အင်္ဂလန် ကာဒီနယ်တစ်ပါးသည် အင်္ဂလန်ဘုရင်မ၏ နှစ်သစ်ဂုဏ်ပြုခံရသည့်စာရင်း၌ပါလာ

အင်္ဂလန် ကာဒီနယ်တစ်ပါးသည် အင်္ဂလန်ဘုရင်မ၏ နှစ်သစ်ဂုဏ်ပြုခံရသည့်စာရင်း၌ပါလာ

အင်္ဂလန် ကာဒီနယ်တစ်ပါးသည် အင်္ဂလန်ဘုရင်မ၏ နှစ်သစ်ဂုဏ်ပြုခံရသည့်စာရင်း၌ပါလာ

အင်္ဂလန်ဘုရင်မ၏ ဂုဏ်ပြုခံရသည့်အတွက် အလွန်ကျေးဇူးတင်ကြောင်းဖြင့် အဆိုပါကာဒီနယ်က ပြီးခဲ့သော တနင်္လာနေ့ကပြောကြားခဲ့သည်။

ဂုဏ်ပြုခံရသော ကက်သလစ်ကာဒီနယ်မှာ Cardinal Michael Fitzgerald ဖြစ် သည်။ သူသည်ယခင်က သက်၀င်ယုံကြည်မှုမတူသောဘာသာအချင်းချင်း တွေ့ဆုံဆွေးနွေးသည့်အဖွဲ့၏ဥက္ကဌဖြစ်ခဲ့ သည်။ ယခင်သူထမ်းဆောင်ခဲ့သောအမှုတော်အတွက် ဘုရင်မက သူ့အား ဒီဇင်ဘာ (၃၁) ရက်နေ့ကဂုဏ်ပြုခဲ့ခြင်း ဖြစ်သည်။ သူသည် သက်တော် (၈၄) နှစ်ရှိပြီဖြစ်၍ အမှုတော်မှအနားယူခဲ့ပြီး၊ ယခုအခါ လီဗာပူး၌အနားယူလျှက်ရှိ သည်။ အဆိုပါအမှုတော်ထမ်းဆောင်နေခဲ့စဉ်ကာလတစ်လျှောက်လုံး၌ ခရစ်ယာန်နှင့်မွတ်စလင်ဘာသာကြား ဆက် ဆံရေးကောင်းမွန်စေရန်တိုးမြှင့်လုပ်ဆောင်ခဲ့သည်။ သူသည် society of apostolic life အသင်း၀င်ဖြစ်ပြီး၊ (၁၈၆၈) ခုနှစ်က ပြင်သစ်ကာဒီနယ် Charles Lavigerie တည်ထောင်ခဲ့သောအသင်းဖြစ်သည်။ ကနဦးက အသင်းတည်ထောင် ရခြင်း၏ရည်ရွယ်ချက်မှာ အာဖရိကတိုက်သို့သာသနာပြုရန်ဖြစ်သည်။

ဤဂုဏ်ပြုခြင်းအခမ်းအနားမျိုးကို နှစ်သစ်၌တစ်ကြိမ်နှင့်ဘုရင်မ၏မွေးနေ့ဖြစ်သော ဇွန်လ၌တစ်ကြိမ် တစ် နှစ်လျှင် (၂) ကြိမ်ရွေးချယ်လေ့ရှိသည်။ ဂုဏ်ပြုချီးမြှင့်ရာ၌ အမျိုးအစား (၃) မျိုးရှိသည်။ ၁) (CBE) ဟုခေါ်သော ‘the Order of the British Empire’၊ ၂) (OBE) Order of the British Empire၊ ၃) (MBE) Order of the Empire တို့ဖြစ် ကြသည်။

ကာဒီနယ်သည် ပထမအမျိုးအစားကိုလက်ခံရရှိခဲ့ခြင်းဖြစ်သည်။ ကာဒီနယ် Fitzgerald သည် ဘုရင်မ၏ဂုဏ်ပြု ခြင်းကိုခံရသော ပထမဦးဆုံးကက်သလစ်ကာဒီနယ်မဟုတ်ပေ။ (၁၉၉၉) ခုနှစ်ကလည်း Westminster ကာဒီနယ်ဖြစ် သော ကာဒီနယ် Basil Hume အား the prestigious Order of Merit ဂုဏ်ထူးဆောင်ဆုကိုချီးမြှင့်ခဲ့သည်။ ဤဆု သည် သက်ရှိထင်ရှားရှိသောသူ (၂၄) ဦးကိုသာချီးမြှင့်လေ့ရှိသည်။ ကာဒီနယ် Basil Hume သည် အဆိုပါဂုဏ်ထူး ဆောင်တံဆိပ်ကိုလက်ခံရရှိပြီးနောက် များမကြာမီတွင်ပျံလွန်သွားခဲ့သည်။

ဘုရင်မ၏ ဂုဏ်ပြုခြင်းကိုခံရအခြားသော ကက်သလစ်ဘာသာ၀င်တစ်ဦးမှာ တစ်ချိန်က (၁၉၉၇ - ၂၀၀၇) အထိ ဗြိတိန်နိုင်ငံ၏ ၀န်ကြီးချုပ်ဖြစ်ခဲ့သော တိုနီဘဲလဲဖြစ်သည်။ သူသည် ၀န်ကြီးချုပ်တာ၀န်မှအနားယူပြီးနောက် ကက်သလစ်ဘာသာ၀င်အဖြစ်ခံယူခဲ့သည်။

ကာဒီနယ် Fitzgerald သည် ဗာတီကန်ရုံးတော်၏ သက်၀င်ယုံကြည်မှုမတူညီသော ဘာသာအချင်းချင်းတွေ့ ဆုံညှိုနှိုင်းရေးကောင်စီ၏ ဥက္ကဌအဖြစ်လည်း (၂၀၀၂ မှ ၂၀၀၆) ခုနှစ်အထိထမ်းဆောင်ခဲ့သည်။ ထိုစဉ်က သူသည် အီ ဂျစ်နိုင်ငံအတွက် ရဟန်းမင်းကြီး၏ကိုယ်စားလှယ်အဖြစ်ထမ်းဆောင်နေစဉ်ဖြစ်သည်။ ထိုအမှုတော်မှအနားယူပြီး နောက် (၂၀၁၂) တွင် သက်တော် (၈၀) ပြည့်သွား၍ အမှုတော်မှလည်းအနားယူခဲ့သည်။ အနားယူပြီးနောက် ဂျေရူး ဆလင်၌သီတင်းသုံးနေခဲ့ပြီး၊ နောက်ပိုင်းမှလီဗာပူးလ်သို့ပြန်လာခဲ့သည်။ ကာဒီနယ်အဖြစ် (၂၀၁၉) ခုနှစ်၌တင်ရွေး ချယ်ခံခဲ့ရသည်။

 

(၂၀၂၀) ခုနှစ်၌ George Floyd ၏လုပ်ကြံခံရမှုနှင့်ပတ်သက်၍ ကာဒီနယ် Fitzgerald က ကက်သလစ်ဘာသာ ၀င်တို့အား အသားအရောင်ခွဲခြားမှုနှင့်ဆိုင်သော မတရားမှုများအတွက် လှုပ်ရှားမှုများတွင် တက်ကြွစွာပါ၀င်ရပ်တည်ကြရန် အားပေးတိုက်တွန်းခဲ့သည်။

ရဟန်းမင်းကြီးဖရန်စစ်သည် ကမ္ဘာ့ဘာသာကြီးများနှင့်ချိန်ဆက်လုပ်ကိုင်နေကြသော ကက်သလစ်ဘာသာ၀င်များကို အားပေးကြောင်းကိုလည်း တနင်္လာနေ့ကပြောကြားသွားသည်။ ရဟန်းမင်းကြီးသည် အပြောသာမဟုတ်။ အလုပ်နှင့်ပါသက်သက်သေပြသည့်သဘောဖြင့် ‘Fraternity and Fratelli tutti’ (ညီရင်းအစ်ကို မောင်နှမများအားလုံး) အမည်ရသော စာချွန်တော်ကိုလည်း လက်မှတ်ရေးထိုးခဲ့သည်။ ဤသို့လက်မှတ်ရေးထိုးခြင်း ဖြင့် ကမ္ဘာကြီးကအလွန်အင်မတန်လိုအပ်နေသော ညီရင်းအစ်ကိုမောင်နှမများစိတ်ဓာတ်ဖြင့်ဆက်ဆံသော လူမူအ သိုင်းအ၀ိုင်းကြီးကိုတည်ဆောက်ရန်အားပေးနှိုးဆော်နေခြင်းဖြစ်ကြောင်းသူက CNA သတင်းဌာနကိုပြောကြားခဲ့ သည်။

RVA ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3qRO31H
 

Add new comment

4 + 15 =