အစွန်းရောက်မွတ်စလင်များ ၏ဖျက်ဆီးခံလိုက်ရသောမိုဆူမြို့ကိုခရစ်ယာန်နှင့်မွတ်စလင်များစုပေါင်း၍ပြန်လည်ပြုပြင်တည်ဆောက်နေ

အစွန်းရောက်မွတ်စလင်များ ၏ဖျက်ဆီးခံလိုက်ရသောမိုဆူမြို့ကိုခရစ်ယာန်နှင့်မွတ်စလင်များစုပေါင်း၍ပြန်လည်ပြုပြင်တည်ဆောက်နေ

(၂၀၁၄) ခုနှစ်က အစွန်း ရောက်မွတ်စလင်တို့၏ ဖျက် ဆီးခြင်းခံလိုက်ရသော မိုဆူးမြို့ကိုပြန်လည်ရှင်သန်အောင် ပြုလုပ်ရန်မှာ ယူနက်စ်ကို၏ အဓိကစီမံချက်ဖြစ်သည်။

လာမည့် မတ်လ (၇) ရက်နေ့၌ပုပ်ရဟန်းမင်းကြီးဖရန် စစ်လည်းတမန် တော်ခရီးကြွရောက်မည်ဖြစ်သည်။ ယခု ကဲ့သို့ပြန်လည်ပြုပြင်မွမ်းခံရာတွင် အဆောက်အဦးမျှသာမဟုတ်ဘဲ အစွန်းရောက် မွတ်စ လင်များဖျက်ဆီးခဲ့သော လူ့အဖွဲ့အစည်းကိုလည်းပြန် လည်တည်ဆောက်ရန်လိုသည်။

ပြုပြင်တည်ဆောက်ရာတွင် အ‌ရေးပါသောဘာသာရေးအ ဆောက်အဦးများကိုပြန်လည်မွမ်းမံတည်ဆောက်ခြင်း များကိုအီရတ်အစိုးရမှ၊ အာရပ်ဓနသဟာရအဖွဲ့နှင့်လက်တွဲလုပ် ဆောင်သွားမည်ဖြစ် သည်။

ဤစီမံကိန်းသည်အလွန်လက် ၀င် သောအလုပ်ဖြစ်သည်။ အ ဘယ်ကြောင့်ဆိုသော်အပျက် အစီးများနှင့်ပြည့်နေသောအ ဆောက်အဦးများဖြစ်၍ကြံ့ခိုင်မှုကို လည်းထည့်တွက်ရပြီး၊ လုပ်သားများ၏လုံခြုံမူနှင့်လိုအပ်သောအိမ်ဆောက်ပ စ္စည်းများသယ်ယူတပ်ဆင်၌ လည်းကောင်း၊ မူလအ ဆောက်အဦး၏အကျယ်အ၀န်းနှင့်လက်ရာများအ တိုင်းပြန်လည်ဖြစ်ရန်တို့မှာအလွန်အသေးစိပ်ကျလှသောလုပ်ငန်း ဖြစ်သည်။

ပြည်တွင်းအတောအတွင်း၌ အစွန်းရောက်မွတ်စလင်များသည် အရေးကြီးသော၊ သမိုင်း၀င်သောအဆောက်အ ဦးများ၏နံရံများကို IED အတွက်ဖောက်ခဲ့ကြသည်။ ထို့နောက်ကျောက်ခဲများဖြင့်ဖြည့်၍ဘိလပ်မြေများဖြင့်ပြန်ပိတ်ထားခဲ့ ကြသည်။ ထို့ ကြောင့်နံရံကြား၌ဗုံးများလည်းထည့်သွင်းမြှုပ်ထားခဲ့လေသလားဟုအဘယ်သူမျှတိတိကျကျမပြောနိုင်ပေ။

ဤမြို့ဟောင်းကိုပြန်လည်မွမ်း မံသည့်စီမံကိန်းသည် ယခင်မြို့သူမြို့သားများဖြစ်ကြသောမွတ်စလင်များက၊ ခရစ်ယာန်များ စွာတို့ကိုပြန်လည်နေထိုင်ရန်ဆွဲဆောင်နေသည်။ အစွန်း ရောက်မွတ်စလင်များ၀င်ရောက်မွှေနှောက်ခြင်းမပြုမီက၄င်းတို့ သည်အိမ်နီးနားခြင်းများ၊ တစ်ရပ်ကွက်ထဲသားများဖြစ်ခဲ့ကြသည်။

၄င်းတို့သည်အတူတကွငြိမ်း ချမ်းစွာနေထိုင်ခဲ့ကြသည်။ ပြည်သူများကိုလည်းဤစီမံ ကိန်းအတွက်အတူတကွပါ၀င် လုပ်ဆောင်ကြရန်အားပေးနှိုးတော်နေသည်။ မွတ်စလင်တို့၏ဗလီများပြုပြင်ရာလည်းကောင်း၊ ခရစ်ယာန်တို့၏ဘုရား ကျောင်းများပြုပြင်ရာ၌လည်းကောင်းခွဲခြားခြင်းမရှိဘဲအတူတကွဝိုင်းဝန်းလုပ်ကိုင်နေကြသည်။ မြို့ဟောင်းမှပြည်သူ (၄၀၀) ကျော်အားလက်ရှိပြန်လည်မွမ်းမံတည်ဆောက်ရေး၌၀င်ရောက်လုပ်ကိုင်ရန်အလုပ်ဖန်တီးပေးထားသည်။ ဤသို့ ဖြင့်ပြည်သူတို့အတွက်ဘ၀ အတည်တကျမဖြစ်မည့် အ လုပ်လက်မဲ့ဖြစ်ခြင်းမှလည်းဖြေရှင်းပေးပြီးသားဖြစ်သည်။

ပညာရှင် များ၊ အင်ဂျင်နီယာများ၊ ရှေးဟောင်းပစ္စည်း၊ နေရာတူးဖော်သောသုတေသီများ၊ ဗိသုကာပညာများတို့ ၏ပူးပေါင်းမှုဖြင့်ဗလီ နှင့်ဘုရားရှိခိုးကျောင်းများသည် လာမည့် (၂၀၂၃) တွင်အပြီး အစီးဆောင်ရွက်ရန်သတ်မှတ်ထားပါသည်။ အုတ်တစ်လုံးစီပြီး တိုင်း ၄င်းတို့၏မူဆိုမြို့ကြီးပြန်လည်ရှင်သန်လာမည့်နေ့ရက်ဆီသို့တစ်ရက်ပြီးတစ်ရက်နီးကပ်လာပါတော့မည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of: Aleteia

https://bit.ly/3pQrjMY

Add new comment

1 + 2 =