အင်ဒိုနီးရှားနိုင်ငံရှိ ဒတ်ချ် (Dutch) သာသနာပြု နောက်ဆုံးဖြစ်သည့် ရဟန်း သက်တော် ၈၂ နှစ် တွင် ပျံလွန်

အင်ဒိုနီးရှားနိုင်ငံရှိ ဒတ်ချ် (Dutch) သာသနာပြု နောက်ဆုံးဖြစ်သည့် ရဟန်း သက်တော် ၈၂ နှစ် တွင် ပျံလွန်

အင်ဒိုနီးရှားနိုင်ငံ မြောက်ပိုင်း ဆူလာဝေစီ ပြည်နယ် Manado သာသနာတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဒတ်ချ်သာသနာပြုများထဲမှ နောက်ဆုံးဖြစ်သည့် ဘုန်းတော်ကြီး father Albertus Bernardus Joseph Smit သည် သက်တော် ၈၂ နှစ်အရွယ်တွင် ဩဂုတ်လ ၁၁ ရက်နေ့က ပျံလွန်တော်မူခဲ့သည်။

"သူသည် Manado သာသနာတွင် တာဝန်ထမ်းဆောင်နေသည့် ဒတ်ချ် နိုင်ငံသား နောက်ဆုံး သာသနာပြု တပါးဖြစ်သည်ပြီး ယ္ခုတွင် ကျွန်တော်တို့ မှာ နယ်သာလန်နိုင်ငံမှ သာသနာပြုများ နောက်ထပ် မရှိတော့ပါ ဟု" ယေဇူးရွှေနှလုံးတော်အသင်းဂိုဏ်းမှ Father Johanis Mangkey က ပြောကြားခဲ့သည် ။ Father Johanis သည် အင်ဒိုနီးရှားနိုင်ငံရှိ ယေဇူးရွှေနှလုံးတော် သာသနာပြု အသင်းဂိုဏ်​၏ ဂိုဏ်းအုပ် အကြီးအကဲတဦး ဖြစ်ခဲ့သည်။

Father Smit ကို နယ်သာလန်နိုင်ငံ Goor မြို့တွင် ၁၉၄၀ ခုနှစ် မတ်လ ၁၉၄၀ တွင် ဖွားမြင်ခဲ့ပြီး မိဘနှစ်ပါးမှာ Johan J.B.Smit နှင့် Gerrit Dina Siemerink တို့ ဖြစ်ကြသည်။ ၁၉၆၇ ခုနှစ်မှစ၍ သာသနာတော်တွင် Society of the Sacred Heart of Jesus-Missionarii Sacratissimi Cordis ( ယေဇူးရွှေနှလုံးတော် သာသနာပြု အသင်းဂိုဏ်း MSC ​၏ အသင်းသားအဖြစ် ဝင်ရောက် လုပ်ကိုင်ခဲ့သည်။ သူ့ဘဝ​၏ အချိန်အများစုကို ရဟန်းဖြစ်သင်ကျောင်းသားများ ပျိုးထောင်ရေးအတွက် ကုန်လွန် စေခဲ့သည်။ သူသည် လက်တင် ဘာသာကို သင်ကြားပေးခဲ့ပြီး "Elementa Linguae Latinae" လက်တင်း အခြေခံ သဘောတရားများ )ဆိုသည့် စာအုပ်ကို ရေးသားခဲ့ပြီး ထိုစာအုပ်ကို ပြဌာန်းစာအုပ်အဖြစ် အသုံးပြုခံရသည်။

သူ​၏သာသနာပြု အသက်တာ အတွင်း၌ St.Antonius Padua Tara-Tara သာသနာအုပ်စုတွင် ၁၉၆၇ မှ ၁၉၈၅ အထိ နှင့် St.Antonius Padua tataaran သာသနာအုပ်စုတွင် ၁၉၈၅ မှ ၁၉၈၇ ထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၈၈ ခုမှ စပြီး Kakaskasen Tomohon ,Karmel ​၏ အဓိပတိအဖြစ် တာဝန်ယူခဲ့သည်။

ယေဇူးရွှေနှလုံးတော် အသင်းဂိုဏ်းဝင် ဘုန်းတော်ကြီး Yance Mangkey က " Father Smit သည် ပင်ပမ်းခြင်းကင်းမဲ့စွာဖြင့် သာသနာပြုခဲ့သူ ရဟန်းတပါးဖြစ်ပါသည်ဟု" သက်သေခံ ပြောကြားခဲ့ သည်။

"သူ​၏ ဘဝကို Kakaskasen ရှိ အလယ်တန်း ရဟန်းဖြစ်သင်ကျောင်းမှ ရဟန်းဖြစ်သင်ကျောင်းသားများအတွက် ပေးဆပ်ခဲ့သည်။ သူ​၏ ချစ်ခြင်းနှင့် ဂရုတစိုက်ရှိ မှုတို့ကို လူများစွာ တို့သည် သူ​၏ စောင်မခြင်းမှ တဆင့် ခံစားခဲ့ကြရပါသည်။ ယခုအခါ သူ​၏ တပည့်များစွာထဲမှ ထူးချွန်ပြောင်မြောက်ပြီး ထက်မြက်သည့် ကိုရင်ကြီးများ, ရဟန်းများ, သီလရှင်များနှင့် ဒီကင်များ ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်" ဟု father Mangkeyက ပြောကြားခဲ့သည်။

ယေဇူးရွှေနှလုံးတော် သာသနာပြု အသင်းဂိုဏ်းသည် အရှေ့အင်ဒိုနီးရှား Maluka ,Langgur သို့ နယ်သာလန်နိုင်ငံမှ သာသနာပြုများရောက်ရှိလာခဲ့သည့် ၁၉၀၃ ခု နှစ်မှစ၍ အင်ဒိုနီးရှားတွင် သာသနာပြုလုပ်ငန်း ကို စတင်ခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံ ဘိုနီယိုကျွန်းအရှေ့ပိုင်းရှိ ဆူလာဝေဆီ သို့ နယ်သာလန် ၊ ဂျာမဏီ နှင့် ဘရာဇီလ်း တို့မှ သာသနာပြုများသည် ၁၉၂၀ နှင့် ၁၉၆၇ ခုနှစ်အတွင်း ရောက်ရှိလာခဲ့ကြပြီး Fr. Smit သည် ထိုသူများထဲမှ တဦး အပါအဝင် ဖြစ်သည်။

အင်ဒိုနီးရှား ဒေသအသင်းဂိုဏ်းကိုမူ ၁၉၇၁ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့တွင် စတင် ထူထောင်ခဲ့ပြီး ယခုအခါတွင် အသင်းသား ၃၀၀ ကျော်ရှိနေပြီဖြစ်သည်။ သူတို့​၏ လုပ်ငန်းစဉ်နှင့် သာသနာပြု လုပ်ငန်းများသည်လည်း ၁၃ နိုင်ငံ အထိတိုင် ကျယ်ပြန့်လာခဲ့ပြီ ဖြစ်သည်ဟုဆိုသည်။

အာဗီအေဘာသာပြန်- မာကုစ်ညီညီထွန်း
https://bit.ly/3dsIPqh

Add new comment

2 + 10 =