အင်ဒိုနီးရှားကာဒီနယ် Ignatius Kardinal Suharyo သည် ကလေးနှင့်လူကြီးကာကွယ်ရေး လမ်းညွှန်ချက်ထုတ်ပြန်

အင်ဒိုနီးရှားကာဒီနယ် Ignatius Kardinal Suharyo သည် ကလေးနှင့်လူကြီးကာကွယ်ရေး လမ်းညွှန်ချက်ထုတ်ပြန်

အင်ဒိုနီးရှားကာဒီနယ် Ignatius Kardinal Suharyo သည် ကလေးနှင့်လူကြီးကာကွယ်ရေး လမ်းညွှန်ချက်ထုတ်ပြန်

            အင်ဒိုနီးရှားကာဒီနယ်လည်းဖြစ်ပြီး၊ ဂျာကာတာဂိုဏ်းချုပ်သာသနာ၏ဂိုဏ်းချုပ်ဆရာတော်လည်းဖြစ်သော Ignatius Kardinal Suharyo သည် ကလေးနှင့်လူကြီးများအား ကာကွယ်စောင့်ရှောက်ရေးလမ်းညွှန်ကြေညာချက်ကို ဇန္န၀ါရီလ (၂၀၂၂) ခုနှစ်က သူသီတင်းသုံးသော ကယ်သီဒ ရယ်ဘုရားကျောင်းကြီး၌ ကြေညာခဲ့သည်။

ကာဒီနယ်က ဤကြေညာချက်ကိုထုတ်ပြန်ရခြင်းမှာ အင်ဒိုနီးရှားကက်သလစ်သာသနာတော်ကြီးအနေ ဖြင့် လူသားထုအား လူ့ဂုဏ်သိက္ခာကိုလေးစားလိုက်နာရန် တုန့်ပြန်လိုက်ခြင်းဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် ဤကြေညာချက်အားဖြင့် ကက်သ လစ်သာသနာတော်ကြီးသည် လူဂုဏ်သိက္ခာနှင့်ပတ်သက်သောအမှုကိစ္စတိုင်း၌ ဆက်ကပ်လုပ်ဆောင်ကြောင်းကိုပြသရာလည်းရောက်ကြောင်း၊ ရ ဟန်းမင်းကြီးသည် ယခုကဲ့သို့သော် ကြေညာချက်ကိုထုတ်ပြန်ကြရန် ယခင်နှစ်များမှစ၍ သာသနာတော်ကြီးတစ်ခုလုံးအား တရားပေးတိုက်တွန်း လျှက်ရှိကြောင်း၊ အထူးသဖြင့် ဂျာကာတာဂိုဏ်းချုပ်သာသနာ‌အနေဖြင့် ထိုတိုက်တွန်းနှိုးဆောက်ချက်ကို ‘a Child-Friendly Church Team and Vulnerable Adults’ အမည်ပေးထားသော ‘ကလေး၊ လူကြီးများအားစောင့်ရှောက်သောအသင်း’ တစ်သင်း (၁၅) ဖွဲ့မြောက်ကိုလည်း (ဩဂုတ်လ ၂၀၂၀) ခုနှစ်ကဖွဲ့စည်းထားခဲ့ကြောင်း၊ ဤအဖွဲ့ကိုဖွဲ့စည်းရခြင်း၏အဓိကအကြောင်းအရင်းမှာ ရဟန်းမင်းကြီးဖရန်စစ်၏ လမ်းညွှန်ချက်အတိုင်း သာသနာတော်ကြီး၏ လူမှုရေးဆိုင်ရာလုပ်ငန်းဖြစ်သော KAJ သည် အင်ဒိုနီးရှားနိုင်ငံသားများနှင့်နိုင်ငံအား ဖိတ်ခေါ်နေကြောင်း၊ ယခုကဲ့သို့ကြေ ညာချက်ထုတ်ပြန်နိုင်ရန်မှာ မတူညီသောအဖွဲ့အစည်းများဖြစ်သော သာသနာအတွင်းမှအဖွဲ့အစည်းနှင့်အရပ်ဖက်လူမှုအဖွဲ့များ၊ လူမှုရေးနှင့်လူ သားဆိုင်ရာကိစ္စများအားစောင့်ကြည့်လေ့လာသောအဖွဲ့အစည်းများနှင့်သိပ္ပံဘာသာရပ်များ၌ ကျွမ်းကျင်သောသူများနှင့်တွေ့ဆုံဆွေးနွေးညှိနိုင်းရ ကြောင်း၊ သာသနာတိုင်းသည် မိမိတို့သာသနာအတွင်းရှိ ဘာသာတူစာရင်းများ၊ နှစ်စဉ်ဧ၀ံဂေလိတရားပြန့် ပွားရေး အတွက် အဘယ်သို့ထိုး ဖောက်လုပ်ဆောင်နေကြောင်းကိုတင်ပြရကြောင်း၊ ယုံကြည်ခြင်းဆိုင်ရာ ရဟန်းမင်းကြီးရုံးတော်၏ (၂၀၂၀) ခုနှစ်ထုတ်ပြန် ကြေညာချက်အရ  ဘုန်းတော်ကြီးများနှင့်ဘာသာရေးခေါင်းဆောင်များ၏ အသက်အရွယ်မပြည့် သေးသောသူများအား လိင်ပိုင်းဆိုင်ရာမဖွယ်မရာပြုမှုများကိုမူ တိ ကျအချက်ကျစွာဖော်ထုတ်တင်ပြရမည်ဖြစ်ကြောင်း၊ ဤကြေညာချက်အားဖြင့် ကာဒီနယ်သည် ဘာသာတူများ၊ သာမန်ဘာသာတူများ၊ သီလရှင် များနှင့်ဘုန်းတော်ကြီးများကို ပွင့်လင်းစွာထုတ်ဖော်ပြောဆိုကြရန်ဖိတ်ချက်ဖြစ်ကြောင်းနားလည်စေလိုကြောင်း၊ ကျွန်ုပ်တို့၏ယုံကြည်ခြင်း၌ ရွတ်ဆို သကဲ့သို့ ကျွန်ုပ်တို့သည် တစ်ခုတည်းသော၊ သန့်ရှင်းသော၊ စကြာ၀ဋာတစ်ခုလုံးနှင့်ဆိုင်သော၊ တပည့်တော်ကြီးတို့မှဆင်းသက်လာသော သာသနာ ဖြစ်သည်။

ဤ၀န်ခံချက်သည် အမိသာသနာတော်ကြီး၏ ပုံသေနည်းကို၀န်ခံရုံသက်သက်မဟုတ်။ သာသနာတော်ကြီးသည် အမှန်တကယ်ယုံကြည် အားကိုးရမည်။ ဤကြေညာချက်သည် ဥပဒေ၊ လမ်းညွှန်ချက်၊ ကျင့်၀တ်များအဖြစ်နားလည်ပြန်ဆိုရမည်။                  

            ကက်သလစ်မီဒီယာများကလည်း ကလေးများ၊ မိမိတို့ကိုယ်ကိုမကာကွယ်နိုင်သောသူတို့အား သာသနာနှင့်ပိုမိုရင်းနှီးမှုရှိစေရန်ကူညီနိုင်သည်။ သတင်းမီဒီယာ၏အဓိကတာ၀န်ကား သာသနာတော်ကြီးသည် လူသားတိုင်းအား ကာကွယ်စောင့်ရှောက်ပေးရမည်အကြောင်း၊ အထူးသ ဖြင့်မိမိတို့ကိုယ်ကို မစောင့်ရှောက်နိုင်သောသူများအားစောင့်ရှောက်ပေးရမည်ဖြစ်ကြောင်း၊ သာသနာနှင့်အဆိုပါအခြေအနေမျိုး၌ရှိနေသူများအား ရင်းနှီးအောင်ပြုလုပ်‌ပေးရမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

            KAJ ၏အထွေထွေအတွင်းရေးမှူးဖြစ်သော ဖာသာရ် Adi Prasojo ကလည်း ယခုကြေညာချက်၌ အပိုင်း (၃) ပိုင်းရှိကြောင်း၊ (၁) မိတ် ဆက်သည့်အပိုင်း၊ ကြေညာချက်၏ရည်ရွယ်ချက်များအား ဆွေးနွေးညှိုနှိုင်းခြင်း၊ ဦးတည်ချက်၊ ဘာသာရေးအခြေခံရှိခြင်း နှင့်အခြေခံသတ်မှတ် ချက်များပါရှိပါသည်။ (၂) ကြေညာချက်၏ စံ တန်ဖိုး၊ နော်ကဆက်တွဲဖြစ်လာနိုင်သည့်အကျိုးဆက်ကိုကြိုတင်ကာကွယ်ခြင်း၊ အမှုကိစ္စများကို ကိုင်တွယ်ခြင်း၊ ပြန်လည်ကုစားခြင်း၊ လိုက်နာခြင်းနှင့်ထိန်းကျောင်းခြင်းတို့ပါ၀င်ပြီး၊ (၃) နည်းပညာနှင့်ဆိုင်သော ဖြည့်စွက်ချက်များပါရှိကြောင်း ရှင်းပြခဲ့သည်။ မွေးကင်းစကလေးများကိုသတ်ဖျက်သည့်အမှုများအလွန်ရေပန်းစားကြောင်း၊ (၂၀၁၉) ခုနှစ်၌ အမျိုးသမီးကာကွယ်သည့်ကော်မရှင် အဖွဲ့၏ မှတ်တမ်းအရ (၄၃၁၄၇၁) မှုရှိခဲ့ကြောင်း၊ ထို့ကြောင့် (၄၀၆၁၇၈) ရှိခဲ့သော ယခင်နှစ်ကထက်ပိုလာကြောင်း၊ (၂၀၂၀) ခုနှစ်၌မူ အမျိုးသမီး အား အကြမ်းဖက်သည့်အမှု (၂၉၉၉၁၁) မှုအထိရှိခဲ့ကြောင်း၊ ဤမှတ်တမ်းအရ (၂၀၁၉) ခုနှစ်ကထက် (၃၁) ရာခိုင်နှုန်းကျဆင်းသွားကြောင်း၊ အနည်းငယ်ကျဆင်းသွားသည်မှလွှဲ၍ အကြမ်းဖက်လုပ်ရပ်များသည် ဆက်လက်၍ရှိနေပါသည်။      

 

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3gEdLSV

 

Add new comment

5 + 6 =