အင်ဒိုနီးရှားမီးတောင်ပေါက်ကွဲမှုမှ ဒုက္ခသည်များအတွက် ပုပ်ဖရန်စစ်ဆုတောင်းပေး

အင်ဒိုနီးရှားမီးတောင်ပေါက်ကွဲမှုမှ ဒုက္ခသည်များအတွက် ပုပ်ဖရန်စစ်ဆုတောင်းပေး

အင်ဒိုနီးရှားမီးတောင်ပေါက်ကွဲမှုမှ ဒုက္ခသည်များအတွက် ပုပ်ဖရန်စစ်ဆုတောင်းပေး

 

အင်ဒိုနီးရှား နိုင်ငံမှ Semeru မီးတောင်ပေါက်ကွဲမှုကြောင့် သေဆုံးသူများနှင့် ဒုက္ခတွေ့ကြရသူများအတွက် ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်ဟာ စိတ်ထိခိုက်ဝမ်းနည်းရပြီး ဆုတောင်း ပေးခဲ့ပါတယ်။

မီးတောင်ပေါက်ကွဲမှုတွင် ကြိုးပမ်းပေးနေကြသော ဒေသန္တရ အကြီးအကဲများ၊ တာဝန်ရှိသူများနှင့်ကယ်ဆယ်ရေးသမားများအတွက်လည်း ဆုတောင်းပေးနေကြောင်းကို အင်ဒိုနီးရှားအတွက် ပုပ်ရဟန်းမင်းကြီးရဲ့ကိုယ်စားလှယ်တော်ဖြစ်တဲ့ ဂိုဏ်းချုပ်ဆရာတော်ကြီး Archbishop Piero Pioppo ထံပေးပို့တဲ့ သဝဏ်လွှာထဲမှာရေးသားဖော်ပြခဲ့တာပါ။ ဘုရားသခင်၏ငြိမ်သက်ခြင်း ခွန်အားကျေးဇူးတော်နဲ့ ကောင်းကြီးမင်္ဂလာ တော်များ ဒုက္ခတွေ့ကြုံကြရသူများအားလုံးအပေါ်သက်ရောက်စေပါရန်နှင့် ၎င်း၏ဆုတောင်းမေတ္တာကိုလည်း ကတိပေးထားတာဖြစ်ပါတယ်။

လူ ၃၄ ဉီးအသက်ဆုံးရှုံးခဲ့ရတဲ့ ဒီမီးတောင်ပေါက်ကွဲမှုအပြီးမှာ အင်ဒိုနီးရှားသမ္မတ  Joko Widodo  ကလည်း ၎င်းအနေနဲ့ ပြုပြင်ဆောင်ရွက်ရေးလုပ်ငန်းများ၊ ပြန်လည်တည့်မတ်ခြင်းများ၊ ကယ်ဆယ်ရေးများကို ကြိုးပမ်းလုပ်ဆောင်သွားမှာဖြစ်တယ်လို့ ကတိကဝတ်ပြုခဲ့တာပါ။

၃၆၇၆ မီတာ အမြင့်ပေရှိတဲ့ Semeru မီးတောင်ဟာ ဒီဇင်ဘာ ၄ ရက်  စနေနေ့ကစပြီး မီးခိုးများထွက်ကျကာ ရွာများဆီသို့ ပျံ့လွင့်လာခဲ့ကြောင်း

အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ရဲ့ထုတ်ပြန်ချက်အရ ၂၂ ဉီးပျောက်ဆုံးနေသေးတာဖြစ်ပြီး လူအမြောက်အများဟာ ဘေးလွတ်ရာကို ရှောင်တိမ်းအချေချ နေကြရဆဲဖြစ်ပါတယ်။

Semeru မီးတောင်ဟာ အင်ဒိုနီးရှားမှာရှိတဲ့ သက်ရှိ မီးတောင် ၁၀၀ ကျော်ထဲမှာ တစ်ခု အပါအဝင်ဖြစ်ကြောင်း ၊ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက် အင်္ဂါနေ့က အဆိုပါမီးတောင်ဟာ ၃ ကြိမ်တိုင်ပေါက်ကွဲခဲ့တာဖြစ်ပြီး ပေါက်ကွဲရာမှာ အပူငွေ့တွေ၊ ကျောက်တွေ၊ မီးခိုးတွေ ပါဝင်ခဲ့တယ်လို့ဆိုပါတယ်။

 

ဘာသာပြန်-စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

https://bit.ly/3GnBNw1

 

 

Add new comment

3 + 0 =