အင်္ဂလန်၌အသတ်ခံရသော ဥပဒေပညာရှင်သည် ကက်သလစ်ဘာသာတူဖြစ်ပြီး၊ သန္ဓေဖျက်ချခြင်းကိုဆန့်ကျင်သူဖြစ်သည်ဟုဆို

အင်္ဂလန်၌အသတ်ခံရသော ဥပဒေပညာရှင်သည် ကက်သလစ်ဘာသာတူဖြစ်ပြီး၊ သန္ဓေဖျက်ချခြင်းကိုဆန့်ကျင်သူဖြစ်သည်ဟုဆို

အင်္ဂလန်၌အသတ်ခံရသော ဥပဒေပညာရှင်သည် ကက်သလစ်ဘာသာတူဖြစ်ပြီး၊ သန္ဓေဖျက်ချခြင်းကိုဆန့်ကျင်သူဖြစ်သည်ဟုဆို

ပြီးခဲ့သည့်သောကြာနေ့က ဗြိတိန်၏ဥပဒေပညာရှင်တစ်ဦးသည် အင်္ဂလန်အရှေ့တောင်ပိုင်း မက်သိုဒစ်ဘု ရားကျောင်း၌ရှိနေစဉ် ဓားဖြင့်အချက်ပေါင်းများစွာထိုးနက်ခံရပြီး ဆုံးပါးသွားခဲ့သည်။ သူ၏အမည်ကား Sir David Amess ဖြစ်သည်။

သူသည် (၆၉) နှစ်သာရှိသေးသည်။ (၁၉၈၃) ခုနှစ်မှစ၍ ပါလီမန်အဖွဲ့၀င်တစ်ဦးလည်းဖြစ်သည်။ ကွန်ဆာဗေးတစ်ပါတီ၀င်လည်းဖြစ်သည်။ သူသည်ကက်သလစ်ဘာသာတူတစ်ဦးဖြစ်ပြီး၊ သန္ဓေတားခြင်းကိုဆန့်ကျင် ကန့်ကွက်သူဖြစ်သကဲ့သို့ ကက်သလစ်ပညာရေးနှင့်တိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးကိုတစ်စိုက်မတ်မတ်လုပ် ဆောင်ခဲ့သည်။ သူသည် မက်သိုဒစ်ဘုရားကျောင်း၌သူ၏မဲဆန္ဒရှင်များနှင့်တွေ့နေခိုက်တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။ သူ့အားဓားဖြင့်တိုက်ခိုက်ခဲ့သူမှာ အသက် (၂၅) သာရှိသေးသည့် အမျိုးသားတစ်ဦးဖြစ်ပြီး၊ ဖမ်းဆီးထိန်းသိမ်းထား သည်။

ဤသတင်းအတွက် Westminster မှကာဒီနယ် Vincent Nichols က ၀မ်းနည်းကြောင်းကြေညာချက်ကိုထုတ် ပြန်လိုက်ပြီး၊ Amess ၏ကြွင်းကျန်သောရုပ်ကလပ်သို့သွားရောက်ဆုတောင်းပေးခဲ့သည်။ Amess ၏၀ိညာဉ်အတွက်နှင့် မိသားစု၀င်များဘုရားသခင်ထံမှနှစ်သိမ့်ခြင်းခွန်အားရရှိရေး ဆု‌တောင်းပေးကြပါရန်တိုက်တွန်းခဲ့သည်။ သူသည် ဆေးကြောခြင်းစက္ကရာမင်းတူအားဖြင့် ဘုရားသခင်ပေးအပ်သော သာသနာပြုခြင်းအမှုတော်ကို လူသူကြားထဲ၌ လည်းမပျက်အကွက် ရက်ရောစွာ၊ ရိုးသားဖြောင့်မတ်စွာသက်သေခံခဲ့သူဖြစ်သည်။ သူသည်ပါလီမန်၌ ဆယ်စုနှစ် (၄) စုမျှအမှုထမ်းခဲ့သည်။ သူ၏နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များ၏ လေးစားယုံကြည်မှုကိုခံရသူဖြစ်သည်။ သူ၏လုပ်ကြံခံရမှုသည် အလွန်ကြီးမားသောဆုံးရှုံးမှုပင်ဖြစ်သည်။

အင်္ဂလန်၀န်ကြီးချုပ် Boris Johnson က Amess အနေဖြင့် အဖိနှိပ်ခံ၊ အမေ့လျော့ခံ၊ အပယ်ခံများကိုကာကွယ် ရေးဥပဒေရေးဆွဲချမှတ်ရာ၌ အလွန်ထူးခြားသောမှတ်တမ်းများရှိခဲ့သည်ဟုပြောကြားခဲ့သည်။ Right to Life ဟုအမည် ပေးထားသော အင်္ဂလန်နိုင်ငံမှ သန္ဓေဖျက်ချခြင်းကိုဆန့်ကျင်သည့်အဖွဲ့က Amess သည် ‘သန္ဓေဖျက်ချခြင်းကိုဆန့် ကျင်သောသူရဲကောင်း’ ဖြစ်သည်ဟုပြောကြားခဲ့သည်။ Sir David Amess ၏ကွယ်လွန်ခြင်းသည် အကြောင်းမဲ့သတ် ဖြတ်ခံရခြင်းဖြစ်ပြီး၊ အလွန်ကြီးမားသောဆုံးရှုံးမှုကြီးဖြစ်သည်။ ကျွန်ုပ်တို့အားလုံး ကျန်ရစ် သောသူ့ဇနီးဂျူလီယာနှင့် သားသမီး (၅) ဦးအတွက်ဆုတောင်းပေးပါကြောင်းဖြင့် ‘Right To Life’ အဖွဲ့၏ပြောရေးဆိုခွင့်ရှိသူ Catherine Robinson ကပြောကြားခဲ့သည်။

သူသည် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရသော (၁၉၈၃) ခုနှစ်မှစ၍ အခြေခံလူတန်းစားများ၊ အမေ့ခံ၊ အပယ်ခံ၊ဥပဒေ၏ အကာအကွယ်ပေးမှုမခံရသောလူတန်းစားများအတွက် မားမားမတ်မတ်ရပ်တည်လာခဲ့ သူဖြစ်သည်။ ထို့အတူ မမွေးဖွားရသေးသည့် ကိုယ်၀န်များ၏အခွင့်အရေးနှင့်အသက်ရှင်ရေးကိုလည်းကောင်း၊ ကိုယ် ၀န်ဆောင်အမျိုးသမီးများ၏အခက်အခဲပြဿနာကိုလည်းကောင်း စိတ်နှစ်၍ကာကွယ်ပေးခဲ့သည်။ သူနှင့်အတူလက် တွဲအလုပ်လုပ်ခဲ့ဖူးသူများအနေဖြင့် သူသည်ကြင်နာတတ်သူ၊ ဂရုစိုက်တတ်သူ၊ ပျော်တတ်သူ၊ အကာအကွယ်မဲ့လူ တန်းစားများအား အပြည့်အ၀ကာကွယ်ရပ်တည်သူအဖြစ်သိကြသည်။ ခံစားမိကြသည်။

အကြောင်းကြောင်းကြောင့် ဆက်လက်အသက်မရှင်လိုတော့သည့်သူများအား သေအောင်ဖန်တီးပေးခြင်းကို နိုင်ငံတော်အနေဖြင့် ခွင့်ပြုရေးမပြုရေးဥပဒေအတွက် မဲခွဲဆုံးဖြတ်ရာတွင် သူသည်ကန့်ကွက်မဲထည့်ခဲ့သည်။ ကာဒီ နယ် Nichols ကလည်း Amess သည် (၂၀၁၀၊ စက်တင်ဘာလ) က ရဟန်းမင်းကြီးဘေနေဒစ် (၁၆) (ငြိမ်း) ၏ အင်္ဂလန်ပါလီမန်သို့ သမိုင်း၀င်အလည်အပတ်ကြွရောက်နိုင်စေရန်အတွက် အစွမ်းကုန်ကြိုးစားခဲ့သူဖြစ်ကြောင်း၊ (၂၀၀၆) ခုနှစ်ကလည်း သက်၀င်ယုံကြည်မှုမတူသော ဘာသာ၀င်များဖြင့်ဖွဲ့စည်းထားသော ပါလီမန်အတွင်းရှိအဖွဲ့နှင့်ဗာတီ ကန်ဆက်ဆံရေးကောင်းမွန်စေရန်စွမ်းဆောင်ခဲ့ကြောင်း၊ သူသည်ဗြိတိန်ပါလီမန်အဖွဲ့နှင့်ဗာတီကန်၏အုပ်ချုပ်ရေး မှူးဖြစ်သော ကာဒီနယ် Parolin၊ ကက်သလစ်ခေါင်းဆောင်များနှင့်လည်းဆက်ဆံရေးပြေပြစ်စေရန်ကြိုးစားခဲ့ ကြောင်း၊ ဤအားထုတ်မှုများသည် အလွန်လေးစားထိုက်ပြီး၊ ယခုကဲ့သို့ဖြစ်သွားသည့်အတွက် ကြီးမားသောဆုံးရှုံးမှု ကြီးဖြစ်ရကြောင်း ကာဒီနယ်ကထုတ်ဖော်ပြောကြားခဲ့သည်။

အင်္ဂလန်နှင့်‌ေ၀လကက်သလစ်ဆရာတော်ကြီးများလက်အောက်ရှိ ပညာရေးကော်မရှင်ကလည်း ‘Sir David Amess ၏ကွယ်လွန်ခြင်းသည် အလွန်ထိတ်လန့်ကြေကွဲဖွယ်ဖြစ်သည်။ သူသည် အလွန်ထင်ပေါ်ပြီး၊ ကက်သလစ်ပီသသောဘာသာတူတစ်ဦးဖြစ်သည်။ ကက်သလစ်ပညာရေးကိုလည်း မမှိတ်မသုန်အားပေးထောက်ခံသူဖြစ် သည်။ သူ၏၀ိညာဉ်သည် ထာ၀ရချမ်းသာရပါစေ။ အာမင်’ ဟု ၄င်းတို့၏တွီတာ၌ရေးတင်ထားသည်။

ဗြိတိန်အခြေစိုက် ဟောင်ကောင်အရေးနှင့်ပတ်သက်၍ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကိုပူးတွဲတည် ထောင်သူလည်းဖြစ် ပြီးစီမံခန့်ခွဲသူလည်းဖြစ်သော Benedict Rogers ကလည်း ‘သူနှင့် Amess တို့သည် အပြည်ပြည် ဆိုင်ရာလူ့အခွင့်အရေးအတွက် နှစ်အတော်ကြာအလုပ်အတူတွဲလုပ်ခဲ့ဖူးကြောင်း၊ သူသည်အလွန်နွေးထွေးပျူဌာသူ၊ ကြင်နာတတ်သူ၊ ပျော်တတ်သူဖြစ်ကြောင်း၊ ပါလီမန်အတွက်အစဉ်ရပ်တည်ရန်ကိုလည်း အားပေးတိုက်တွန်းခဲ့ ကြောင်း၊ သူသည်နှစ်နှစ်ခြိုက်ခြိုက်ပြုံးတတ်သောအပြုံးပိုင်ရှင်ဖြစ်ကြောင်း၊ ဟာသများလည်းဖောက်တတ်ကြောင်း၊ အလွန်စိတ်ကောင်းရှိသူဖြစ်ကြောင်း၊ သူသည်အလွန်ထင်ရှားသောပုဂ္ဂိုလ်ဖြစ်ပြီး၊ သူ၏ဆုံးပါးခြင်းသည် နှမျောတသ စရာကြီးဖြစ်ရကြောင်းတွီတာတွင်ရေးတင်ထားသည်။

Amess သည် (၂၀၁၆) အင်္ဂလန် ဥရောပသမဂ္ဂအဖွဲ့မှခွဲထွက်ရေး၊ ဆက်လက်အဖွဲ့၀င်အဖြစ်ရှိနေရေးနှင့်ပတ် သက်၍လည်း ခွဲထွက်ရေးကိုပြတ်ပြတ်သားသားရပ်တည်ထောက်ခံခဲ့သည်။ သူမတိုင်မီ ယခုကဲ့သို့လုပ်ကြံခံရသော ဗြိတိန်ပါလီမန်အမတ်မှာ (၂၀၁၆) ခုနှစ် အစည်း အဝေး ခန်းမအပြင်ဖက်၌သူ၏ လုပ်ဖော်ဆောင်ဖက်များနှင့်ရှိနေစဉ် သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of Sky News

https://bit.ly/3j90eV6

Add new comment

8 + 4 =