အစ္စလာမ် ဘာသာအယူဝါဒကို အတင်းအဓမ္မ လက်ခံစေခြင်း အပေါ် ရှုတ်ချခြင်း

ပါကစ္စတန် အမျိုးသမီးများ ဆုတောင်းနေကြစဉ်

အစ္စလာမ် ဘာသာအယူဝါဒကို အတင်းအဓမ္မ လက်ခံစေခြင်း အပေါ် ရှုတ်ချခြင်း
သြဂုတ်လ ၇၊ ၂၀၁၉

ပါကစ္စတန် နိုင်ငံတွင် လူနည်းစု ဘာသာဝင်များဖြစ်သော ခရစ်ယာန် နှင့် ဟိန္ဒူ အမျိုးသမီးများအား အစ္စလာမ် ဘာသာအယူဝါဒကို အတင်းအဓမ္မ လက်ခံစေခြင်း၊ အတင်းအဓမ္မ သွတ်သွင်းခြင်း နှင့်ပတ်သက်ပြီး ကက်သလစ် လူမူ့ထောက်ပံရေး အေဂျင်စီတစ်ခု၏ ဦးဆောင်မူဖြင့် နိုင်ငံတကာမှ သတိပြုမိလာစေရန် သတင်းစာရှင်းလင်းပွဲး တစ်ရပ်ကို ပြုလုပ်ခဲ့ပါသည်။

ပါကစ္စတန် နိုင်ငံတွင် နှစ်စဉ် အမျိုးသမီးငယ် တစ်ထောင်ခန့်မှာ ပြန်ပေးစွဲးခံရခြင်း၊ သားမယားအဖြစ်ပြုကျင့်ခံရခြင်း၊ အစ္စလာမ် ဘာသာအယူဝါဒကို အတင်းအဓမ္မ လက်ခံစေခြင်း၊ အတင်းအဓမ္မ သွတ်သွင်းခြင်း နှင့် ပို၍ဆိုးဝါးသည်မှာ မိမိအား အတင်းအဓမ္မ ညှင်းပန်းနှိပ်စက် သူကို လက်ထပ်ယူစေခြင်းများ နှစ်စဉ်ဖြစ်ပေါ်နေကြောင်း ရှေ့နေ တာဘာဆုမ် ယူဆပ်ဖ် မှ ပြီးခဲ့သော ကြာသပတေးနေ့က ကာရာချီတွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲး တွင်ပြေားကြားခဲ့ပါသည်။ ယင်း သတင်းစာရှင်းလင်းပွဲး သို့ ရဟန်းမင်းအမတ် ကာဒီနယ် ဂျိုးဇက် ကော့တ်စ် နှင့် မွတ်စလင်ခေါင်းဆောင်များ တက်ရောက်ခဲ့ကြပါသည်။

ပါကစ္စတန်နိုင်ငံတွင် အသက် ၁၆ နှစ် အရွယ်မှသာ တရားဝင်လက်ထပ်ခွင်ပြုထားသောလည်း ပြီးခဲ့သော ဇူလိုင်လက အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦးအာ အတင်းအဓမ္မ ခေါ်ဆောင်သွားပြီး၊ ပြန်ပေးဆွဲးသူနှင့် အတင်းအဓမ္မ လက်ထပ်စေမူ့ဖြစ်ပေါ်ခဲ့ပါသည်။ ယင်းကဲ့သို့သော အခြေအနေများကြောင့် ကက်သလစ် ကရုဏာ ရေးအဖွဲ့အစည်းမှ နိုင်ငံတော် အစိုးရအနေနှင့် တရားဝင်ကာကွယ် စောင့်ရှောက်ပေးမူ့များ ပိုမိုပြုလုပ်ဖို့ တောင်းဆိုခဲ့ကြပါသည်။

နိုင်ငံတကာ အဖွဲ့အစည်းများမှလည်း ပါကစ္စတန်နိုင်ငံတွင်း ရှိ လူနည်းစု ဘာသာဝင်အဖွဲ့အစည်းများကို ကာကွယ်ပေးကြဖို့၊ အမျိုးသမီးငယ်များ တန်းတူ ပညာသင်ကြားခွင်ရရှိဖို့ နိုင်ငံတကာ သတင်းမီဒီယာ များသို့ ရှေ့နေတာဘာဆုမ် ယူဆပ်ဖ် မှ ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး ပါကစ္စတန်နိုင်ငံတွင်း ရှိ လူနည်းစု ဘာသာဝင်အဖွဲ့အစည်းများမှာ အကြမ်းဖက်တိုက်ခိုက်ခံနေရခြင်း၊ ဖိနှပ်ချုပ်ချယ်ခံရခြင်း နှင့် အခြေခံလူအခွင့်အရေးများ ချိုးဖောက်ခံနေရခြင်းများ ဖြစ်ပေါ်နေကြောင်းကို နိုင်ငံရေး လူမူရေး တက်ကြွလုပ်ရှားသူ ဆာဒါ မူးရှ်တပ် မှ ဗာတီကန် သတင်းဌာနသို့ ပြောကြားခဲ့ပါသည်။
By Kyi Maung
Photo credits to Vatican News

https://bit.ly/2KpxjuQ

Add new comment

7 + 3 =