အစားအစာ လေလွင့်ဆုံးရှုံးအောင်၊ ဖြုန်းတီးပျက်စီးအောင် လုပ်ခြင်းသည် ပြင်းထန်တဲ့အပြစ်ဖြစ်ပြီး ကိုယ်ကျင့်တရား နိမ့်ကျနေခြင်းကို ဖော်ပြခြင်းဖြစ်တယ်

စားစရာမရှိလို့ ဒုက္ခရောက်နေရသူတွေ

အစားအစာ လေလွင့်ဆုံးရှုံးအောင်၊ ဖြုန်းတီးပျက်စီးအောင် လုပ်ခြင်းသည် ပြင်းထန်တဲ့အပြစ်ဖြစ်ပြီး ကိုယ်ကျင့်တရား နိမ့်ကျနေခြင်းကို ဖော်ပြခြင်းဖြစ်တယ်
စက်တင်ဘာလ ၃၊ ၂၀၁၉

ဆာလောင်မွတ်သိပ်နေသူတွေ အများအပြား ရှိနေပြီး၊ စားစရာမရှိလို့ ဒုက္ခရောက်နေရသူတွေ များပြားတဲ့ ဆင်ရဲးသော နိုင်ငံတွေမှာ အစားအစာ ဖြုန်းတီး ဖျက်စီးခြင်းဟာ လက်မခံနိုင်သော အရာဖြစ်သလို၊ ကိုယ်ကျင်းတရားပိုင်းဆိုင်ရာ ချိုယွင်းချက်ကို ဖော်ပြခြင်းပါပဲ။

ကုလသမ္မက အစားအစာ နှင့် စိုက်ပျိုး ရေးဌာန၏ ထုတ်ပြန်ချက်အရ ကမ္ဘာပေါ်မှာ အစားအစာ တန်ချိန် သန်းပေါင်း ၁၃၀၀ ဟာ နှစ်စဉ် ပျက်စီးလေလွှင့်ခြင်း ဖြုန်းတီးခြင်းကြောင့် ဆုံးရုံးနေကြောင်း၊ ၂၀၁၈ ခု နှစ် အစီရင်ခံစာအရ ဖိလစ်ပိုင် နိုင်ငံတွင် ၁၃.၃ သန်းသော တိုင်းသူပြည်သားများမှာ အစားအစာ မလုံလောက်မူ့ နှင့်ကြုံတွေ့နေရကြောင်း၊

လူသားများ ကိုယ်ချင်းစာတရားဖြင့် အတူတကွစည်းလုံးကြကာ အစားငတ်မွတ်သူကင်းစင်စေရေး ဝိုင်ဝန်းလုပ်ဆောင်ကြဖို့၊ ဖြုန်းတီးခြင်း၊ပျက်စီးစေခြင်းများကို တရားဥပဒေအရ ထိမ်းချုပ် ပေးကြဖို့။ အစားအစားများ ကို လွင့်ပစ်ခြင်းဟာ လူတွေကို လွှင့်ပစ်လိုက်သလိုပါပဲ။

ကရုဏာရေးအဖွဲ့အစည်းများမှလည်း တာဝန်ယူလုပ်ဆောင်ပေးကြဖို့။ လူသားခြင်းစာနာသောစိတ်၊ ကိုယ်ချင်းစာသောစိတ်များဖြင့် လိုအပ်သူများကို ကူညီပေးကြဖို့၊ ဖိလစ်ပိုင် ဆရာတော်ကြီးများမှ ပြောကြားခဲ့ပါသည်။
By Kyi Maung
Credit to CBCP News
https://bit.ly/2lz943k

Add new comment

1 + 2 =