အငြိမ်းစားဗိုလ်မှူး၊ခွဲစိတ်ဆ ရာဝန်နှင့်​ဟော​ပြောသူကက် သလစ်သီလရှင်မှ ရီပတ်ဘရီကန်ပါတီအ​ကြောင်း​ဟော​ပြော

အငြိမ်းစားဗိုလ်မှူး၊ခွဲစိတ်ဆ ရာဝန်နှင့်​ဟော​ပြောသူကက် သလစ်သီလရှင်မှ ရီပတ်ဘရီကန်ပါတီအ​ကြောင်း​ဟော​ပြော

အငြိမ်းစားဗိုလ်မှူး၊ခွဲစိတ်ဆ ရာဝန်နှင့်​ဟော​ပြောသူကက် သလစ်သီလရှင်မှ ရီပတ်ဘရီကန်ပါတီအ​ကြောင်း​ဟော​ပြော

ယခုရက်သတ္တပတ်အတွင်း ကျင်းပမည့် ရီပတ်ပလီကန် ပါတီကွန်ဗင်းရှင်း​တွင် ​ဟော​ပြော​ဆွေး​နွေးမည့် ပုဂ္ဂိုလ်များအနက် ကက်သလစ်သီလရှင်တစ်ပါးပါဝင်သည်။

အငြိမ်းစားစစ်ဗိုလ်၊ဆရာဝန်ဖြစ်ခဲ့​သောသူမကို တနင်္ဂ​နွေ​ နေ့က ​ဟော​ပြောရန် သမ္မတက​ရွေးချယ်ခဲ့​ကြောင်း သိရသည်။

Sr, Dierdre Dede Byrneသည် အ​မေရိကန်စစ်တပ်တွင် ဗိုလ်မှူး၊ခွဲစိတ်ဆရာဝန်ချုပ်အဖြစ် အမှုထမ်းခဲ့ပြီး သာသနာပြုအဖြစ် နိုင်ငံရပ်ခြားသို့သွား​ရောက်ဖူးသူလည်းဖြစ်သည်။ယခုအခါ သူမသည် ​ယေဇူးနှင့်မယ်​တော်၏နှလုံး​တော် လုပ် သားများအမည်ရှိ သီလရှင်ဂိုဏ်းဝင်ဖြစ်သည်။

စစ္စတာသည် ဝါရှင်တန်တွင် ​မွေးဖွားပြီး ​မောင်နှမ၇​ယောက်ရှိသည်။​ဆေးတက္က သိုလ်​ကျောင်းစရိတ်ရရန် စစ် တပ်သို့ ဝင်ခဲ့ပြီး ခွဲစိတ်ဆရာ ဝန်နှင့် ဗိုလ်မှူးအဖြစ် ၂၉နှစ်ကြာ တာဝန်ထမ်း​ဆောင်ခဲ့သည်။သူမသည် ၁၉၉၇တွင် တပ်မ​တော်၌ ခွဲစိတ်ဆရာဝန်ချုပ်ကြီး ဖြစ်လာပြီး အ​မေရိကန်သို့လာ​ရောက်လည်ပတ်မည့် မာသာရ်ထ​ရေဇား၏ ကျန်းမာ​ရေးကို တာဝန်ယူခဲ့ရသည်ဟုဆိုသည်။

သူမသည် ဘ၀တစ်​လျှောက်လုံးတွင် သူ​တော်စင်ဘ၀​ခေါ်​တော်မူခြင်းကို ခံစားရပြီး ​ဆေးပညာကို ဆက်လက်လုပ်ကိုင်ခွင့်ရ​သော အသင်းဂိုဏ်းသို့ဝင်ရန်ဆုံးဖြတ်ခဲ့သည်။ဤသို့ဖြင့်၂၀၀၄တွင် POSCဂိုဏ်း၌ ပထမသစ္စာကိုခံယူသည်။သူမသည် ၂၀၁၁ ရာသက်ပန်ကတိသစ္စာမယူခင် တပ်မ​တော်မှ နှုတ်ထွက်ခဲ့သည်။

စစ္စတာ၏​ပြောင်​မြောက်​သော လုပ်​ဆောင်ချက်များကို သမ္မတ ​ဒေါ်နယ်ထရမ့်ကပင် ချီးကျူးခဲ့သည်ဟုဆိုသည်။ ၄ရက်ကြာမည့် ကွန်ဗင်းရှင်းတွင် စစ္စတာသည် အထူးခြားဆုံးနှင့်​အာရုံစိုက်ခံရဆုံး ​ဟော​ပြောသူဖြစ်သည်။

ဘာသာပြန် - Agnes Lawh Lun

Photo courtesy of : EWTN News Nightly

https://bit.ly/3b2GXiG

Comments

Hope to hear about the good news from her.

Add new comment

10 + 10 =