အစ္စလာမ်အစွန်းရောက်များကြောင့် ပျောက်ဆုံးနေသော သီလရှင်များ ဘေးကင်းလုံခြုံစွာပြန်တွေ့

အစ္စလာမ်အစွန်းရောက်များကြောင့် ပျောက်ဆုံးနေသော သီလရှင်များ ဘေးကင်းလုံခြုံစွာပြန်တွေ့

အစ္စလာမ်အစွန်းရောက်များကြောင့် ပျောက်ဆုံးနေသော သီလရှင်များ ဘေးကင်းလုံခြုံစွာပြန်တွေ့

မိုဇမ်ဘစ်နိုင်ငံ၏ ဆိပ်ကမ်းမြို့ Mocimboa da Praiaတွင်ဖြစ်ပွားခဲ့သော မူစလင်အစွန်းရောက်များ၏ တိုက်ခိုက်မှုအပြီးတွင် (၂၄)ရက်ကြာ ပျောက်ဆုံးသွားခဲ့သော Sr.Ines Ramos နှင့် Sr.Eliane da Costaတို့အား ဘေးကင်းလုံခြုံစွာဖြင့် ပြန်တွေ့ပြီဖြစ်ကြောင်း ပြီးခဲ့သော စက်တင်ဘာ(၆)ရက်၊ တနင်္ဂနွေနေ့က ဆရာတော် Luiz Fernando Lisboaမှ ပြောကြားခဲ့ပြီး ကျန်ရှိနေသေးသော ပျောက်ဆုံးသူများအတွက် ဆုတောင်းပေးကြရန် ဖိတ်ခေါ်ခဲ့သည်။

Pembaကက်သလစ်ဂိုဏ်းအုပ် သာသနာသည် ဘုရားကျောင်းများမီးရှို့ခဲ့ရခြင်း၊ လူများခေါင်းဖြတ်ခံရခြင်း၊ မိန်းမငယ်လေးများ ပြန်ပေးဆွဲခံရခြင်း၊ လူပေါင်းနှစ်သိန်းကျော် အိမ်ယာမဲ့ဖြစ်ရခြင်းကဲ့သို့သော အစွန်းရောက်အကြမ်းဖက်မှုများ ပိုမိုဖြစ်ပွားလာသော နေရာတွင် တည်ရှိသည်။

သြဂုတ်လ(၂၁)ရက်နေ့တွင် ဆရာတော် Lisboaသည် ရဟန်းမင်းကြီးအရှင်သူမြတ်အား ဖုန်းခေါ်ခဲ့ပြီး တိုက်ခိုက်မှုပြီးသည့်နောက် သီလရှင်များနှင့်ပတ်သက်ပြီး ဘာသတင်းမှ မကြားရကြောင်း ပြောဆိုခဲ့ကာ ထိုသတင်းကြောင့် ရဟန်းမင်းကြီး အရှင်သူမြတ်သည် စိတ်မကောင်းဖြစ်ခဲ့ပြီး ဆုတောင်းပေးမည့်အကြောင်း ကတိစကားပြောခဲ့သည်ဟု ပြောကြားခဲ့သည်။ “ရဟန်းမင်းကြီးအရှင်သူမြတ်၏ မျှော်လင့်ခြင်း၊ ငြိမ်းချမ်းခြင်း၊ ပြန်လည်ကျေအေးသင့်မြတ်ခြင်း သတင်းစကား”ကို ပြန်လည်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ဆရာတော်ဘုရားမှ ထပ်လောင်းပြောကြားခဲ့သည်။

နိုင်ငံတကာစစ်တမ်းများအရ (၂၀၁၇)ကတည်းက မိုဇမ်ဘစ်နိုင်ငံမြောက်ပိုင်းတွင် အကြမ်းဖက်မှုများကြောင့် လူ(၁၀၀၀)ကျော် သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။ ထိုအကြမ်းဖက်မှုများကို Islamic ပြည်နယ်နှင့် Ahlu Sunna Walအကြမ်းဖက်အဖွဲ့တို့မှ ကျူးလွန်ကြခြင်းဖြစ်သည်။

ဘာသာပြန် Bro.Patrick Aye Shine Aung

Photo courtesy of Rosins/Wikimedia (CC BY-SA 2.0)

https://bit.ly/2DEf8kr

Add new comment

14 + 6 =