အင်ဒိုနီးရှားကက်သလစ်တက္ကသိုလ်က အရှေ့တီမေားမှကျောင်းသူကျောင်းသားများအား ပညာသင်ထောက်ပံ့ကြေးများပေးအပ်

အင်ဒိုနီးရှားကက်သလစ်တက္ကသိုလ်က အရှေ့တီမေားမှကျောင်းသူကျောင်းသားများအား ပညာသင်ထောက်ပံ့ကြေးများပေးအပ်

အင်ဒိုနီးရှားနိုင်ငံမှ ကက်သလစ်တက္ကသိုလ်ကျောင်းတစ်ကျောင်းဖြစ်သော Atma Jaya က အရှေ့ တီမောမှကျောင်းသူကျောင်းသား (၅၀) ဦးအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ခဲ့သည်။ တက္ကသိုလ် နှစ်ခု၏ကျောင်းအုပ်များက (MoU) သဘောတူလက်မှတ်များကို ဇူလိုင်လ (၂၁) ရက်နေ့က မြို့တော်ဂျာကာတာတွင် ရေးထိုးခဲ့ကြသည်။

အင်ဒိုနီးရှားနိုင်ငံမှ ကက်သလစ်တက္ကသိုလ်၏ကျောင်းအုပ်ဖြစ်သူ Agustinus Prasetyantoko က အပြည်ပြည်ဆိုင်ရာ ပညာရေးတွေ့ဆုံဆွေးနွေးပွဲတစ်ခု၌ကြေညာခဲ့သည်။ ယခုကဲ့သို့ပေးအပ်ရခြင်းမှာ လူငယ်များအားလုံးသည် သိပ္ပံပညာရပ်နှင့်ပတ်သက်၍ တန်းတူညီမျှအခွင့်အရေးရရှိစေရန် ကြိုးစားအား ထုတ်ခြင်းဖြစ်သည်ဟုပြောကြားခဲ့သည်။

အရှေ့တီမော၏သမ္မတ José Ramos-Horta ကလည်း ပညာ ရေးပူးပေါင်းဆောင်ရွက်ခြင်းသည် နှစ်နိုင်ငံကြားနိုင်ငံရေးနှင့်ဆိုင်သောအကြောင်းအရာများကို လက် တွေ့‌ဖော်ဆောင်ခြင်းဖြစ်သည်။ ပညာရေးသည် ကမ္ဘာနှင့်ဒေသ၏နိုင်ငံရေးပြဿများကိုဖြေရှင်းပေးရန် ပြည်သူများကိုပိုမိုကောင်းပြီး၊ ကျွမ်းကျင်သူများဖြစ်လာစေသည်။ ယခုကဲ့သို့ ပညာသင်ထောက်ပံ့ကြေး ပေးအပ်သည်ကိုထောက်၍ နှစ်နိုင်ငံ၏ဆက်ဆံရေးအဘယ်မျှ သဟဇာတရှိနေကြောင်းကိုပြသရာလည်း ရောက်သည်။ အရှေ့တီမောနိုင်ငံ၏ပညာရေးကိုလည်း ဖွံ့ဖြိုးတိုးတက်လာစေသည်။

(၂၀၂၁) ခုနှစ်က ဤကက်သလစ်တက္ကသိုလ်သည် ကျောင်းသူကျောင်းသားပေါင်း (၂၄၈) ဦးအား ပညာရေးဝန်ဆောင်စရိတ်ကင်းငြိမ်းခွင့်ကိုပေးခဲ့ရာ (၂၀) ခိုင်နှုန်းသည် အရှေ့တီမောမှကျောင်းသူ ကျောင်းသားများအားပေးအပ်ခဲ့သည်။ ဤကက်သလစ်တက္ကသိုလ်သည် လူငယ်များအား ပိုမိုကောင်းမွန် သောအနာဂတ်ကို ခရစ်ယာန်စံတရားတော်နှင့်ကျွမ်းကျင်မှုအပေါ်အခြေခံ၍ တည်ဆောက်နိုင်ရန်ပြင် ဆင်နေခြင်းဖြစ်သည်။ ဤသို့ဖြင့် ၄င်းတို့သည်လည်းအနာဂတ်၌ သူတစ်ပါးကိုစောင်ရှောက်ဂရုစိုက်တတ် သူများဖြစ်လာပေမည်။

ကက်သလစ်တက္ကသိုလ်သည် (၁၉၆၀) ခုနှစ်ကတည်ဆောက်ခဲ့သည်။ တက္က သိုလ်၌ ဘွဲ့မရသေးသောကျောင်းသားများတက်ရောက်နိုင်သော ဘာသာရပ် (၂၀)၊ ဘွဲ့လွန်များတက် ရောက်သင်ကြားနိုင်သော ဘာသာရပ် (၁၄) ခုနှင့်ကျွမ်းကျင်အဆင့်အတွက် ဘာသာရပ် (၄) ခုရှိသည်။ ဤကက်သလစ်တက္ကသိုလ်သည် ပြည်တွင်းနှင့်နိုင်ငံတကာအဆင့်အထိ ဂုဏ်ထူး ဆောင်ဆုများ ချီးမြှင့် ခြင်းကိုလက်ခံရရှိထားသည်။ လူမှုရေးပိုင်းဆိုင်ရာတာ၀န်ယူမှုနှင့်အလုပ်ကျွမ်းကျင်မှုဆုကိုလည်း (၂၀၁၉) ခုနှစ်တွင်ရရှိခဲ့ပြီး၊ အွန်လိုင်းပညာသင်ကြားမှုအထိရောက်ဆုံးအဖြစ် (၂၀၂၀) ခုနှစ်၌ ကြယ်ငါး လုံးအဆင့်ထိရရှိထားသောတက္ကသိုလ်တစ်ခုဖြစ်သည်ဟုဆိုသည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်
https://bit.ly/3K4xTv8
 

Add new comment

1 + 11 =