အင်္ဂလန်နှင့်ဝေလကက်သလစ်ဆရာတော်ကြီးများက လောင် စာဆီမဲ့နည်းလမ်းကိုသုံးကြတော့မည်။

အင်္ဂလန်နှင့်ဝေလကက်သလစ်ဆရာတော်ကြီးများက လောင် စာဆီမဲ့နည်းလမ်းကိုသုံးကြတော့မည်။

အင်္ဂလန်နှင့်ဝေလကက်သလစ်ဆရာတော်ကြီးများက လောင် စာဆီမဲ့နည်းလမ်းကိုသုံးကြတော့မည်။

အင်္ဂလိပ်ကက်သလစ်ဆ ရာတော်ကြီးများသည် အရက်ကိုအခြေခံ၍ စကော့တလန်နိုင်ငံမှထုတ်သော ဘိုင်အို လောင် စာကိုအသုံးပြုနိုင်ရန် အင်္ဂလန်နှင့်ဝေလကက်သလစ်နယ်များ၏ သုံးပုံခန့်သို့ဖြန့်ဖြူးပေးထားပြီးဖြစ်ကြောင်း၊ ဤလောင်စာအစားထိုးကုန်ကို ကက်သလစ်သာသနာအနေ ဖြင့် ၀ယ်ယူအားပေးမှုအကြီးမားဆုံးအဖြစ်လည်းကြေညာ ထားသည်။

သာသနာတော်ကြီးအနေ ဖြင့် လက်ရှိ၌ လိုအပ်သောလောင်စာများကို အခြားသောသာသနာတစ်ခုနှင့်ဖက်စပ်၍ ၀ယ်ယူသုံးစွဲနေရကြောင်း၊ ဤကုမဏီမှာ နှစ်ပေါင်း (၂၀) ကြာပြီဖြစ်ကြောင်း၊ ဤကုမဏီကို Shrewsbury ဂိုဏ်း အုပ်သာသနာ၏ကြပ်မတ်မှုအောက်၌ထားရှိသည်။ ဤကုမဏီမှထုတ်သော ၇၈ ရာခိုင် နှုန်းသောစွမ်းအင်သည် ဖြည့် စွက်လောင် စာမှဖြစ်ပြီး၊ ကျန်သော ရာခိုင်နှုန်းကိုသာလောင် စာများမှထုတ်လုပ်သည်။ အဂ်လန်နှင့်ဝေလသာသနာများအတွက်လို အပ်သည့် (၁၀၀) ရာခိုင်နှုန်းသောစွမ်းအင်များကို သဘာ၀အရင်းအမြစ်မှရယူရန်ဆုံးဖြတ်ထားသည်။ ထို့အတူ သာသနာ ၏ကြပ် မတ်မှုအောက်ရှိစာသင် ကျောင်းများကိုလည်း ဤသို့ပြောင်းလဲသုံးစွဲနိုင်ရန်စတင်လုပ်ဆောင်နေပြီဖြစ်သည်။ ဤ နည်းပညာကို ရေပေးစနစ်အတွက်ကူညီထောက်ပံ့ပေးနေသော အခြားဖွံ့ဖြိုးဆဲနိုင်ငံများသို့လည်း လက်ဆင့်ကမ်းပေး လျှက်ရှိသည်။

Salford John Arnold ၏သာသနာပိုင်ဆရာတော်ကလည်း ယခုကဲ့သို့ သာသနာတော်ကြီးမှအား ထုတ်လုပ်ဆောင်ပေးမှုကို ချီးကျူးခဲ့သည်။ ထို့အတူ ကက်သလစ်ဘာသာ၀င်များအားလည်း လောင်စာအ စားထိုးစွမ်းအင်သုံးသည့်စနစ်ကိုအားပေးရန်၊ ဖော်ထုတ်ပြောဆိုကြရန်၊ အဘယ်ကြောင့်ဆိုသော် လောင်စာ အစားထိုးစွမ်းအင်သည် ပိုကောင်းအောင်လုပ် ဆောင်ရာ၌ ပထမဦးစားပေးနှင့်အမြန်ဆုံးနည်းလမ်းဖြစ် သည်။ ကျွန်ုပ်တို့၏ငွေများကိုရင်းနှီးမြှုပ်နှံရာ၌ ပညာကြွယ်ရမည်။ သေချာစွာတွက်ချက်ရမည်။ အဘယ် ကြောင့်ဆိုသော် အစဉ်ပြောင်းလဲနေမည်။ ဤရင်းနှီးမြှုပ်နှံမှု၌ပါ၀င်ခြင်းဖြင့် ပိုမိုအရည်အသွေးကောင်း သော ထုတ်ကုန်များကို အာမ ခံနိုင်မည်ဖြစ်သည်’ ဟုတိုက် တွန်းထားသည်။ ထို့ကြောင့်လည်း အင်္ဂလန်နှင့်ဝေလ သာသနာ၏ ခေါင်းဆောင်များသည် ဤလောင်စာအစား ထိုးစွမ်းအင်ထုတ်လုပ်မှုနှင့်အသုံးပြုမူနှင့်ပတ်သက် ၍ ပူးတွဲကြေညာချက်တစ်စောင်ကို လာမည့် မေလ (၂၃) ရက်၊ ‘သန့်ရှင်းသော၀ိညာဉ်တော်ဘုရားဆင်း သက်သည့်ပွဲနေ့တနဂ်နွေနေ့’ ၌တရား၀င်ထုတ်ပြန်မည်ဖြစ်သည်။ ထိုနေ့သည် ရဟန်းမင်းကြီးဖရန် စစ် ၏ ရဟန်းမင်းကြီးအဖြစ်အမှုတော်ဆောင်ပြီးနောက် ပထမဦးထုတ်ဝေသောစာချွန်တော်ဖြစ်သည့် ‘Laudato Si’ ထုတ်ဝေသည့် (၆) နှစ်မြောက်နှစ်ပတ်လည်နေ့လည်းဖြစ်သည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of : Marcin Mazur | cbcew.org.uk

https://bit.ly/3vxTgww

Add new comment

4 + 4 =