အစွန်အဖျားဒေသများ၊ အမေ့လျှော့ခံ ဘဝများကို မြှင့်တင်ပေးကြပါ

ပုပ်ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ်မှ အမှာစာ ထည့်သွင်း ရေးသား စာအုပ် "The Emergence of Popular Movements: Rerum Novarum of our time"

အစွန်အဖျားဒေသများ၊ အမေ့လျှော့ခံ ဘဝများကို မြှင့်တင်ပေးကြပါ
သြဂုတ်လ ၁၉၊ ၂၀၁၉

အဖွဲ့အစည်းပေါင်း ထောင်ကျော်ကို ၅ နှစ်တာ လေ့လာ သုတေသနပြုပြီး၊ လက်တင်အမေရိက ရဟန်းမင်းကြီးရုံးတော် တာဝန်ခံ အဖွဲ့မှ ပြင်ဆင်ထားသော "The Emergence of Popular Movements: Rerum Novarum of our time" စာအုပ်ကို စပိန် ဘာသာစကားဖြင့် ဗာတီကန် ပုံနှိပ်တိုက်မှ တာဝန်ယူ ထုတ်ဝေဖြန်ချီသော စာအုပ်တွင် ပုပ်ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ်မှ အမှာစာ ထည့်သွင်း ရေးသား ပေးခဲ့ပါသည်။

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်၏ ရေးသားသော အမှာစာတွင်

သာသနာတော်မှ လက်လှမ်းဝေကွာလှသော အစွန်အဖျား ဒေသများတွင်နေထိုင်ကြသော သူတို့သည် လူဦးရေး အရေအတွက် ထည့်သွင်း ရေတွက်စရာ လူအစုအဝေလေးများ သက်သက်မဟုတ်ကြပါဘူး၊ အမေ့လျှော့ခံများအဖြစ် ပစ်မထားပဲ သာသနာတော်ဟာ သူတို့ ဆီထိ ရောက်အောင်သွားကြရပါမယ်။

တကယ်တမ်းတော့ သူတို့လေးတွေဟာ မုန်းညှင်းစေ့လို တိုးထွက်ကြီးပွားလာပြီး အသီးအပွင့်များစွာကို ပေးစွမ်းမည့်သူများဖြစ်ကြပါတယ်။ ဒါဟာ လူ့အဖွဲ့အစည်းကို ပိုမိုတိုးတက်လာဖို့ ပုံစံပြောင်းပေးတဲ့နေရာမှ ကုတ်နဲ့ကော်တင်တဲ့ လုပ်ရပ်မျိုးဖြစ်တယ်။

လက်လှမ်းဝေကွာလှသော အစွန်အဖျား ဒေသများတွင်နေထိုင်ကြသော သူတို့သည် လက်ဝေခံ သက်သက်မဟုတ် သူတို့အနာဂတ်အတွက် သူတို့ကိုတိုင် တည်ဆောက်နိုင်သောသူများဖြစ်ကြပါတယ်။

အဲ့ဒီဘဝတွေကို ဖော်ထုတ်မြှင့်တင်ပေးခြင်းဟာ ပြောင်းလဲမူ့တိုင်းအတွက် မျှော်လင့်ချက်၊ ဆန်ကျင်ဘက်တို့၏ သင်္ကေတ၊ အနက်ရှိုင်းဆုံးသောနေရားများမှ အော်ဟစ်သံများ နှင့် သမားရိုးကျမဟုတ်သော လူအဖွဲ့အစည်းကို တုန့်ပြန်ပေးသည် လုပ်ရပ်ဖြစ်ပါတယ်။

ဒီလုပ်ရပ်ကြောင့် ဒီမိုကရေစီစနစ် အတွင်းကို ကိုယ်ကျင့်တရားကောင်းများ သွတ်သွင်းပေးနိုင်မယ်၊ လူမျိုး၊ ဘာသာ မတူကွဲးပြားမူ့များ၊ နိုင်ငံခြား ဘာသာဓလေးများကို မုန်းတီးမူ့များ စသည့် လူအများတွေ့ကြုံနေရသည့် အခက်အခဲးများကို ကျော်လွားပေးနိုင်မည်ဖြစ်ပြီး၊ အလွယ်တကူ ဖျက်ဆီး ဖြုံးတီးခြင်း အလေ့အထကိုလည်း ကျော်လွား နိုင်မည်ဖြစ်ပါသည်။
By Kyi Maung
Photo credits to Vatican News

https://bit.ly/2KXsQhT

Add new comment

5 + 9 =