အင်ဒိုနီးရှားကက်သလစ်ဘုန်းတော်ကြီးများ ရွာတွင်းပစ်ခတ်မှုများတွင်ပိတ်မိနေသောများကို ကယ်တင်

အင်ဒိုနီးရှားကက်သလစ်ဘုန်းတော်ကြီးများ ရွာတွင်းပစ်ခတ်မှုများတွင်ပိတ်မိနေသောများကို ကယ်တင်

------------------------

နို၀င်ဘာလ (၁) ရက် ၂၀၂၁

အင်ဒိုနီးရှားနိုင်ငံ ပါပွာပြည်နယ် အရှေ့ဘက်တွင် ခွဲထွက်သူပုန် နှင့် စစ်သားများ ပစ်ခတ်မှုတွေ ပိတ်မိနေသူများကို ဘုန်းတော်ကြီးနှစ်ပါးမှ ကယ်တင်ပေးခဲ့သည်။

ခွဲထွက်သူပုန်များ နှင့် စစ်သားများ ရဲများအကြား ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပေါ်နေခဲ့သည်။ အောက်တိုဘာလ (၂၉)ရက်မှ စတင်၍ သူပုန်များက အိမ်များ နှင့် ဈေးဆိုင်များစွာကို မီးတင်ရှို့ ဖျက်စီးနေသည်။

ထို့ကြောင့် လူအများပြားတို့သည် အနိီးနားရှိ ဘီလိုဂိုင် (Bilogai) တိုက်နယ် မစ်ဆာအယ်(Misael) ကက်သလစ်ဘုရားကျောင်း၌ တိမ်းရှောင် ခိုနားနေကြသည်။

ကျောင်းထိုင်ဘုန်းတော်ကြီး Fr. Yance Yogi နှင့် Fr. Frans Sondegau တို့သည် သင်္ကန်းများ၀တ်ဆင်၍ ဘောလူကြီး နှင့် လူငယ်များကို ခေါ်ကာ အခင်းဖြစ်နေရာသို့ သွားရောက်ခဲ့ကြသည်။

"မီးလောင်နေတဲ့ အိမ်ထဲမှာ ပိတ်မိနေတာ ခြောက်ယောက်ဟုတ်တယ် သေနတ်တွေပစ်နေတော့ အိမ်အပြင်လည်း ထွက်မလာရဲ အထဲမှာလည်း မီးတွေလောင်နေတာ ဘုန်းကြီးက ထွက်လာပါလို့ အခါခါပြောမှ မရဲတရဲ ထွက်လာတယ် ပြီးတော့ အဲ့ဒီဘုန်းကြီးတွေက သူတို့ ဘုရားကျောင်းခေါ်သွားတယ်" ဟု အနီးနားက မျက်မြင်တစ်ယောက်က ဆိုသည်။

"ပါပွာမှာ ဒီလို‌ တွေဖြစ်နေတာ တကယ် စိတ်ဆင်းရဲစရာပါပဲ နယ်ခံ‌တွေ တအားကိုကြောက်နေပါပြီ နောက်ဆုံးတော့ ပြည်သူတွေပဲ နစ်နာတယ်" ဟု Fr.Sondegauက ပြောသည်။

ယခုချိန်၌ ပါပွာရှိ Bilogaiကက်သလစ်ဘုရားကျောင်းသည် ပြည်သူများခိုလှုံရာ နေရာဖြစ်နေပြီး ဘုန်းတော်ကြီးများ စစ္စတာများ နှင့် ဓမ္မဆရာဆရာမများသည် ပြည်သူများတွက် အသက်ရှင်သော တံတိုင်းများနေကြသည်ဟု rvasia.org (https://bit.ly/3jUWXsW)  ၀က်ဆိုဒ်နဲ့ ရေးသားထားသည်။

Credit to 1001NEWS

 

Add new comment

1 + 0 =