အင်္ဂလန်အသင်းတော်၏ဘုန်းကြီးတစ်ပါးဖြစ်ခဲ့သူအားကက်သလစ်ဆရာတော်တစ်ပါးအဖြစ်တင်မြောက်

အင်္ဂလန်အသင်းတော်၏ဘုန်းကြီးတစ်ပါးဖြစ်ခဲ့သူအားကက်သလစ်ဆရာတော်တစ်ပါးအဖြစ်တင်မြောက်

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် အင်္ဂလီကန်ဘုန်းတော်ကြီးအဖြစ်မှကက်သလစ်ဘုန်းကြီးအဖြစ်ကူးပြောင်းလာသော ဖာသာရ် David Arthur Waller အား Walsingham မယ်တော် သာသနာ၏သာသနာ ပိုင်ဆရာတော်အဖြစ် ရွေးချယ်တင်မြောက်ခဲ့သည်။

ယခုကဲ့သို့ အင်္ဂလီကန်ဘုန်းကြီးဘ၀မှကက်သလစ်ဘုန်း ကြီးအဖြစ်ပြောင်းလဲခံယူခဲ့သော ဘုန်းကြီးအား ကက်သလစ်ဆရာတော်တစ်ပါးအဖြစ်ရွေးချယ်တင်မြောက်ခြင်းသည် ကက်သလစ်သာသနာ၏သမိုင်း၌ ပထမဦးဆုံးအကြိမ်ဖြစ်သည်။

ယခုရွေးချယ်ခံထားရသောဆရာတော်လောင်းသည် သိက္ခာထပ်ပြီးနောက် ဆရာတော် Keith Newton ၏ အရိုက်အရာကိုဆက်ခံရမည်ဖြစ်သည်ဟုဆိုသည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bitly.cx/9lL

Add new comment

1 + 1 =