အင်ဒိုနီးရှား သာသနာရေးဝန်ကြီး ပုပ်ရဟန်းမင်းကြီး နှင့် တွေ့ ဆုံ

အင်ဒိုနီးရှား သာသနာရေးဝန်ကြီး ပုပ်ရဟန်းမင်းကြီး နှင့် တွေ့ ဆုံ

အင်ဒိုနီးရှား သာသနာရေးဝန်ကြီး ပုပ်ရဟန်းမင်းကြီး နှင့် တွေ့ ဆုံ

အင်ဒိုနီးရှားနိုင်ငံ အစိုးရမှ ပုပ်ရဟန်းမင်းကြီးအား လာရောက်လည်ပါတ်ရန် တရားဝင် ဖိတ်စာကို ပေးအပ်ရန် အတွက် အင်ဒိုနီးရှား သာသနာရေးဝန်ကြီး Yaqut Cholil Qoumas သည် ဇွန်လ ၈ ရက် ဗုဒ္ဓဟူးနေ့ က ကျင်းပခဲ့သည့် ပါပါးဖရန်စစ်နှင့် လူထုပရိသတ်တွေ့ဆုံပွဲ အခမ်းအနား သို့ တက်ရောက်ခဲ့ပါတယ်။

ကျွန်တော်သိရသလောက်တော့ ယခုလိုမျိူး ပုပ်ဖရန်စစ်နှင့် နီးကပ်စွာ တစ်စုံတခုပေးအပ်နိုင်ခွင့်ကို လူတိုင်းမရရှိနိုင်သော်လည်း ကျနော် ရရှိနိုင်ခဲ့တဲ့အတွက် အလွန်ပင် ကံကောင်းပါ
တယ်လို့ Qoumas က သူ့ရဲ့ဆိုရှယ်မီဒီယာပေါ်မှာ ဝေမျှထားပါတယ်။

လူထုနှင့်ပါပါးတွေ့ဆုံပွဲတွင် Qoumas က မိမိကိုယ်မိမိ မိတ်ဆက်ရာတွင် အင်ဒိုနီးရှားသာသနာရေးဝန်ကြီး တယောက်အနေနှင့် မိမိနိုင်ငံရှိ ဘာသာကြီး ၆ ခုနှင့် ရာပေါင်းများစွာသော ဒေသတွင်းယုံကြည်မှု များအကြား ငြိမ်းချမ်းရေးနှင့် သဟဇာတဖြစ်မှုဖော်ဆောင်ပေးရကြောင်း ပြောကြားခဲ့ပါတယ် ။

သမ္မတကြီး ဂျိုကိုဝီဒိုဒို ​၏ ဖိတ်ကြားမှုထပ်ဆင့် ပေးအပ်ဖိတ်ခေါ်ပါကြောင်း၊ ပါပါးကိုတွေ့ခွင့်ရရန် စောင့်မျှော်နေကြသည့် အင်ဒိုနီးရှား ဂိုဏ်းချုပ် ဂိုဏ်းအုပ်ဆရာတော်ကြီးများ နှင့် ကက်သလစ်ဘာသာဝင်များ ကိုယ်စားနှုတ်ဆက် ပါကြောင်း နှင့် ပါပါကျန်းမာပါစေကြောင်း သားသမီးများမှ ဆုတောင်းပေးလျှက် အင်ဒိုနီးရှားတွင် တွေ့ဆုံခွင့်ရရန် မျှော်လင့်နေပါကြောင်း ပြောကြားခဲ့ပါတယ် ။

ပါပါးနှင့်တွေ့ဆုံရန် မိမိနှင့်အတူ ကမ္ဘာ့အကြီးဆုံး အစ္စလာမ်မစ် အဖွဲ့စည်းကြီး ဖြစ်သည့် Nahdlatul Ulama အဖွဲ့ ​၏ ဥက္ကဌ ဖြစ်သူ Yahya Cholil Staquf လည်း ပါဝင်ပြီး Staquf သည် ပုပ်ရဟန်းမင်းကြီး နှင့်ယခင်က အကြိမ်များစွာ တွေ့ဆုံခဲ့ပြီး ဝန်ကြီးအား ယခုကဲ့သို့ ပါပါးနှင့် လူချင်းတွေ့ဆုံနိုင်ရန် ဖြစ်လာရကြောင်း ပြောကြားခဲ့ပါတယ်။

ထိုကဲ့သို့ ရောမသို့ ရောက်ရှိနေစဉ် အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ ဗာတီကန်သံရုံး​၏စီစဉ်ပေးမှုဖြင့် သာသနာရေးဝန်ကြီးသည် ရောမရောက် အင်ဒိုနီးရှားလူမျိူးများနှင့်လည်း တွေ့ဆုံရန် အခွင့်ရေးရခဲ့ပါတယ်။ ထိုသူများအနက် ရဟန်းတော်များ ၊ သီလရှင်များ ၊ ကျောင်းသားများနှင့် အလုပ်သမားများ ပါဝင်ကြောင်း

ပါပါးက ၂၀၂၀ ခုနှစ် စက်တင်ဘာလက သွားရောက်ရန် ရည်ရွယ်ခဲ့သော်လည်း Covid ကပ်ရောဂါကြောင်း ဖျက်သိမ်းခဲ့ရသည့် အင်ဒိုနီးရှား ၊အရှေ့တီမော နှင့် ပါပူရာနယူးဂီနီ ခရီးစဉ် များ​၏ ရည်ရွယ်ချက်များ အကြောင်းကိုလည်း ပြန်လည် ဖော်ပြခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံသို့ ၁၉၇၀ ခုနှစ် ဒီဇင်ဘာလတွင် Pope Paul Vl ကလည်းကောင်း၊ ၁၉၈၉ခု အောက်တိုဘာလတွင် Pope John Paul ll ကလည်းကောင်း သွားရောက်လည်ပါတ်ခဲ့ကြောင်း

အရှေ့တီမောနိုင်ငံသို့လည်း ပုပ်ရဟန်းမင်းကြီးမှ သွားရောက်လည်ပါတ်မည်ဖြစ်ကြောင်း လွန်ခဲ့သောလ အနည်းငယ်က ဗာတီကန်မှ အတည်ပြု ပြောကြားထားပြီး ရက်အတိအကျကိုမူ မထုတ်ပြန်သေးချေ။

အင်ဒိုနီးရှားတွင် လူဦးရေသန်းပေါင်း ၂၇၀ နေထိုင် ပြီး ကမ္ဘာ့ ပေါ်တွင် စတုတ္ထလူဦးရေ အများဆုံးနိုင်ငံဖြစ်ပါတယ်။

ကမ္ဘာ့မွတ်စလင် အများစု နေထိုင်သော နိုင်ငံတခုလည်းဖြစ်ကာ အရှေ့တောင်အာရှနိုင်ငံ တခုဖြစ်ပြီး လူဦးရေ​၏ ၁၀% သည် ခရစ်ယာန်များဖြစ်ပါတယ်။ ကက်သလစ် လူဦးရေ ၈ သန်း နေထိုင်လျက်ရှိပါတယ်။

အင်ဒိုနီးရှားတွင် ဘာသာကြီးများဖြစ်သည့် ဟိန္နုဘာသာ၊ ဗုဒ္ဓဘာသာနှင့် အခြားလူနည်းစု ကိုးကွယ်သည့် ဘာသာတရားငယ်များလည်း ရှိတယ်လို့ဆိုပါတယ်။

အာဗီအေဘာသာပြန်- မာကုစ်ညီညီထွန်း
https://bit.ly/3NG1Rqm
 

Add new comment

7 + 11 =