အစ္စလာမ်အကြမ်းဖက်တိုက်ခိုက်မှုကြောင့်ကက်သလစ်စစ္စတာနှစ်ပါး ပျောက်ဆုံးနေဆဲ

အစ္စလာမ်အကြမ်းဖက်တိုက်ခိုက်မှုကြောင့်ကက်သလစ်စစ္စတာနှစ်ပါး ပျောက်ဆုံးနေဆဲ

အစ္စလာမ်အကြမ်းဖက်တိုက်ခိုက်မှုကြောင့်ကက်သလစ်စစ္စတာနှစ်ပါး ပျောက်ဆုံးနေဆဲ

မိုဇမ်ဘစ်နိုင်ငံမှ ဆိပ်ကမ်းမြို့တော်Mociamboa de Praraကို အစ္စလာမစ်အစွန်းရောက်တပ်များ သိမ်းပိုက်ပြီးနောက် သုံးပတ်ကြာသည့်အထိ ကက်သလစ်စ္စတာနှစ်ပါးမှာ ပျောက်ဆုံးနေဆဲဖြစ်သည်ဟု သိရသည်။

သက်တော် ၇၀ ကျော်နေပြီဖြစ်သော Sister Ines Ramosနှင့်အတူ Sister Eliane da Clostaတို့သည် မြို့သားအချို့နှင့်အတူ ပျောက်ဆုံးနေသည်။

ရောမမြို့ရှိ သူမတို့၏ဂိုဏ်းချုပ်မှ ယခုအချိန်ထိ အဆက်အသွယ်မရသေးကြောင်းပြောကြားသည်။စက်တင်ဘာ၄ရက်တွင် ကျောင်းထိုင်ဘုန်းကြီးက စစ္စတာများပျောက်ဆုံးလျက်ရှိသေးကြောင်းအတည်ပြုခဲ့သည်။ထိုမြို့သည် ယခုအထိ အကြမ်းဖက်သမားတို့၏လက်အောက်တွင်ရှိနေပြီး အဆက်အသွယ်ဖြတ်တောက်ထားသည်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် ဩဂုတ်၂၁ ရက်က ဂိုဏ်းအုပ်ဆရာတော် Bishop Louis Fernando ကို ဖုန်းဆက်တော်မူခဲ့ပြီး စစ္စတာနှစ်ပါးအတွက် အထူးဆုတောင်းပေးမည်ဟု ကတိပေးခဲ့သည်။

အဆိုပါ Pembaကက်သလစ်ဂိုဏ်းအုပ်သာသနာသည် အစ္စလာမစ်အစွန်း​ရောက်များမှ ဖမ်းဆီးခြင်း၊ခေါင်းဖြတ်သတ်ခြင်းနှင့် မိန်းကလေးငယ်များကို ပြန်ပေးဆွဲ​သည့် ဒေသဖြစ်သည်။

လူ ၂သန်းခန့်သည်လည်း အိုးအိမ်စွန့်ခွာ၍ထွက်ပြေးနေရသည်။အဆိုပါ အစွန်းရောက်တပ်ဖွဲ့သည် လွန်ခဲ့သော သောကြာနေ့ကြီးတွင် ဘာသာကူးပြောင်းရန်ငြင်းဆိုသော လူငယ် ၅၂ဦးကို ခေါင်းဖြတ်သတ်ခဲ့သည်။

 

ဘာသာပြန်- Agnes Lawh Lun

Photo courtesy of : mhojnik (CC BY 2.0)

https://bit.ly/325th3H

 

 

Add new comment

1 + 3 =