အင်ဒိုနီးရှားနိုင်ငံ၊ Sanggau သာသနာအတွက်ဆရာတော်အသစ်ရရှိ

အင်ဒိုနီးရှားနိုင်ငံ၊ Sanggau သာသနာအတွက်ဆရာတော်အသစ်ရရှိ

အင်ဒိုနီးရှားနိုင်ငံ၊ Sanggau သာသနာအတွက်ဆရာတော်အသစ်ရရှိ

ရဟန်းမင်းကြီးဖရန်စစ်က ဖာသာရ် Valentinus Saeng, CP အား အင်ဒိုနီးရှားနိုင်ငံ၊ Sanggau သာသနာအ တွက်ဆရာတော်အဖြစ်ရွေးချယ်လိုက်ပြီဖြစ်သည်။

ယခုရွေးချယ်ခံလိက်ရသောဆရာတော်အသစ်သည်လက်ရှိအမှုထမ်း နေသောဆရာတော် Julius Menccucini, CP ၏အရိုက်အရာကိုဆက်ခံမည်ဖြစ်သည်ဟု

ဆရာတော်ကြီး Julius Menccucini, CP က ပြီးခဲ့သောဇွန်လ (၈) ရက်နေ့ ကက်သီ

ဒြယ် ၌မစ္ဆားပူဇော်နေစဉ် ဘာသာတူများအားအသိပေး ပြောကြားခဲ့သည်။

ယခုကဲ့သို့အသိပေးကြေညာရန် အင်ဒိုနီးရှားနိုင်ငံအတွက် ရဟန်းမင်းကြီးကိုယ် စားလှယ်ဖြစ်သော မွန်ဆီညှော် Piero Pioppo မှတဆင့် ဗာတီကန်၏တရား၀င်‌ အကြောင်းကြားစာလက်ခံရရှိခဲ့ကြောင်း

ယခုဆရာတော်အသစ်အဖြစ်ရွေးချယ်ခံရသောဖာသာရ် Valentinus Saeng CP သည် Borneo ဇာတိဖြစ် သည်။ လက်ရှိ၌ဖီလိုဆိုဖီနှင့်သီဩလိုဂျီဘာသာရပ်များကိုသင်ကြားပေးလျှက်ရှိသည်။

အကြောင်းကြားစာ၌ ရဟန်းမင်း ကြီးက ရဟန်းမင်းကြီး၏ ယခုဆုံးဖြတ်ချက်ကို အသိပေးကြေညာရသောကြောင့်သာသနာအတွင်းမှရဟန်းတော်များ၊ သီလရှင်များ၊ သူတော်စင်များ၊ ဘာသာတူကြီးငယ်များနှင့်ထပ်တူပျော်ရွှင်ရပါကြောင်း၊ ယခုအသစ်ရွေးချယ်ခံလိုက်ရ သော ဆရာတော်အတွက်လည်း အထူးဆုတောင်းပေးကြပါရန်၊ သူ့အားလည်း သိုးထိန်းအသစ်အဖြစ်လှိုက်လှဲစွာကြိုဆို ကြပါရန်တိုက်တွန်းထားပါသည်။

အင်ဒိုနီးရှားနိုင်ငံ၏ရဟန်းမင်းကြီးကိုယ်စားလှယ်ကလည်း ရဟန်းမင်းကြီးသည် လက်ရှိအမှုတော်ထမ်းဆောင် နေသောဆရာ‌တော် Menccucini အား သူထမ်းဆောင်ခဲ့သောအမှုတော်များအတွက် လွန်စွာကျေးဇူးတင်ပြီး၊ သာသ နာပိုင်အဖြစ်အမှုတော်ထမ်းခဲ့သော၀ါလည်းကြာသကဲ့သို့ အောင်မြင်ခဲ့ကြောင်းကိုလည်ထည့်သွင်းပြောကြားခဲ့သည်။

ဆရာတော်ကြီး၏ ကြိုးစားအားထုတ်မှုကြောင့်ပင် Sanggau သာသနာသည် တိုးတက်ပြောင်းလဲလာခဲ့သည်။ ရဟန်း မင်းကြီးက လက်ရှိဆရာတော်၏ အ​မြှော်အမြင်၊ ၀ိညာဉ်ရေးဆုလာဘ်၊ သိုးထိန်းအမှုတော်ကိုထမ်းဆောင်လိုသောပြင်း ပြသည့်စိတ်၊ ခေါင်းဆောင်မှုစွမ်းရည်တို့သည် Sanggau မှကက်သလစ်သာသနာတော်ကို အရေအတွက်လည်းတိုးလာ စေသကဲ့သို့ အရည်အသွေးများလည်းမြှင့်တက်လာစေခဲ့သည်။ အလွန်လှပသောဘုရားကျောင်းဆောင်များလည်းစွာကို လည်းတည်ဆောက်နိုင်ခဲ့သည်ဟုဆိုသည်။

Sanggau သာသနာသည် Kalimantan ပြည်နယ်၏အနောက်ဘက်၊ မြို့တော်နှင့် (၁၅၅၃) ကီလိုမီတာကွာ ‌ေ၀းသည်။

Sanggau အတွင်း လူဦးရေ (၅၆၅၆၀၀) နေထိုင်သည်။ အဆိုပါလူဦးရေ၏ (၅၅) ရာခိုင်နှုန်းမှာ Kalimantan အနောက်ဘက် Sanggau နှင့် Sekadau ဒေသရှိ Dayaks ၌နေထိုင်ကြသည်။ ၄င်းတို့အနက် (၃၀) ရာ ခိုင်နှုန်းမှာမလေးလူမျိုး၊ (၇) ရာခိုင်နှုန်းမှာ ဂျာဗားလူမျိုး၊ (၅) ရာခိုင်နှုန်းမှာ တရုတ်၊ (၃) ရာခိုင်နှုန်းမှာ အခြားသောလူ မျိုးများနေထိုင်ကြသည်။

Sanggau သာသနာကို (၁၉၈၂၊ ဇွန်လ ၈) ရက်နေ့က စတင်တည်ထောင်ခဲ့သည်။ ၄င်းသည် Pontianak ဂိုဏ်းချုပ်သာသနာအောက်ရှိ ဂိုဏ်းအုပ်သာသနာတစ်ခုဖြစ်သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3OUykcJ

Add new comment

10 + 3 =