အင်ဒိုနီးရှားကက်သလစ်သတင်းသမားများ ပုပ်ဖရန်စစ်တွေ့ဆုံ၍ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက်လုပ်ဆောင်မည်

အင်ဒိုနီးရှားကက်သလစ်သတင်းသမားများ ပုပ်ဖရန်စစ်တွေ့ဆုံ၍ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက်လုပ်ဆောင်မည်

အင်ဒိုနီးရှားကက်သလစ်သတင်းသမားများသမဂ္ဂက ပုပ်ရဟန်းမင်းကြီးဖရန်စစ်နှင့်နို၀င်ဘာလ (၁၆) ရက်နေ့၌ ဗာတီကန်ရပ်၀န်း စိန့်ပီတာဘာစီးလီကာ၌တွေ့ဆုံခဲ့သည်။

ယခုကဲ့သို့တွေ့ဆုံခြင်းသည် အင်ဒိုနီးရှားဥပဒေနှင့်အာဘူဒါဘီငြိမ်းချမ်းရေးသဘောတူညီချက်အရငြိမ်းချမ်းရေးသတင်းစကားပါးရန်ဖြစ်ပြီး၊ ဤသတင်းသမားအဖွဲ့အနေဖြင့်အထက်ကပြောခဲ့သောသဘောတူညီမှုပဠိညာဉ်စာချုပ်အရ ကမ္ဘာ့ငြိမ်းချမ်းရေးကိုတိုးမြင့်လုပ်ဆောင်နိုင်ရန် ဤတွေ့ဆုံခြင်းကိုတရား၀င်ပြုလုပ်ခြင်းဖြစ်ကြောင်း၊ ထိုသဘောတူညီချက်ကား ကမ္ဘာပေါ်ရှိညီရင်းအစ်ကိုများငြိမ်းချမ်းစွာအတူတကွယှဉ်တွဲ နေထိုင်ရန်ဖြစ်ကြောင်းအဖွဲ့ကိုဦးဆောင်သူကပြောကြားခဲ့သည်။

ထိုသဘောတူညီချက်ကို ရဟန်းမင်း ကြီးဖရန်စစ်နှင့် Grand Imam Dhabi တို့က အာဘူဒါဘီ၌ (၂၀၁၉) ခုနှစ်ကလက်မှတ်ရေးထိုးခဲ့ကြသည်။

ရဟန်းမင်းကြီးနှင့်တွေ့ဆုံစဉ်၌ သတင်းသမားအဖွဲ့က အထူးလက်ဆောင် (၅) မျိုးကိုကပ်ခဲ့ သည်။ ထိုလက်ဆောင် (၅) မျိုး၌ ပန်းချီကားတစ်ချပ်နှင့် 'လူမျိုးနွယ်စုအပေါင်းတို့၏မယ်တော်' ဆင်းတုတော်ကိုကပ်ခဲ့သည်။ ထိုဆင်းတုတော်သည် ဂျာကာတာဂိုဏ်းချုပ်ဆရာတော်ထံမှဖြစ်သည်။ ထို့အတူ အင်ဒိုနီးရှားနိုင်ငံ၏ အထူးအုပ်ချုပ်ရေးဒေသ Yogyakarta ၏အုပ်ချုပ်သူ Sri Sultan Hamengkuguwono X ရုပ်သေးရုပ်များကိုလည်းကောင်းကပ်ခဲ့သည်။

ရဟန်းမင်းကြီးဖရန်စစ်လည်း လက်ခံရရှိသောလက်ဆောင်များအတွက်အလွန်နှစ်သက်သည်။ လက်ဆောင်များသည် ဖော်မပြနိုင် သောအနက်ကိုယ်စီဆောင်နေကြကြောင်း၊ လက်ဆောင်ပေးသူများနှင့်ဆက်နွယ်နေကြောင်း၊ လက် ဆောင်ကပ်သူက ဤလက်ဆောင်တစ်ခုစီ၏ရုပ်ပိုင်းနှင့်ဒဿနပိုင်းဆိုင်ရာအနက်များကိုရှင်းပြခဲ့သည်။

ရဟန်းမင်းကြီးဖရန်စစ်သည် အနုပညာလက်ရာအတွက်အလွန်လေးစားကြောင်းမိန့်ကြားခဲ့သည်။

ဤကက်သလစ်သတင်းသမဂ္ဂအဖွဲ့ကို လွန်ခဲ့သော (၂၀၀၄) ခုနှစ်က Putut Prabantoto နှင့် Pieter Gero တို့မှဖွဲ့စည်းတည်ထောင်ခဲ့သည်။ အဖွဲ့အစည်းတည်ထောင်ရသည့်ရည်ရွယ်ချက်မှာ သတင်းလမ်းကြောင်းပေါ်၌ရှိနေကြသောကက်သလစ်ဘာသာတူများအားလုံးကိုတစ်စုတစ်စည်းတည်းရှိစေခြင်းဖြင့် နိုင်ငံ၊ သာသနာ၏ကောင်းကျိုးကိုပိုမိုလုပ်ဆောင်နိုင်ရန်၊ အဘယ်ကြောင့်ဆိုသော် နိုင်ငံသည် ယဉ်ကျေးမှုများစွာထွန်းကားသကဲ့သို့ကွဲပြားသောသက်၀င်ယုံကြည်မှုလည်းရှိနေရာ တစ်စု တစ်စည်းတည်းရှိပြီး လုပ်ဆောင်နိုင်ရန်ဖြစ်သည်ဟုဆိုသည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3OwZLum

Add new comment

5 + 3 =