အစ္စလာမစ်နယ်မြေဆီးရီးယားရှိ ခရစ်ယာန်များကို ဖရန်စစ္စကင်းရသေ့များ စောင့်ရှောက်

အစ္စလာမစ်နယ်မြေဆီးရီးယားရှိ ခရစ်ယာန်များကို ဖရန်စစ္စကင်းရသေ့များ စောင့်ရှောက်

အစ္စလာမစ်နယ်မြေဆီးရီးယားရှိ ခရစ်ယာန်များကို ဖရန်စစ္စကင်းရသေ့များ စောင့်ရှောက်

တူရကီနှင့်နယ်စပ်ဒေသ၊ဆီးရီးယားအနောက်ပိုင်းရှိ Knayehနှင့် Yacobiehရွာတို့မှ ခရစ်ယာန်အိမ်ထောင်စု၃၀၀ခန့်ကို ဖရန်စစ္စကင်းရသေ့များက ကြည့်ရှုစောင့်ရှောက်ပေးထားသည်။ ထိုဒေသသည်အစ္စလာမစ်အစွန်းရောက် ဂျီဟတ်စစ်တပ်များချုပ်ကိုင်ထားသော နယ်မြေဖြစ်ပြီး ရှာရီယာဥပဒေကို ထုတ်ပြန်ထားသည်။ ထိုဥပဒေတွင် မည်သည့်အမျိုးသမီးမဆို ခေါင်းမြီးချုံဝတ်ရုံကို ဝတ်ရမည်ဖြစ်ပြီး လွတ်လပ်စွာသွားလာခွင့်မရှိပေ။

လက်ဝါးကပ်တိုင်များလည်းဖျက်စီးခံရသည်။ ဖရန်စစ္စကင်းရသေ့နှစ်ပါးဖြစ်သော သက်တော် ၄၀ အရွယ် Lvar Bsharat နှင့် သက်တော် ၆၇ အရွယ် Hanna Jallouf တို့သည် ထိုဒေသတွင်ရှိနေကြဆဲဖြစ်သည်။

ဖာသာရ်၏ပြောကြားချက်အရ တစ်ခါတစ်ရံတွင် ဖမ်းဆီးခြင်း၊ရိုက်နှက်ခြင်းနှင့်သတ်ပစ်ခြင်းများပင် ရှိပြီး ၂၀၁၃ ခုနှစ်က Fr.Francois Murad ဆိုသူဘုန်းကြီးတစ်ပါး ခေါင်းဖြတ်အသတ်ခံရသည်။ လောလောဆယ်တွင်လည်း ထိုအစွန်းရောက်အဖွဲ့သည် ကျောင်းဆရာမတစ်ဦးကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့သည်။

ဖာသာရ်တို့သည် လူတိုင်းကို ကူညီမည်ဖြစ်ပြီး  စစ်ပွဲမှထွက်ပြေးလာသော မွတ်ဆလင်မိသားစုများကိုလည်း ထိုဘုန်းကြီးများကပင် နေထိုင်စရာပေးခဲ့သည်။

"ဖရန်စစ္စကင်းတို့၏တည်ရှိခြင်းသည် အမှောင်ထဲမှအလင်းတစ်စက်ဖြစ်စေမည်"ဟု ရည်ရွယ်ကာ စီးပွားရေးမပြေလည်သော နယ်ခံများကို ငွေကြေးအကူအညီများပါပေးခဲ့ကြသည်။ သီးနှံများစိုက်ပျိုး၍မရသောကြောင့် ဒေသခံမိသားစုများသည် ဖရန်စစ္စကင်းရသေ့များ၏အကူအညီကိုမှီခိုနေရသည်။

 

ဘာသာပြန်-Agnes Lawh Lun

Photo courtesy of: Custody of the Holy Land / ACN

https://bit.ly/2HakeXD

Add new comment

10 + 3 =