အင်ဒိုနီးရှားပထမဦးဆုံးသာသနာပြုဘုန်းတော်ကြီး သက်တော် (၈၈) ၌ပျံလွန်

အင်ဒိုနီးရှားပထမဦးဆုံးသာသနာပြုဘုန်းတော်ကြီး သက်တော် (၈၈) ၌ပျံလွန်

ဖာသာရ် Jan Olęcki သည် 'ဘုရားသခင်၏နှုတ်တော်ထွက်စကား' ဘုန်းတော်ကြီးအသင်း၀င်တစ်ပါးဖြစ်သည်။ သူသည် ပိုလန်သာသနာပြုဘုန်းတော်ကြီးများအနက် ပထမဦး ဆုံးအသုတ်ဖြစ်ပြီး နို၀င်ဘာလ (၄) ရက်နေ့၊ သက်တော် (၈၈) နှစ်၊ ပိုလန်နိုင်ငံ၌ပျံလွန်သွားခဲ့ သည်။

သူသည် (၁၉၆၅၊ ဇူလိုင်လ ၂၉) ရက်နေ့က အင်ဒိုနီးရှားနိုင်ငံသို့ သာသနာပြုအဖွဲ့နှင့်စေလွှတ်ခြင်းခံခဲ့ရသည်။ ၄င်းတို့သည် စစ်အပြီး သာသနာပြုရန်အတွက် ပိုလန်အစိုးရ၏ခွင့်ပြုချက်ကိုရရှိခဲ့သည့် ပထမဦးဆုံးအသုတ်လည်းဖြစ်သည်။

သူ့အား (၁၉၃၄၊ ဒီဇင်ဘာ ၃) ရက်နေ့၌ ပိုလန်နိုင်ငံ၊ Mroczno ၌နေထိုင်သောလယ်သမားမိဘများဖြစ်ကြသည့် Jozef နှင့် Mariana တို့မှမွေးဖွားခဲ့သည်။ (၁၉၄၉) ခုနှစ်၌ ရဟန်း တစ်ပါးဖြစ်လာရန် Górna Grupa ရှိအခြေခံရဟန်းဖြစ်သင်ကျောင်းသို့၀င်ရောက်ခဲ့သည်။ (၁၉၅၂) ခုနှစ်၌ သာသနာပြုသည့်သူတော်စင်ဖြစ်လာရန် Nysa ရှိ St. Cross သို့၀င်ရောက်ခဲ့ပြန် သည်။ (၁၉၅၃) ခုနှစ်မှစ၍ ကက်သလစ်ရဟန်းတစ်ပါးဖြစ်လာရန်သင်ကြားရသောဒဿနနှင့် ဓမ္မသဂြိုလ်ဘာသာရပ်များကို 'ဘုရားသခင်၏နှုတ်တော်ထွက်စကား' သာသနာပြုဘုန်းတော်ကြီးအသင်း၏ ရဟန်းဖြစ်တက္ကသိုလ်ကျောင်း၌သင်ကြားခဲ့သည်။ (၁၉၆၀၊ ဒီဇင်ဘာ ၁၈) ရက်နေ့၌ဦးပဉ္ဇင်းသိက္ခာကိုလည်းကောင်း၊ (၁၉၆၁၊ ဇန္န၀ါရီလ ၂၉) ရက်နေ့၌ ထာ၀ရရဟန်းသိက္ခာကိုလည်းကောင်းထပ်ခဲ့သည်။

နောက်ပိုင်း၌သူသည် Kisol, Flores၊ အင်ဒိုနီးရှားရှိအခြေခံရဟန်းဖြစ်သင်ကျောင်း ၏ကျောင်းအုပ်အဖြစ်လည်းကောင်း၊ (၁၉၇၄) မှ (၁၉၇၈) အထိ လာတင်း၊ ဂျာမန်နှင့်ဘာသာ ရေးအကြောင်းကိုသင်ကြားခဲ့သည်။ သူသည် တမန်တော်လုပ်ငန်းများ၌ တက်ကြွစွာဆက်ကပ်လုပ်ဆောင်ခဲ့သည်။

(၂၀၁၂) ၌မွေးရပ်မြေပိုလန်သို့ပြန်သွားခဲ့သည်။ သူ၏ကျန်ရှိသောရုပ်ကလပ်အား ပိုလန်နိုင်ငံရှိ သာသနာပြုတို့အနားယူသော
စိန့်ဂျိုးဇက်‌ကျောင်းရှိ သချိုင်း၌မြှုပ်နှံမည်ဖြစ်သည်။

အခြေခံရဟန်းဖြစ်သင်ကျောင်း၌ ပျံလွန်သွားသောဘုန်းတော်ကြီးထံမှ လာတင်းသင်ကြားပေးခဲ့သောတပည့်များအနက်တစ်ဦးဖြစ်သော Piet Sambut က သူသည် စည်းကမ်းကြီးသူ၊ ဘုရား တရားအကြောင်းသင်ကြားပေးတတ်သူ၊ ဘုန်းတော်ကြီးကောင်းတစ်ပါးဖြစ်ကြောင်း၊ လာတင်းဘာသာရပ်ကိုမှန်ကန်စွာသင်ကြားတတ်မြောက်ရေးကိုအလွန်အာရုံထားကြောင်း၊ အလွန်ထက်မြတ်သောသူဖြစ်ကြောင်း၊ အတန်းထဲ၌စိတ်ပျံ့လွင့်နေဟန်များပြ၍မရ၊ တစ်ပါးသူအား အနှောက်အယှက်ဖြစ်စေသည့်အပြုအမူမျိုးပြုလုပ် ၍မရကြောင်း၊ တမန်တော်လုပ်ငန်း၌ အလွန်စိတ်အားထက်သန်သူ၊ ဆုတောင်းခြင်း၊ အထူးသဖြင့် စိတ်ပုတီးစိပ်ခြင်း၌အလွန်စွဲမြဲစွာပြုသူ ဖြစ်ကြောင်း၊ စိတ်ပုတီးစိပ်ခြင်းကို ကျောင်းသားများနှင့်သာစိပ်ခြင်းမဟုတ်ဘဲ ကျောင်းသားများအား စာမေးပွဲစစ်ဆေးဖြေဆိုခိုင်းပြီး စောင့်ကြည့်နေစဉ်၌လည်းစိပ်လေ့ရှိကြောင်းကျောင်းသားဟောင်းမှအမှတ်ရစရာပြောကြားခဲ့သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3UV2MGS

Add new comment

8 + 5 =