အငှားကိုယ်ဝန်ဆောင်မှုကို တားဆီးရန် ပုပ်ဖရန်စစ်ပန်ကြား

အငှားကိုယ်ဝန်ဆောင်မှုကို တားဆီးရန် ပုပ်ဖရန်စစ်ပန်ကြား

ယနေ့ခေတ်တွင် တွင်ကျယ်လာသော အငှားကိုယ်ဝန်ဆောင်ခြင်းအလေ့အထကို ကမ္ဘာတစ်ဝှမ်းတွင် ကန့်သတ်ရန်ပုပ်ရဟန်းမင်းကြီးက ပန်ကြားတော်မူသည်။

တနင်္လာနေ့က ကျင်းပသော လူထုတွေ့ဆုံမှုတွင် ဗာတီကန်၏ဥပဒေပြုရေးအဖွဲ့ဝင်များပါဝင်သော ပရိတ်သတ်ကို ပုပ်ဖရန်စစ်က အောက်ပါအတိုင်းပန်ကြားခဲ့သည်။

"ငြိမ်းချမ်းရေးလမ်းးစဥ်သည် လူသားတစ်ဦးစီအား လေးစားခြင်းဖြစ်ပြီး မိခင်၏ဝမ်းထဲရှိ သန္ဓေသားအား လေးစားခြင်းလည်း ဖြစ်ကြောင်း၊ မိခင်နှင့်ကလေး၏ဖြစ်တည်မှုအား လိုသလို ထိန်းချုပ်ခြင်းမှာ မဖြစ်သင့်ကြောင်း"မိန့်ကြားခဲ့သည်။ ထို့အပြင် "ကလေးတစ်ယောက်သည် ဘုရားထံမှလာသော လက်ဆောင်ဖြစ်ပြီး သဘောတူညီချက်စာချုပ်ပါ အရာတစ်ခုမဟုတ်ကြောင်း၊ထို့ကြောင့် မိခင်ဘဝနှင့်ရင်သွေးအသက်ကို အလွဲသုံးစားပြုမှုအား နိုင်ငံတကာမှ တားဆီးရန်" အရှင်သူမြတ်က မီးမောင်းထိုးပြတော်မူသည်။

အငှားကိုယ်ဝန်ဆောင်ခြင်းသည် အီတလီနိုင်ငံ၌ ခေတ်စားလာသော အရာတစ်ခုဖြစ်သည်။ အငှားကိုယ်ဝန်ဆောင်ခြင်းသည် အီတလီနိုင်ငံတွင်း၌သာမက ပြည်ပတွင် ပြုလုပ်လျှင်ပင် ဥပဒေအရအရေးယူခြင်းခံရနိုင်သည်။သို့သော်လည်း အီတလီနိုင်ငံသား အထူးသဖြင့် လိင်တူစုံတွဲများသည် အဆိုပါအငှားကိုယ်ဝန်ဆောင်ခြင်းကို လုပ်ဆောင်နေကြဆဲဖြစ်လေသည်။

အာဗီအေဘာသာပြန်- Agnes Lawh Lun

https://bitly.ws/39pEV

Add new comment

2 + 9 =