင့်မပြုကြောင်း ကျောင်းထိုင်ဘုန်းတော်ကြီးများနှင့် ဘာသာဝင်များအား သတိပေးခဲ့သည်။ ဤကိစ္စနှင့်ပတ်သက်၍ ပြည်သူ့ရဲဌာနမှ အလျှော့ပေးမည်မဟုတ်ကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။

“ဘာသာဝင်တွေက ခရစ္စမတ်စ်အကြိုညမှာ မစ္ဆားတရားတက်ရဖို့ကို မျှော်လင့်နေကြတယ်။ အစိုးရနဲ့ရဲတွေက ဘုရားကျောင်းအတွင်း မစ္ဆားတရားဟောခွင့်ပြုထားတယ်။ ဒါပေမဲ့ သင်တို့ရဲ့ ဒေသဆိုင်ရာရဲဌာနနဲ့ ပြန်ပြီးဆက်သွယ်ကြပါ” ဟု တာဝန်ရှိသူများအားလိပ်မူ၍ ရေးသားထားသည်။

စုဝေးခြင်းဆိုင်ရာလမ်းညွှန်ချက်များကိုလိုက်နာရန်အတွက် ဘုရားကျောင်းများတွင် (သန်းခေါင်းယံ မစ္ဆားဟုခေါ်သော) ပွဲအကြိုမစ္ဆားတရားကို တစ်ခုထက်မကကျင်းပနိုင်ကြောင်း၊ အလားတူစွာ ခရစ္စမတ်စ်ပွဲနေ့ကြီးအတွက် နံနက်ခင်း၌လည်း မစ္ဆားတရားကို အရေအတွက်များများ ဟောကြားပေး ရန်နှင့် နံနက်ပိုင်းတွင်မလာနိုင်သူများအတွက် ညနေခင်းတွင် မစ္ဆားတရားဟောကြားပေးရန်လည်း အားပေးကြောင်း၊ ခရစ္စမတ်စ်ပွဲအကြိုမစ္ဆားတရားကို ည (၉) နာရီနောက်ပိုင်းမှ စတင်ကျင်းပခြင်း မပြုကြရန် အထူးအကြံပြုလိုကြောင်း၊ ဓမ္မသီချင်းဦးဆောင်သီဆိုသူ ၃ ဦး (သို့မဟုတ်) ၄ ဦးက လုံခြုံစိတ်ချရသောအကွာအဝေးမှ မိုက်ကိုယ်စီဖြင့်သီဆိုကြရန်၊ သို့သော် အသံသွင်းထားသည့် ဓမ္မသီချင်းများကို အသုံးပြုကြရန်အားပေးကြောင်း၊ ကိုယ်တော်မြတ်စက္ကရမင်တူးပင့်ယူခြင်းကို ဘုရားကျောင်းအပြင်ဘက်တွင် တစ်ဦးနှင့်တစ်ဦးမထိစေဘဲ ပင့်ယူနိုင်ကြရန်စီစဉ်ထားနိုင်ကြောင်း ပြောကြားခဲ့သည်။

နောက်ဆုံးအနေဖြင့် ဒီဇင်ဘာလ (၃၁) ရက်တွင် ကန့်သတ်ချက်များရှိနိုင်သည်ဖြစ်၍ တစ်နှစ်တာလုံး အတွက် ကျေးဇူးတင်မစ္ဆားတရားများ ညသန်းခေါင်ယံတွင်ဟောကြားခြင်းကို တားမြစ်ကြောင်းနှင့် နှစ်သစ်ကူးမစ္ဆားတရားတော်ကို ည (၇) နာရီထက်နောက်မကျစေဘဲ ကျင်းပနိုင်ကြောင်း ပြောကြား ခဲ့သည်။

Source: mattersindia.com

Image: Cardinal Gracias in St. Mary's Cathedral, Ygn (BBC News)

Add new comment

3 + 12 =