အင်္ဂလန်ဘုရင်မအဲလစ်ဇဘက် (၉၄) နှစ်မြောက်မွေးနေ့ကျင်းပ

အင်္ဂလန်ဘုရင်မအဲလစ်ဇဘက် (၉၄) နှစ်မြောက်မွေးနေ့ကျင်းပ

အင်္ဂလန်ဘုရင်မ၏ (၉၄) နှစ်မြောက်မွေးနေ့ကိုဂုဏ်ပြုသောအားဖြင့် သူနှင့်ရဟန်း မင်းကြီးအဆက်ဆက်တို့၏တွေ့ ဆုံဖြစ်ခဲ့သည့်သမိုင်း၀င်နေ့စွဲများကိုပြန်လည်ဖော်ထုတ် ကြည့်ကြပါစို့။ အင်္ဂလန်မင်းဆက်များအနက်နန်းသက်အရှည် ဆုံးဖြစ် သောအဲလစ်ဇဘက် ဘုရင်မသည်ရဟန်းမင်းကြီးလေးပါးနှင့်ဆုံခဲ့သည်။ ဘုရင်မသည် (ဧပြီလ၊ ၂၁၊ ၁၉၂၆) ရက်နေ့၌မွေး ဖွား ခဲ့သော်လည်းသူ၏မွေးနေ့ကိုဇွန်လဒုတိယပတ်စနေနေ့၌သာကျင်းပ လာခဲ့သည်။ ယခု နှစ်၌မူထိုဇွန်လဒုတိယပတ်စနေနေ့ သည် (၁၃) ရက်နေ့တွင်ကျရောက် ပြီး၊ သူ၏ (၉၄) နှစ် ပြည့်မွေးနေ့လည်းဖြစ်ကာ၊ နန်းသက် (၆၇) နှစ်ပြည့်လည်းဖြစ်သည်။ သူသည်ခမည်းတော်ဂျော့ဘုရင် (၆) နတ်ရွာစံပြီးနောက် (၁၉၅၃) ခုနှစ်တွင်ထီးနန်းဆက် ခံခဲ့သည်။ ထီးနန်းဆက်ခံစဉ်က သူ ၏ (၂၅) နှစ်သာရှိသေးသည်။ ဘုရင်မသည်ဗာတီကန် သို့ (၁၉၅၁) ခုနှစ်တွင်ဘုရင့်သမီးတော်အဖြစ်ပထမဆုံးအကြိမ်လာ ရောက်လည်ပတ်ခဲ့ သည်။ ထိုစဉ်ကရဟန်းမင်းကြီးပီအုစ့် (၁၂) ကသာသနာတော်ကြီးကိုဦးဆောင်နေသည်။

ဗြိတိန်ဘုရင်မအဖြစ်ပထမဆုံးအကြိမ်

အဲလစ်ဇဘက်ဘုရင်မသည်ဗာတီကန်သို့ပထမအကြိမ်လာရောက်စဉ်ကဗြိတိန်ဘုရင်၏သမီးတော်အဖြစ်လာရောက်ခဲ့ပြီး၊ (၁၉၆၁၊ မေလ၊ ၅) ရက်နေ့၌မူဗြိတိန်ဘုရင်မအဖြစ် ဒုတိယအကြိမ်သူ၏ကြင်ယာတော်ဖိလစ်နှင့်လာရောက်ခဲ့သည်။ ထိုစဉ်ကရဟန်းမင်းကြီး ဂျွန် (၂၃) ကသာသနာတော်ကြီးကိုဦးဆောင်နေပြီး၊ ၄င်းတို့အားလှိုက်လှဲဖော်ရွေစွာလက်ခံကြိုဆိုခဲ့ သည်။

အဲလစ်ဇဘက်ဘုရင်မရဟန်းမင်းကြီးဂျွန်ပေါလ် (၂) ထံလာရောက်လည်ပတ်

ဘုရင်မသည်ဗာတီကန်သို့တတိယအကြိမ်အလည်အပတ်ကို (၁၉၈၀) ခုနှစ်၊ ရဟန်းမင်းကြီးဂျွန်ပေါ်လ် (၂) သာသနာဦးဆောင်နေစဉ်အချိန်ဖြစ်သည်။ ယခုတစ်ခေါက် လည်ပတ်ခြင်းသည်ဗာတီကန်၏ဧည့်သည်အဖြစ် ပထမအကြိမ်လာ ရောက်လည်ပတ်ခြင်း ဖြစ်သည်။ ဘုရင်မနှင့်အတူအင်္ဂလန်အသင်းတော်၏ဘာသာရေးခေါင်းဆောင်များလည်း ပါလာခဲ့သည်။ ရဟန်းမင်းကြီး၏ (၁၉၈၂) နှစ်ဗြိတိန်သို့လာရောက်လည်ပတ်ခြင်းကို လည်းလူသိရှင်ကြားကြိုဆိုခဲ့သည်။ သို့သော်ရဟန်းမင်း ကြီး၏အလည်အပတ်ခရီးသည်တ မန်တော်ခရီးစဉ်သာဖြစ်သည်။

ရဟန်းမင်းကြီးဂျွန်ပေါလ် (၂) သည်စီစဉ်ထားသည့်အတိုင်း (၁၉၈၂) ၌ဗြိတိန်သို့တ မန်တော်ခရီးကြွသွားခဲ့သည်။ ဤ တမန်တော်ခရီးသည်သမိုင်းဝင်ခရီးဖြစ်ခဲ့သည်။ အဘယ် ကြောင့်ဆိုသော်ဗာတီကန်နှင့်ဗြိတိန်တို့၏ဆက် ဆံရေးသည်အာဂျင် တီးနားကိုဗြိတိန်တပ်များစစ်ဆင်ပြီး Falkland Islands ကိုသိမ်းပိုက်မူနှင့်ပတ်သက်၍ ဆက်ဆံရေးအပြေ ပြစ်ဖြစ်နေခဲ့သည်။ ထို့နောက် (၁၈) အကြာရာစုအသစ်၌ ဘုရင်မသည်ရဟန်းမင်းကြီးဂျွန် ပေါလ် (၂) ထံတတိယအကြိမ်လာရောက်လည်ပတ် ခဲ့ ပြီး၊ မိန့်ခွန်းများချွေခဲ့ကြသည်။

ရဟန်းမင်းကြီးဘက်နက်ဒစ် (၁၆) နှင့်လည်းတွေ့ဆုံခဲ့

ဘုရင်မသည် (၂၀၁၀၊ စက်တင်ဘာလ) ကလည်းထိုစဉ်သာသနာတော်ကြီးကိုဦး ဆောင်နေသောရဟန်း မင်းကြီး ဘက်နက်ဒစ် (၁၆) နှင့်လည်းအင်္ဂလိပ်လူမျိုးဖြစ်သောကာ ဒီနယ်ဂျွန်ဟင်းနရီနူးမင်း၏သူတော်စင်တင် မြောက်ခြင်း၀တ်ပြု ခြင်းအတွက်ရောက်ရှိနေစဉ်တွေ့ဆုံခဲ့သည်။ ရဟန်းမင်းကြီးကဘုရင်မအား စကော့တလန်၊ Edinburgh ၌တွေ့ဆုံခဲ့ ပြီး၊ အလွန်ရင်းနှီးသောကမ်းလက်အတွက်အထူးကျေးဇူး တင်ပါကြောင်းမိန့်ကြားခဲ့သည်။

ရဟန်းမင်းကြီးဖရန်စစ်နှင့်လည်းတွေ့ဆုံခဲ့

နောက်ဆုံး၌ ဘုရင်မသည် (၂၀၁၄) ခုနှစ်၊ အီတလီနိုင်ငံ၌ရောက်ရှိနေစဉ် အီတလီ သမ္မတ နပိုလီတားနိုနှင့်တွေ့ဆုံအပြီး၊ ဗာတီကန်သို့သွားရောက်ပြီး၊ ရဟန်းမင်းကြီးဖရန် စစ်အားနှုတ်ဆက်ခဲ့သည်။ ယခုတစ်ခေါက်ဘုရင်မ၏ဗာတီကန်သို့လည်ပတ်ခြင်းသည်ခု နှစ်ကြိမ်မြောက်လည်ပတ်ခြင်းဖြစ်ပြီး၊ ရဟန်း မင်းကြီးငါးပါးမြောက်နှင့်တွေ့ဆုံခြင်းဖြစ် သည်။ သူ၏လာရောက်လည်ပတ်ခြင်းသည်လည်းဗြိတိန်နိုင်ငံမှအာဂျင်တီးနားပိုင် Falkland Islands ကိုသိမ်းပိုက်ခဲ့သည်မှာ (၃၂) ‌မြောက်နှစ်ပတ်လည်နေ့နှင့်လည်းတိုက်ဆိုင်နေခဲ့သည်။ ထိုကျွန်းကိုအာဂျင် တီးနာနိုင်ငံသားတို့က Las Malvinas ဟုခေါ်သည်။

ယခုနှစ်အဲလစ်ဇဘက်ဘုရင်မနှင့်ကမ္ဘာတစ်ဝှမ်း ၌သူ ၏မွေးနေ့ပွဲကိုကျင်းပနေကြသော်လည်း ကိုရိုနာဗိုင်းရပ်စ်ရောဂါကပ်ဆိုးကြီးကျရောက်နေချိန်နှင့်တိုက်ဆိုင်နေသောကြောင့်ဘုရင်မအနာကင်း၍သက်ရာကျော်ရှည်ရန်ဆုတောင်းပေးရင်း၊ ဘုရင်မဆုံဆည်းခဲ့သောရဟန်းမင်းကြီးများအားလုံးကိုလည်းပြန်လည်အမှတ်ရ ရန်တင်ပြလိုက်ပါသည်။ ပျော်ရွှင်သောမွေးနေ့ပွဲဖြစ်ပါစေဟုဆုမွန်ချွေပေးလျှက်

ဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

Photo credit: ANSA

https://bit.ly/2YAvzES

Add new comment

12 + 1 =